မိ သား စု အ ခ က် အ ခဲေ ကြာ င့် ကိုယ့်အိမ်သူများလက်ထဲ ပေးလိုက်ရတာမျိုးရှိတယ် G.Fatt

0
293

၂ဝ၁၈ ခုနှစ်နှစ်ဦးပိုင်းမှာ ထွက်လာမယ့်အဆိုတော်တွေရဲ့ အခွေ သစ်စာရင်းထဲမှာ G.Fatt ရဲ့ အခွေလည်းပါဝင်နေပါတယ်။ အခွေမ ထွက်ရှိခင်ကတည်းက G.Fatt ရဲ့ အခွေက Hot ဖြစ်တဲ့စာရင်းထဲ မှာပါဝင်နေပြီး အခွေနာမည်က 120/B ပါတဲ့။ သူ့အခွေနာမည် ပေးဖြစ်ပုံက. . .

“ကျွန်တော်က ငယ်ငယ်ကတည်းက ကိုယ့် Biography နဲ့ ကိုယ်ရှိတယ်ပေါ့။ မိသားစုအခက်အခဲကြောင့် ကိုယ့်အိမ် သူများလက်ထဲပေးလိုက်ရတဲ့ဟာမျိုးရှိတယ်။ ပြီးတော့ အဲဒီအိမ်လေးကိုလည်း ကျွန်တော်အမြဲတမ်း ပြန်လို ချင်တဲ့စိတ်လေးရှိတယ်။ ကျွန်တော်ပထမ အခွေထဲက အခွေနာမည်ကို 120/Bဆိုပြီးပေး ဖို့စဉ်းစားထားတာ။ အဲဒီအိမ်လေး အမှတ်တရ အနေနဲ့ပေးဖြစ်တာပါ” လို G.Fatt ကပြောပါ တယ်။ လူတိုင်းမှာတော့ အတိတ်ကခံစား ချက်တွေ၊ နာကြည်းချက်တွေကိုယ်စီရှိကြမှာ ပါလေ။ ဘာပဲပြောပြော ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ် အောင်ကြိုးစားပြီး မိဘကို တစ်လှည့်ပြန်လည် ကျွေးမွေးစောင့်ရှောက်နိုင်တာကိုတော့ G.Fatt ကို ချီးကျူးရမှာပါ။ သူ့ရဲ့ ၂ဝ၁၈ ခုနှစ်ဂီတ Plan ကတော့.

“ကျွန်တော်တို့ င်္Frenzo အခွေ ထွက်ဖြစ်ဖို့လည်း ကြိုးစားနေပါတယ်။ ပြီးတော့ G.Family ကလည်း Solo Album ထွက်ရှိမယ်ဆိုပြီးတော့ မထွက်နိုင်ဖြစ်နေတာကြာပြီ။ ကျွန်တော်တို့က လူများတယ်လေ။ အဲဒါလေးတွေကို ၂ဝ၁၈ခုနှစ် ထဲမှာ ထွက်ရှိစေချင်တယ်။ ပြီးတော့ အခုပြောတဲ့ ကျွန်တော့်ရဲ့ ဒုတိယအခွေထွက်ရှိမယ်။ ပြီးရင်ကျွန်တော့် Music Video ထွက်ရှိမယ်။ ပြီးသွားရင် ပရိသတ်တွေကို ကျွန်တော် နောက် ထပ် Suprise တစ်ခုထပ်လုပ်ထားသေးတယ်။ အဲဒါလည်း မကြာခင်သိရမှာပါ”လို့ G-Fattက ပြောပြခဲ့သည်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here