သတင်းအမှန်နဲ့ အမှား တွေကြားက စာဖတ်သူများရဲ့အသံ

0
188

ဒီတစ်ပတ်မှာတော့ အလွယ်တကူဖတ်လို့ရတဲ့ ဖေ့စ်ဘုတ်ခ်ပေါ် ကသတင်းတွေကို စာဖတ်သူတွေ အမှားအမှန်ဘယ်လိုခွဲခြားကြလဲ ဆိုတာရယ်၊ သတင်းအမှားတွေကို ဘယ်လိုသိနိုင်သလဲဆိုတာတွေရယ်ကို ပေါ်ပြူလာစာဖတ် ပရိသတ်တွေအတွက် စုစည်းမေးမြန်းထားပါတယ်။ ဒါကြောင့် ခုတစ်ပတ်အတွက်တော့ ‘သတင်းအမှန်နဲ့ အမှားတွေကြားက စာဖတ်သူများရဲ့အသံ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြလိုက်ရပါတယ်။

ကိုကျော်သူရထွန်း (ဘဏ်ဝန်ထမ်း)

သတင်းတွေကို လျင်မြန်စွာ သိရတဲ့ခေတ်မှာလျင်မြန်စွာနဲ့ မယုံကြည်ဖို့လိုအပ်တယ်လို့တော့ ထင်ပါတယ်။ မြန်မြန်သိနိုင်တိုင်း အမှန်တော့မဟုတ်ပါဘူး။ သတင်း တွေက တန်ဖိုးရှိလာတဲ့ခေတ်မှာ သတင်းအတုတွေကလည်း အများ ကြီးဖြစ်လာပါတယ်။ သတင်းတစ်ခု မှန် မမှန်ကို သေချာစိစစ်ပြီး ယုံကြဖို့ လိုပါတယ်။ လွယ်လွယ်နဲ့ယုံပြီး သွေး ဆူတာတို့စိတ်တိုတာတို့ မဖြစ်သင့် ပါဘူးလို့ထင်ပါတယ်ဗျ။

မဝေမာန်(MRTV)

ဖေ့စ်ဘုတ်စ်ကကျတော့ လူတန်း စားမျိုးစုံသုံးနေတာဖြစ်တဲ့အတွက် သတင်းမှားတွေ ဖွသတင်းတွေက တော့ရှိနေမှာပဲ၊ ကိုယ့်ဘာသာပဲ ချင့်ချိန်ရမှာပေါ့။ သတင်းမှန် ဟုတ် မဟုတ် ခွဲခြားနည်းကတော့ သတင်း တစ်ခုအကြောင်းရာတစ်ခုတွေ့ပြီ ဆိုရင် ဘယ်ကနေစတင်တာလဲပေါ့ အဲ့ဒါကို ကြည့်သင့်တယ်။ Official page တို့ နာမည်ရပြီးသား လူသုံးတဲ့ Account ကဆိုရင်တော့သတင်းမှန် ပါတယ်။ အဲလိုမဟုတ်တဲ့ Page အတုတွေအကောင့်တုတွေကတင်ရင် တော့ ဒါက အမှန်မဟုတ်ဖို့များပါ တယ်။

မငုဝါ (ဦးစီးအရာရှိ-မြန်မာ့အသံ)

ဖေ့စ်ဘုတ်​ခ်မှာ သတင်းတစ်​ခု တက်​လာပြီဆိုတာနဲ့ ​အောက်​က​နေ​ကောမက်​မှာ သ​ဘောထားကွဲလွဲတာ​တွေရေးကြ​ပြောကြ၊ အဆိုးဆုံးကဆဲ ကြ ​ဒေါသ​မောဟတွေနဲ့ စိတ်​ဆင်းရဲ စရာလို့ထင်​တယ်​။ သတင်းမှန်​လားမှားလားဆိုတာကို အသိဥာဏ်​ရှိရင်​ဖြစ်နိုင်လားမဖြစ်နိုင်လား စဉ်း စားချင့်ချိန်ရင်​​​​​​သိကြမှာပါ။ အကျိုးရှိ​အောင်​သုံးတတ်​ရင်​ အကျိုးရှိပါတယ်။ အကျိုးမရှိသူများတင်​တဲ့ပုံ​တွေ သူများ​ ရေးတဲ့အ​ကြောင်းအရာ​​တွေကိုဖတ်နေ မယ့်​အစား ပညာရရှိနိုင်​တဲ့ ဗဟုသုတရ နိုင်​တဲ့အ​ကြောင်း​တွေကို ရှာဖွေဖတ်​ရင်​​ ဖေ့စ်ဘုတ်​က အကျိုးရှိပါတယ်​။

ကိုတေဇာရှိန်း(Blogger)

