သမီးပြုံးမြသွယ် ဖြစ်ချင်တာကို ဘေးကနေအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေတဲ့ ဖခင်ဖြစ်သူ ကိုနိုင်ထွန်း (ပြုံးထုတ်လုပ်ရေး)

0
163

အနုပညာတစ်ဖက်၊ ပညာရေး တစ်ဖက်နဲ့ နယ်ပယ် ၂ခုမှာ ပုံမှန် လျှောက်လှမ်းနေသူကတော့ အသက် ၁၃နှစ်အရွယ် Rap အဆိုတော်မလေး ပြုံးမြသွယ်ဖြစ်ပြီးသူမကို နောက်က နေ ပံ့ပိုးပေးနေသူကတော့ သူမရဲ့ ဖခင် ကိုနိုင်ထွန်းပဲ ဖြစ်ပါတယ်။

”ပြုံးမြသွယ်လေးက အခု Primary 1 ပေါ့။ မြန်မာလိုဆိုရင်တော့ ၇တန်းရောက်နေပါပြီ။Total Brain Works မှာပါ”လို့ပြောတဲ့ ကိုနိုင်ထွန်း ကို ပြုံးမြသွယ်နဲ့ပတ်သက်ပြီး ဘယ် လိုတွေ စီစဉ်ထားလဲလို့ဆိုတော့ …”သူက ဂီတကိုပဲ ဝါသနာပါတာ ပေါ့နော်။ ကိုယ့်သမိုင်းကိုယ်ရေးကြသူများကတော့ ရုပ်ရှင်အနေနဲ့ ယုန် လေးနဲ့တိုင်ပင်ပြီးတော့ ဖန်တီးဖြစ် ကြတာပေါ့။ ဒီမှာ သရုပ်ဆောင်တာကို သူအားရကျေနပ်မှုရှိလို့ နောက်ကား တွေကိုဆက်ပြီးတော့ သရုပ်ဆောင် ချင်တယ်ဆိုရင် အစ်ကို့အနေနဲ့ ကတော့ ဆက်လက်လုပ်ပေးရမှာ ပေါ့”လို့ ပြောပါတယ်။ ကိုနိုင်ထွန်းတို့ ပြုံးထုတ်လုပ်ရေး အနေနဲ့ကတော့ ရုပ်ရှင်မှာဆိုလည်း ထွက်လာမယ့် ဇာတ်ကားတွေများစွာရှိသလို ဂီတ ဘက်မှာလည်း လူငယ်တွေကို မြေ တောင်မြှောက်ပေးနေတဲ့ ထုတ်လုပ် ရေးတစ်ခုဖြစ်ပါတယ်။ ပြုံးထုတ်လုပ် ရေးအနေနဲ့ ရုပ်ရှင်၊ ဂီတ ဘာတွေ ထွက်လာမလဲဆိုတော့…”အစ်ကို တို့က ဆင်ဆာကျထားတာက ကိုယ့် သမိုင်းကိုယ်ရေးကြသူများ-၂ရယ်၊ လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူရယ်၊ အလီဘာဘာနှင့် ခိုးသားငါးယောက် အားလုံးပေါင်း ၃ကားရှိပါတယ်။ ဂီတဘက်မှာဆိုရင်လည်း လက်ရှိက တော့ Ice Cold အခွေနဲ့ ပြုံးမြသွယ်ရဲ့Solo Album ထုတ်ပေးဖို့လုပ်နေ ပါတယ်။ Ice Cold အခွေက အရင်ဆုံး ထွက်လာပါမယ်။ ပြီးမှ သမီးပြုံးမြ သွယ်ရဲ့Solo Album လာပါမယ်”လို့ ကိုနိုင်ထွန်းက ပြောပြခဲ့ပါတယ်။

P-069


LEAVE A REPLY

Please enter your comment!
Please enter your name here