လူတွေစိတ်ဝင်စားတဲ့ မိန်းမလျာတို့ရဲ့ အိမ်ထောင်ရေးအကြောင်း အ လှ ဖ န် တီး ရှ င် ညီညီမောင် (စမ်းချောင်း) ပြော

0
313

မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)နဲ့ သူရဲ့ချစ်သူ Zappy တို့နှစ်ဦးရဲ့Relationship ကတော့နှစ်နှစ်ကျော် ပြီဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာလည်း ညီညီမောင်အနေနဲ့ ပြောင်းလဲမှုတွေများစွာပြုလုပ်ခဲ့ပြီး အလှအပ အတွက် ခွဲစိတ်ပြုပြင်မှုတွေလည်း ပြုလုပ်ခဲ့သူပါ။ Zappy ကငယ်ရွယ်တာကြောင့် ကိုယ့်ဘက်ကပဲ ပြင်ဆင်မှုတွေပြု လုပ်ခဲ့တာပါလို့ပြောပြတဲ့ ညီညီမောင်ရဲ့ အိမ်ထောင်ရေးက . . .

“သုနဲ့ Zappy နဲ့က အသက် ဆယ့်တစ်နှစ်ကွာပါတယ်။ သူက ၉၂ခုနှစ်ဖွား၊ သုသုက ၈၁ခုနှစ်ဖွားပါ။ ကိုယ့်ကိုမိန်းမလျာလို့မမြင်ကြဘဲ မိန်းမတစ်ယောက်လို့မြင်ကြမယ်ဆိုရင် ဘာပဲပြောပြော အသက် ၁၁ နှစ်တောင်ကွာပြီဆိုရင်တော့ စိတ်မချခြင်းတွေ၊ သဝန်တိုခြင်းတွေကတော့ပိုပြီးများမှာပါ။ မိန်းမဆိုတဲ့အမျိုးကလည်း အစကတည်းက သဝန်တိုတတ်တဲ့အမျိုးပဲလေ။ ပုံမှန်သက်တူရွယ်တူ ချင်းရည်းစားထားရင် တောင် သဝန်တိုတယ်ဆိုတာကရှိကြတာပါပဲ။ ဒါကြောင့် သုသုလည်း တအားသဝန်တိုတတ်ပါတယ်။ ကိုယ့်မိသားစုမောင် နှမတွေမှာလည်း အိမ်ထောင်ရေးဖောက်ပြန်တာမျိုးမရှိခဲ့ဘူး။ ဒါကြောင့် ကိုယ်တည်ထောင်ထားတဲ့ အိမ်ထောင်ရေးကို လည်း ဘယ်နည်းနဲ့မှကွဲကွာသွားတာမျိုးမဖြစ်ချင်ဘူး။ တအားကြောက်မိပါတယ်။ ကိုယ်တွေရဲ့ အိမ်ထောင်ရေးကလည်း သာမန်အိမ်ထောင်ရေးမျိုးမဟုတ်တဲ့အတွက် လူတွေစိတ်ဝင်စားတဲ့ မိန်းမလျာတစ်ယောက်ရဲ့ အိမ်ထောင်ရေးဖြစ်တဲ့အတွက် နည်းနည်းတော့Sensitive ဖြစ်ပါတယ်။ Zappy ငယ်တယ်၊ ကြည့်ကောင်းတယ်ဖြစ်တဲ့အတွက် သုသုက ကိုယ့်ကိုကိုယ် ပြင်ဆင်ရတာပါ။ အခုတော့ ပရိသတ်တွေမြင်နေတဲ့ ပုံစံလေးဖြစ်သွားတာပါ” လို့ ပွင့်ပွင့် လင်းလင်းပြောပြပါတယ်။

အခုလတ်တလောမှာတော့ ညီညီမောင်က သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ ဟာသဗီဒီ ယိုတွေတင်ပေးနေပြီး ဖေစ့်ဘုတ်ခ်ပရိသတ်တွေကြားမှာလည်း အတော်လေး အောင်မြင်မှုရရှိနေပါတယ်။ တချို့ဆိုရင် ပြန်လည် Troll ပြီး တင်ကြတဲ့ အခြေအနေတွေတောင် ရှိတာကြောင့် ဒီလို Troll ကြတဲ့ အပေါ်အမြင်နဲ့ နောက်ထပ်ဘယ်လို ဖန်တီးမှုတွေပြုလုပ်သွားဦးမလဲဆိုတာမေးမြန်း တော့

“သုသုလည်း အခုဗီဒီယိုဖိုင်အသစ်လေးတွေလုပ်ထားတယ်။ သူငယ်ချင်းတွေကလည်း သုသုကို ဗီဒီယိုဖိုင်တွေတစ်ပတ်မှာတစ်ခါ လောက်ပဲတင်စေချင်ကြတယ်။ အိုင်သွားမှာလည်းစိုးရိမ်တာ ကြောင့်ပါ။ ဒါပေမဲ့ အားလုံးပျော်ရွှင်အောင်လို့ သုသုကနေ့တိုင်း တင်ချင်တာပါ။ လူတိုင်းက တစ်နေ့တစ်နေ့စိတ် ရှုပ်စရာတွေ၊ အလုပ်တွေနဲ့ပဲနေ့စဉ် ဖြတ်သန်းနေကြရတယ်။ ဒီအချိန်မှာ သုသုရဲ့ဗီဒီယိုလေးတွေကို လူတွေကြည့်ရှုရင်း စိတ်ချမ်းသာသွား တယ်။ ဒီလိုလေးဆိုရင် သုသုဖန်တီးရကျိုးနပ်ပါတယ်။ ဆက်ပြီး တော့လည်း အားပေးကြပါ။ သုသုအနေနဲ့လည်း မိတ်ကပ်လိမ်းတဲ့ အလုပ်ကိုလုပ်ရင်းနဲ့လည်း ပျော်စရာလေးတွေထပ်တင်ပေးဦးမှာပါ။ သုတင်တဲ့ဟာသလေးတွေအပေါ်မှာထပ်ပြီး Troll လုပ်ကြတာကို လည်း သုကစိတ်မဆိုးပါဘူး။ ကိုယ့်ကိုချစ်လို့ Trollလုပ်ကြတယ်လို့ပဲ ခံယူပါတယ်။ သူတို့လုပ်ထားတာလေးတွေကိုတောင် သုရဲ့အကောင့် မှာပြန်ပြီး Share  ထားတာတွေရှိပါတယ်။ သုအတိုင်း လိုက်လုပ်တာ တွေက တချို့ဆိုရင် သုထက် ကောင်းတာတွေတောင်ရှိပါသေးတယ်”လို့ ညီညီမောင်(စမ်းချောင်း) ကပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ -အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here