ဒီနှစ် အကယ်ဒမီ အိန္ဒြာကျော်ဇင် လို့ ကြားတယ်ဆိုတဲ့ ထွန်းအိန္ဒြာဗို

0
199

အဆိုတော်၊ သရုပ်ဆောင်အကယ်ဒမီထွန်းအိန္ဒြာဗိုဟာ လက်ရှိမှာတော့ ကြော်ငြာများရိုက်ကူးဖြစ်နေသလို မတ်လထဲ ကျရင်ကျင်းပမယ့် နှစ် ၈ဝဝ ပြည့်ပွဲအတွက်လည်း သီချင်းတွေတိုက်နေတယ်လို့ ပြောပါတယ်။ မိုးကုတ်ဇာတိဖြစ်တဲ့ ထွန်းအိန္ဒြာဗိုဟာ မိုးကုတ်နှစ် ၈ဝဝ ပြည့်ပွဲမှာ ကိုယ်တိုင်ပါဝင်သီဆိုရမယ့် ခံစားချက်ကို မေးကြည့်တဲ့အခါမှာတော့ ထွန်းအိန္ဒြာဗိုက . . .

‘ကျွန်မမိုးကုတ်မှာမွေးပြီးတော့ ၁ဝ တန်းအောင်တဲ့အထိ ၁၆နှစ်ပေါ့။ အဲဒီအထိ မိုးကုတ်မှာနေထိုင်ခဲ့ရတယ်။ အဲဒီက နေစပြီးတော့ ရန်ကုန်ကိုတက္ကသိုလ်တက်ဖို့ထွက်လာပြီ။ ကျောင်းတက်ရင်းနဲ့ မိုးကုတ်ကိုမပြန်ဖြစ်တာ့ဘူး။ ကျောင်းပြီး တော့ အလုပ်တန်းဝင်ရတော့ အနေဝေးသွားတယ်။ ကျွန်မအခု အသက် ၅၂ နှစ်မှာဆိုရင် မိုးကုတ်မှာနေတဲ့ နှစ်က နည်းသွားတယ်။ ရန်ကုန်မှာနေတာ ပိုများသွားတယ်။ ကွာခြားမှုတွေကတော့ ကလေး ဘဝနဲ့ လူကြီးဘဝကွာခြားတာတွေရှိတယ်။ အစားအသောက် ကွာခြားတာတွေရှိ တယ်။ ရာသီဥတု၊ အပူအအေး ကွာခြားတာတွေရှိတယ်။ ဒါကြောင့် ကိုယ့် ဇာတိမြေမှာ ဒီလိုပွဲမျိုးလုပ်တော့ ပျော်စရာလည်းကောင်းတယ်။ ဂုဏ်ယူဖို့ လည်းကောင်းတယ်”လို့ ပြောပါတယ်။

မိုးကုတ်မှာနေထိုင်ခဲ့တဲ့ နှစ်တွေ မှာလည်း တအားသက်သောင့်သက်သာနဲ့ အေးချမ်းပြီး မိုးကုတ်မြို့ရဲ့ အလှအပကိုလည်း ထွန်းအိန္ဒြာဗိုက …

“ကျွန်မတို့မိုးကုတ်မြို့ရဲ့ တည်ရှိနေပုံက တောင်တန်းတွေအများကြီးကြား ထဲမှာ အလည်မှာနိမ့်ဆင်းသွားပြီးတော့ မြို့လေးဖြစ်တည်နေတာပါ။ အဲဒီ တော့ ဒယ်အိုးထဲမှာတည်နေတဲ့ မြို့လေးလိုတအားလှပပါတယ်။ ရာသီ ဥတုကလည်း တအားအေးချမ်းပါတယ်။ ပြီးတော့ ကျွန်မတို့မြို့ကနေ အနုပညာရှင်တွေ အများကြီး ထွက်တဲ့အတွက် ဂုဏ်ယူပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ထွန်းအိန္ဒြာဗိုဟာ ၂ဝ၁၈ ခုနှစ်၊ မတ်လထဲမှာ ကျင်းပ မယ့် အကယ်ဒမီဆုပေးပွဲအတွက် အကယ်ဒမီအကြံပြုစကားနဲ့ အကယ် ဒမီရင်ခုန်သံကိုလည်း ထွန်းအိန္ဒြာဗို က …

“အကယ်ဒမီကတော့ ဒီနှစ်ဖေ့စ်ဘုတ်ခ်တွေမှာ ကျွန်မနာမည်တွေ လျှောက်ထည့်ထားတာတွေ့တယ်။ ဘာ တွေဖြစ်နေမှန်းလည်းမသိဘူး။ ‘ရင်ဘတ်ထဲကဓား’ကို လည်းတော်တော်များများမှန်းကြတယ်။ ပြီးတော့ အကယ်ဒ မီဆုကို ကိုဇင်ဝိုင်းက ၁၁ ဆုလုံးပေးမယ်လို့ ကြားတယ်။ အဓိကက ဆုပေးတာများလေကောင်းလေပေါ့။ အဲဒါမှ လည်း အနုပညာလောကသားတွေက ကြိုးစားချင်စိတ် ရှိလာပေါ့။ အကယ်ဒမီရင်ခုန်သံကတော့ ကျွန်မ ဇာတ်ကားတွေမှာ ကျွန်မဇာတ်ဝင် ခန်းတွေက နည်းပါတယ်။ ရင်ဘတ်ထဲကဓားမှာ အူဝဲဇာတ်ဝင်ခန်းက များတယ်။ အူဝဲလို့ တော့ ခန့်မှန်းကြတယ်။ အကယ်ဒမီကတော့ရရင် ဝမ်းသာတာပေါ့။ မရရင်လည်း လက်ခုပ်တီးပေးမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here