ပလူတွေ

0
273

ညကမှောင်ပြီ။ တဖြည်းဖြည်းညဥ့် ကနက်သည်ထက်နက်လာ သည်။ အရက်ဆိုင်ဘေး အမှောင်ထု ထဲကို ခွေးတစ်ကောင်က ထိုးထိုး ဟောင်နေသည်။ စားပွဲဝိုင်းတွေမှာ လူသူရှင်းပေါ့။ စားပွဲဝိုင်းတွေပေါ်မှာ ဆေးလိပ်တိုတွေ၊ ဖိတ်စင်ကျနေတဲ့ ရေတွေ၊ ဗလာဖြစ်နေတဲ့ ဒန်ပန်းကန် လေးတွေ၊ လောင်ကျွမ်းပြီးစီးသွားတဲ့ မီးခြစ်ဆံတွေ၊ ဖန်ခွက်အလွတ်တွေ၊ အရက်ဆိုင်ထဲက ၆ဝ ဝပ် မီးရောင် အောက်မှာ ‘ယနေ့အကြွေးမရောင်း ပါ’ဟူသော စာတန်းက မညီမညာ လက်ရေးနဲ့ ဂျပ်စက္ကူပေါ်မှာ။ ညဥ့်က တိတ်ဆိတ်နေသည်။ အမှောင်ထုထဲ ကို ထိုးဟောင်နေသော ခွေးတစ် ကောင်၏အသံမှာ ရပ်သွားသည်။ အရိုးတစ်ချောင်းကို တဂျိုးဂျိုးတဂျွတ် ဂျွတ် ကိုက်ဝါးနေသံ ထွက်ပေါ်လာ သည်။

ညဥ့်ယံထဲမှာ နှင်းတွေတဖြည်း ဖြည်း ကျလာနေသည်။ တိတ်ဆိတ် နေသော ညဥ့်ယံမှာ အေးလာသည်။ ဟိုးဝေးဝေး ကင်းတဲဆီမှာ နာရီမှတ် အချက်ပေး သံချောင်းခေါက်သံထွက် ပေါ်လာသည်။ ညထဲမှာပြာမှိုင်းသော နှင်းမှုန်တွေ တဖြည်းဖြည်းချင်း ရွေ့ နေသည်။ ကောင်မလေးသည် ”ကျွန်မ အိပ်တော့မယ်”ဟုဆိုကာ ခပ်မှောင် မှောင်အခန်းထဲ ဝင်သွားသည်။ အရက် ဆိုင်ထဲမှာ အိမ်မပြန်နိုင်သူတစ်ဦးရှိ သည်။ သူသည် စားပွဲမှာ ခေါင်းငိုက် စိုက်ချလိုက်၊ ငိုက်စိုက်ကျနေသော ဦးခေါင်းကို ပြန်မတ်လိုက်နှင့် ကောင် မလေး၏ အမေသည် မပြန်နိုင်တော့ သော အရက်သမားကိုကြည့်ကာ ”မင်းမပြန်တော့ဘူးလား”ဟု မေး သည်။ သူက ”မပြန်နိုင်တော့ဘူး”ဟု ပြန်ဖြေသည်။ သူ့လက်ကို ဟန်ပါပါ ဝှေ့ယမ်းပြလိုက်သေးသည်။ သို့ရာတွင် သူဝှေ့ယမ်း ပြလိုက်သောလက်မှာ စည်းဝါးမကျစွာ လမ်းတွင်ရပ်သွားသည်။

အရက်သည် မုဆိုးမသည် မပြန်နိုင်တော့သော အရက်သမားကို ကြည့်ကာ ”ဒါဆိုဒီကိုလာခဲ့”ဟု ခေါ် လိုက်သည်။ ပြတင်းတံခါးက ပိတ် သွားခဲ့ပေပြီ။ ညဥ့်ကနက်ချင်တိုင်း နက်နေပြီ။ လမ်းမသိတော့သော သူ့အဖို့ ညဥ့်နက်နက်ထဲ အိမ်ကိုပြန် ဖို့ရာ မဖြစ်နိုင်တော့ပေ။ အမိုးခုံး ကမ္ဘာမြေ၏ အောက်ဘက်တဲ အိမ်ကလေးမှာ တိတ်ဆိတ်နေသည်။ တဲအိမ်ကလေးထဲက ၆ဝ ဝပ် မီးလုံး ကို ညဥ့်ပိုးကောင်များ တိုးဝင်လှည့် ပတ် ပျံသန်းနေကြသည်။ မီးရောင် အောက်က ပလူတွေမှာ အတောင်ပံ များမရှိတော့။ အပြင်ဘက်မှာ အမှောင်ထုကြီးသာ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here