ဖေ့စ်ဘုတ်ခ်မှာသတင်းတစ်ခုတင် မယ်ဆိုရင်အဲ့ ဒီသတင်းက မှန်ခဲ့မယ် ဆိုရင်တောင်သူ့ဘက်ကိုယ့်ဘက် ကြည့်ပြီးတော့မှ တင်စေချင်ပါတယ်။ပျံ့နှံ့လွယ်တဲ့ခေတ်ကြီးထဲမှာ သတင်း တွေကို လက်လွှတ်စပယ်မတင်သင့် မဖြန့်သင့်ဘူးလို့ထင်ပါတယ်။ လူတွေ အတွက် အကျိုးရှိစေမယ့်သတင်းမျိုးဆိုရင်တော့အကောင်းဆုံးပါ။ တစ်ခါ တလေဘယ်သူ့ကိုမှအကျိုးမပေးဘဲ နစ်နာစေလိုတဲ့ဆန္ဒနဲ့ လုပ်တဲ့အ ကြောင်းအရာနဲ့ သတင်းတွေကိုတော့ မတင်သင့်ပါဘူး။ မလုပ်စေချင်ပါဘူး။ သတင်းအမှားတင်တဲ့သူတွေကိုလည်း အရေးယူစေချင်ပါတယ်။ သတင်း တစ်ခုအမှန်လား အမှားလားဆိုတာ တော့ သက်ဆိုင်သူတွေရဲ့Official Page ဖြစ်ဖြစ် Account ဖြစ်ဖြစ် ဝင်ကြည့်ပြီးတော့မှခွဲခြားဖို့လိုပါတယ်။

မမိုးကဗျာစိုးပိုင်(IT-Student)

သတင်းတစ်ခုကို သေချာပြီဆိုမှ တင်သင့်ပါတယ်။ အရင်တုန်းကတော့ အမှန်အမှားခွဲမနေဘဲ ဒီအတိုင်းပဲ ဖတ်လိုက်တာပါပဲ။ အခုနောက်ပိုင်း တော့ သေချာလေးသတိထားပြီးဖတ် ဖြစ်လာတယ်။ ကိုယ်ဖတ်တဲ့သတင်းဇာစ်မြစ်ကိုရှာတတ်လာတယ်။ ဒါဟာ အမှန်ဟုတ်မဟုတ်တကယ့်သတင်း ဌာနကြီးတွေနဲ့ တိုက်ကြည့်လာ တတ် တယ်။ ကိုယ်ကသတင်းတစ်ခုထူးခြား တာတွေ့ပြီဆိုရင်တကယ့်ယုံကြည်ရတဲ့ Page တွေကို အရင်ဆုံးဝင်ကြည့်ပြီး တော့မှ သတင်းအမှန်ဟုတ်မဟုတ် ဆိုတာခွဲခြားဖြစ်ပါတယ်။ မဟုတ်ရင် တော့သတင်းတွေက အလိမ်ခံနေ ရမှာပါပဲ။

ကိုခိုင်မင်းထူး (ဘဏ်ဝန်ထမ်း)

အခုမျက်​​မှောက်​​ခေတ်​က သတင်း မီဒီယာ​တွေ​ပေါများပြီး သတင်းတစ်​ခုက အလွယ်​တကူအင်​တာနက်​​ပေါ်​ရောက်​နိုင်​တဲ့​ခေတ်​ဖြစ်​​နေတဲ့အတွက်​တက်​လာတဲ့သတင်းတစ်​ခုမှန်​တယ်​မမှန်​ဘူးဆိုတာက အဓိကကျတာက Comment​​ တွေကို အဓိကထား ကြည့်​ပါတယ်​။ ဒါ​ပေမဲ့ Comment​ အ​တိုင်းကို ယုံကြည်​တာ​တော့မဟုတ်​ဘူး တချို့ Comment​​ တွေက သူတို့ရဲ့စာသား​တွေက လူတချို့ တင်​တဲ့စာသား​တွေနဲ့ ကိုက်​ညီမှုရှိ​နေတယ်​ဆိုမှ ယုံကြည်​ဆုံးဖြတ်​​လေ့ ရှိပါတယ်​။ သတင်းဌာနတွေကိုလည်း တကယ်မှန်မမှန်စိစစ်ပြီးမှဖတ်ဖြစ်ပါတယ်။တစ်ခါတစ်လေသတင်းဌာန တွေကိုတောင်အတုလုပ်တင်တာမျိုး ရှိနေတော့ သာမန်စာဖတ်သူတွေ အတွက် အတော်လေးခွဲခြားရခက်ပါ တယ်။ ဒါမျိုး အတုလုပ်တဲ့ဌာနတွေ သတင်းအတုတွေ ဖန်တီးသူတွေကိုလဲအရေးယူစေချင်ပါတယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here