သူငယ်ချင်း မြင့်မြတ် နဲ့အတူ စီး ပွားေ ရး လု ပ် ကို င် ဖို့ ရှိ တဲ့ ယုန်လေး

0
160

တစ်ယောက်နဲ့ တစ်ယောက်က အလွန်ချစ်ကြတဲ့အတွက် သူငယ်ချင်းဖြစ်သူ မြင့်မြတ်နဲ့ စီးပွားရေးအတူတူလုပ်ကိုင်ဖို့စီစဉ်နေကြောင်း အဆိုတော်၊ သရုပ်ဆောင်ယုန်လေးက ပြောပါတယ်။

“ကျွန်တော်နဲ့ မြင့်မြတ်တို့ဘီယာဆိုင်(သို့မဟုတ်) Bar ပေါ့နော်။ ဖွင့်ဖို့ရှိပါတယ်။ Original Gangsta-2 ပြီးပြီးချင်းဖွင့်မလို့။ ဒါပေမဲ့ သူလည်းအိမ်ဆောက်၊ ကျွန်တော်လည်းအိမ်ဆောက်။ ထားပါတော့၊ ကျွန်တော်တို့ နှစ်ယောက်က တအားချစ်ကြ တယ်။ ကျွန်တော်တို့စီးပွားရေးတော့ အတူလုပ်ကိုင်ဖို့ရှိပါ တယ်”လို့ ယုန်လေးကပြောပါတယ်။ ယုန်လေးရိုက်တဲ့ရုပ်ရှင် ဇာတ်ကားတွေက ပရိသတ်အားပေးတယ်။ အောင်မြင် တယ်ဆိုတော့ ၂ဝ၁၈ ခုနှစ်ထဲမှာလည်း ထပ်ရိုက်ကူးဖို့ တွေရှိဦးမှာပါ။ ဂီတဘက်ကိုကော ပြန်လှည့်ဖို့ရှိဦး မလားလို့ ယုန်လေးကိုမေးတဲ့အခါ “သီချင်းအသစ် လေးတွေက လုပ်ချင်တယ်ဗျ။

ဒါပေမဲ့ အွန်လိုင်းမှာပဲ လုပ်ဖြစ်မယ်ထင်တယ်။ ကျွန်တော်က သီချင်းဘက်က လာခဲ့တော့လေ။ ကျွန်တော်ငယ်ငယ်တုန်းက ပေါ့ပျက် ပျက်နိုင်ခဲ့တယ်။ သီချင်း ကိုကောင်းကောင်းမသီဆိုခဲ့တာ တို့၊Mixing တွေဘာတွေ နားမလည်တော့ Music တွေကျယ်ခဲ့တာတို့ အစုံပေါ့ဗျာ။ ကျွန်တော့်အသံဆို နဂိုကတည်းကမှ စကားပြောရင်လုံးတာ။ အဲဒီတောMusic သံနဲ့ဆိုတော့ ဘာမှနားထောင်လို့မရဘူးဖြစ် သွားတယ်။ ယုန်လေး သီချင်းဆိုရင်ဘာတွေဆိုမှန်း မသိဘူးဆိုတာရှိတယ်။ အဲဒီဟာတွေအတွက်ကို နား လည်ပြီး၊ ပြင်ဆင်ပြီး၊ လေ့လာပြီးတဲ့အချိန်မှာ ကျွန်တော် တစ်ပုဒ်မှ မထွက်ရသေးဘူး။ အဲဒါလေးတော့ ကျွန် တော်ပြန်ပြီးတော့ထွက်ချင်တယ်။ ကျွန်တော့်ကိုကြိုက် တဲ့ ပရိသတ်တွေလည်း မျက်နှာမငယ်အောင်ပေါ့။ အစက တော့ မျက်နှာငယ်ရတာပေါ့။ မင်းတို့ကောင်ကြီးက ဘာတွေဆို မှန်းလည်းမသိဘူး(ရယ်လျက်)”လို့ယုန်လေးကပြောပြခဲ့ပါတယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here