အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့အခါ ဘာတွေပြောင်းလဲသွားပြီလဲ ပွင့်နဒီမောင်

0
181

သရုပ်ဆောင် ပွင့်နဒီမောင်တစ်ယောက် အနုပညာနယ်ပယ်ကနေ ကာလ အချိန်ကြာစွာ ပျောက်ချက်သားကောင်းနေပါလားဆိုပြီး တချို့ပရိသတ်တွေ သတိထားမိကြလိမ့်မယ်ထင်ပါတယ်။ မှန်ပါတယ်။ သူမအနေနဲ့ အနုပညာ အလုပ်တွေမလုပ်ဖြစ်တာ ကြာခဲ့ပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Celebrity Wedding Dress & Photo Studio ကိုတောင်ဖွင့်လှစ်ထားတာ ၃ နှစ် လောက်ရှိသွားပြီလို့ သူမနဲ့ အင်တာဗျူးဖြစ်တော့မှ သိရှိရပါတယ်။

“တော်တော် လေး စိတ်ပင်ပန်းရပါတယ်။ စီးပွားရေးလုပ်တော့မှပဲ လူတွေအကြောင်း ပိုပြီး သိလာရတယ်။ ကောင်းတဲ့လူတွေနဲ့လည်း အများကြီးတွေ့ရသလို ဆိုးတဲ့သူတွေနဲ့လည်း အများကြီးကြုံခဲ့ရပါတယ်။ အခု ပိုးအိ ဒီ စီးပွားရေးလုပ်တော့မှသာ ဘဝကို စတာလို့ ပြောလို့ရတာပေါ့။ ပိုးအိက အခုWedding ဆိုင်ဖွင့်ထားတာ။ Celebrity Wedding Dress & Photo Studio ဆိုပြီးတော့ဖွင့်ထားတာပေါ့နော်။Wedding နဲ့ ပတ်သက်တာ အကုန်လုံးရတယ်။ ပန်းတစ်ခုကလွဲလို့ ပေါ့။ အဓိက က Pre Wedding ပိုပြီးတော့ အားသာတယ်ပေါ့ နော်။ ပိုးအိက မင်းသမီးဖြစ်တဲ့အတွက် လာဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေကလည်း ယုံကြည်စွာနဲ့ အားပေးကြတယ်။ ပိုးအိဆိုင် ဟာ ဘာပဲပြောပြောသေးတယ်လေ။ ဒါပေမဲ့ Exhibition တွေမှာ ဆိုင်ဖွင့်ပြီဆိုရင် လာပြီးတော့ အားပေးတဲ့ပရိသတ်တွေ အများကြီး ရှိတယ်။ ပိုးအိကိုချစ်တဲ့ပရိသတ်ကြီး ယုံယုံကြည်ကြည်နဲ့အားပေး တဲ့အတွက် တကယ်ကျေးဇူးတင်တယ်။ အနုပညာသမားတိုင်းက စီးပွားရေးလုပ်ရင်တော့ သူများတွေထက်တော့ ခြေတစ်လှမ်းတော့ သာတယ်လို့ မြင်ပါတယ်” လို့ ပွင့်နဒီမောင်က ပြောပါတယ်။ ဒါဆို သရုပ်ဆောင်ဘက်ပြန်မလှည့်ဖြစ်တော့ဘူးလားလို့ ဆက်လက်မေးတော့….

“အခုက ပိုးအိဇာတ်ကားတွေပြန်လည်ရိုက်ကူး နေပြီပေါ့နော်။ ကိုနေထူးနိုင်နဲ့ စာချုပ်တွေချုပ်ထားတယ်။ ပိုးအိတို့က ဇာတ်ကားပြန်ရိုက်မယ်ဆိုတဲ့အချိန်မှာ ရင်တော့ခုန်တယ်။ ဘာဖြစ်လို့လဲဆို တော့ အငယ်တွေက တအားများသလို အဲဒီအငယ်တွေကလည်း တအား တော်ကြတယ်။ ကိုယ်ပြန်ဝင်တဲ့အခါမှာ ဖြစ်ပါ့မလားဆိုတဲ့ အတွေးတစ်ခု တော့ရှိတယ်။ ဒါပေမဲ့ ပိုးအိတို့ကကျတော့ အနုပညာကို ဝါသနာပါတာဖြစ်တဲ့ အတွက် ဘယ်လိုဇာတ်ကွက်မျိုးကိုပဲဖြစ်ဖြစ် လုပ်နေရရင်ကို ကျေနပ်တာပေါ့။ နေရာ အဓိက မဟုတ်တော့ဘူး။ ကိုယ့်ရဲ့အနုပညာက အဓိက ဖြစ်သွားတဲ့ အတွက် ဘယ်လိုဇာတ်ကွက်မျိုးမှာပဲဖြစ်ဖြစ် ပိုးအိတို့ကလုပ်ဖို့ ဝန်မလေးတော့ ဘူး” လို့ ပွင့်နဒီမောင်ကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here