Miss Universe Yangon 2018 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် Miss Myanmar International 2015 အလှမယ် အမရာငြိမ်း

0
146

Miss Myanmar International 2015 ဆုရရှိထားတဲ့ အလှမယ် အမရာငြိမ်းက Miss Universe Myanmar 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ရန်ကုန်ကိုယ်စားပြု ရွေးချယ်တဲ့ Miss Universe Yangon 2018 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ပုံကတော့ ဒီပြိုင်ပွဲက သူ့ရဲ့ငယ်ဘဝ အိပ်မက်တစ်ခုဖြစ်တယ်လို့ အလှမယ် အမရာငြိမ်းက ပြောပါတယ်။ Miss Universe Yangon ပြိုင်ပွဲ ကြီးက ၄ လပိုင်း ပထမပတ်လောက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အမရာငြိမ်းအတွက် ပြင်ဆင်မှုအချိန်က တအားကို နီးကပ်နေပါပြီ။ ဒီအတောအတွင်းမှာ သူဘယ်လို ကြိုးစားပြင်ဆင်သွားမလဲဆိုတာကို အမရာငြိမ်းက ”အမှန်တိုင်း ပြောရရင် ညီမပေါ့တာပေါ့နော်။ နောက်နှစ်မဟုတ်ရင်တောင် ဒီနှစ်ကုန်လောက်မှ ဒီပွဲက အမြဲတမ်းလုပ်တာ ဆိုတော့ လေ။ ကိုယ်ကတော့ဒီတိုင်းပဲ ပေါ့ပေါ့နေလိုက်တယ်။ တကယ်တော့ ရန်ကုန်ပွဲက အစောကြီး ကြိုရွေးလိုက်တယ်ဆိုတော့ ညီမမှာပြင်ဆင်ချိန်ကနည်းသွားတာပေါ့နော်။ တကယ့်ပြိုင်ပွဲကြီးကတော့ လာမယ့် နှစ်မှလိုက်မှာပေါ့။ ပြင်ဆင်ဖို့ကျ တော့လည်း အားလုံးသိတဲ့အတိုင်း ညီမမှာ ကြီးကြီးမားမား ပြင်ဖို့ကျတော့ ဒီဘော်ဒီ ပိုင်းပဲပေါ့နော်။ ဘော်ဒီဆိုတာမျိုးကတော့ အနည်းဆုံး ၆ လလောက်ထိ အချိန်ယူမှ Perfecet ဖြစ်တာ။ အခုဆို ညီမမှာ ၃ လတောင်အချိန်မကျန်တော့ဘူး။ ဒါပေမဲ့ ကျန်တဲ့အချိန်လေးအတွင်းမှာTraining Ground Myanmar ကနေ Personal Trainer အနေနဲ့ရော ဒိုင်းယက် ပလန်အနေနဲ့ရော သူတို့ထရိန်းပေးမှာပေါ့နော်။ ဘော်ဒီပိုင်းနဲ့ပတ်သက်ပြီး သေချာထရိန်းမယ်။ ကတ်ဝေါ့မှာလည်း ညီမကအခုထိ ပရောဖက်ရှင်နယ်မော်ဒယ်လုပ်နေတယ်ပဲပြောပြော အခုချိန်ထိတော့ စင်ကြောက် တာ၊ လူကြောက်တာတော့ ရှိနေသေးတယ်။ အဲဒီလိုရှိနေတော့ ညီမက အစ်ကိုလို ဆရာလို ချစ်ခင်ရတဲ့ ကိုအောင်ပိုင်က ထရိန်းပေးမှာပါ။ အခွင့်အရေးရရှိတဲ့ အချိန်မှာတော့ အကောင်းဆုံး ကြိုးစားသွားမယ်။ ဆုရတာမရတာကတော့ ကံတရားပေါ့နော်” လို့ ပြောပြခဲ့ပါ တယ်။

အမရာ ငြိမ်းဟာ ၂ဝ၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ မစ်အင်တာနေရှင်နယ်ပြိုင်ပွဲကြီး မှာ Winner ဆုကြီးကို ဆွတ်ခူးရရှိခဲ့သူတစ်ယောက်ဖြစ်တယ်။ ဒီလိုရရှိခဲ့တဲ့သူတစ်ယောက် အနေနဲ့ အခုလို စီးတီးပြိုင်ပွဲမှာ ဆုမရမှာ လွဲချော်သွားမှာကို စိုးထိတ်နေကြောင်းကိုလည်း အမရာငြိမ်းက ”အမရာကလိုချင်တာ တစ်ခုရှိရင်တော့ ဇွဲကောင်းတယ်။ ပုံမှန်အချိန် ဆိုရင်တော့ ပျင်းတယ်။ တအားပျင်းတဲ့အထဲမှာ ပါတယ်ပေါ့နော်။ တအား တက်တက် ကြွကြွကြီး မရှိဘူး။ အဲဒီလိုရှိပေမယ့် ညီမရည်မှန်းချက်ရှိရင်တော့ အကောင်းဆုံး ပြင်ဆင် ပြီးတော့ ရအောင်ယူတက်တယ်။ အခုလည်း ဒီလိုပဲပေါ့နော်။ ဒီပွဲမှာ အမရာ ဝင်ပြိုင်ခွင့်ရ ခဲ့ရင်လည်း အဆဲခံရမှာ မရရင်လည်း အလှောင်ခံရမှာ။ ဒါပေမဲ့ အမရာ ငယ်ငယ်လေး ကတည်းက မက်ခဲ့တဲ့အိပ်မက်တစ်ခုကို ဒီလောက်စွန့်စားရတာတော့ တန်တယ်လို့ အမရာယူဆတယ်။ ပြီးတော့ ဘယ်လိုဝေဖန်မှုမျိုးတွေကိုမဆို အမရာ မတုန်လှုပ်ပါဘူး။ အမရာ ကြောက်နေတာတော့ရှိပါတယ်။ မစ်အင်တာနေရှင်နယ်ပွဲက Crown ရပြီးမှာ စီးတီးပွဲကစတင်ယှဉ်ပြိုင်ရမယ်ဆိုတော့ ဝင်ပြိုင်ခွင့်မရခဲ့ရင် လွဲသွားရင်ဆိုတဲ့ ကြောက်စိတ် တော့ သူများထက် အမရာ့မှာ အများကြီးပိုပါတယ်။ နောက်ပြီးတော့ Big 4 Myanmar Winner တစ်ယောက်အနေနဲ့ ဒီပွဲမှာလွဲခဲ့ရင် မရခဲ့ရင် ကိုယ့်ကို အားပေးနေတဲ့ ပရိသတ်တွေကို စိတ်ဓာတ် ကျအောင် စိတ်ပျက်အောင် လုပ်မိမလားဆိုတဲ့ ပရက်ရှာလည်းရှိတယ်။ ဒါပေမဲ့လည်း အမရာစွန့်စား မယ်။ အကောင်းဆုံးလုပ်သွားမှာပါ” လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here