ပြန်ဆိုတေး သီဆိုတာနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ဝေဖန်နိုင်ကြောင်း နေမင်းအိမ်ပြော

0
332

Galaxy Star အဆိုတော် နေမင်းအိမ်ကတော့ ပြန်ဆိုတေး သီချင်းတွေသီဆိုဖြစ်နေပြီး တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ပြန်လည်သီဆိုရတဲ့ အခါမှာ တာဝန်ကြီးတဲ့အပြင် ပရိသတ် ဝေဖန်မှုတွေလည်း ရှိလာနိုင် ကြောင်း ပြောပါတယ်။ ဝေဖန်မှုတွေ အပေါ်မှာလည်း လွတ်လပ် စွာ ဝေဖန်နိုင်ကြောင်းပြောတဲ့ နေမင်းအိမ်က…

”တေးရေးဂီတစာဆို ကိုလေးလွင် အမှတ်တရ ရွှေသီချင်းများအခွေမှာ ကျွန်တော် ‘ချစ်သူဘက်က ရှေ့နေလိုက်မယ်’ သီချင်းကို သီဆိုထားပါတယ်။ ဒီသီချင်းကလည်း တစ်ခေတ်တစ်ခါက အောင်မြင်ထားတဲ့ သီချင်းဖြစ်တဲ့အတွက် ကျွန်တော်က သီချင်းလေးရဲ့ မူရင်းရသ ပုံစံအတိုင်းကိုပဲ အကောင်းဆုံး သီဆို ထားပါတယ်။ မတူညီတဲ့ပုံစံဆိုလို့ ဒီသီ ချင်းလေးကို သီဆိုခဲ့တဲ့ ဆရာ ဦးသန်း နိုင်ဆိုတဲ့ပုံစံ၊ ကျွန်တော် နေမင်းအိမ် ပုံစံ၊ အဲဒါပဲ ပြောင်းလဲသွားဖို့ ရှိနိုင်ပါ တယ်။ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ပြန်လည်သီဆိုရချိန်မှာ တအား လည်း တာဝန်ကြီးတယ်။ ခက်လည်း ခက်ခဲလှပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ အရင်ဘက်ခေတ်က အောင် မြင်ခဲ့တဲ့ သီချင်းကို ဒီဘက်ခေတ် ပုံစံနဲ့ ပြောင်းလဲဖန်တီး သီဆိုရတဲ့ အချိန်မှာ ဝေဖန်မှုတွေတော့ ရှိ မှာပါ။ အားလုံးကလည်း လွတ် လပ်စွာ ဝေဖန်ခွင့်ရှိပါတယ်” လို့ နေမင်းအိမ်က ပြောပါတယ်။

အဆိုတော်တိုင်းရဲ့ ပထမဆုံး ရည်မှန်းချက်ဖြစ်တဲ့ တစ်ကိုယ်တော် အခွေကလည်း မဖြစ်မနေ ထွက်ရှိရမှာ ဆိုတော့ ဘယ်တော့လဲ နေမင်းအိမ်လို့ မေးတဲ့အခါ…

”ကျွန်တော့်ရဲ့ အရေးကြီးဆုံး ဖြစ်တဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ ဖြန့်ချိသွားဖို့ရှိ ပါတယ်။ အခွေက ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံး အရာဖြစ်တဲ့အတွက် ဒီသီချင်း ခွေကို ကျွန်တော် အကောင်းဆုံး ကြိုးစားထား ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ချယ်ရီ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here