ရဲတိုက်၏ဖြစ်စဉ်ကို မန်နေဂျာဖြစ်သူ ဒေါ်ပုလဲစီက ရှင်းလင်းပြောကြား

0
222

ဇန်နဝါရီ ၂၂ ရက်နေ့ ညက ဆေးရုံတက်၍ ပြုစု ကုသမှုခံယူခဲ့ရသော သရုပ် ဆောင် ရဲတိုက်၏ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတိုက်၏ မန် နေဂျာဖြစ်သူ ဒေါ်ပုလဲစီအား ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ပါ သည်။

“ဖြစ်တာက အားလုံး ကိုရှင်းပြပြီးသွားပြီ။ ၂၁ ရက် နေ့က တောင်ငူမှာ ဇာတ်ကား ရိုက်တာ အကုန်လုံးသိတယ်လေ။ အပြန်မှာ ညကျတော့ အရက်တွေ ဘာတွေ သောက်ပြီး သူသောက်ရမယ့် ဆေးကိုသောက်တယ်။ ဆေးနဲ့ အရက်နဲ့ အစာ အိမ်ရောင်တာနဲ့ပေါင်းပြီး ဗိုက်ကနည်းနည်းအောင့်လာတယ်။

အောင့်လာ တော့ အိပ်မပျော်လို့ သူကတစ်နေ့လုံးကလည်း ပင်ပန်း၊ သွားတဲ့နေ့ကလည်း အစ်မတို့က ညပဲသွားတာကိုး။ ပြီးတော့တစ်နေကုန် ဇာတ်ကားရိုက်ပြီးတော့ ညတွင်းချင်း ပြန်လာ။ အိပ်မပျော် ဗိုက်ကလည်းအောင့်ဆိုတော့ အိပ်ချင်ပြီးအိပ်မပျော်တဲ့အခါကျတော့ သူက အိပ်ဆေးထပ်သောက်လိုက်တာ။ အိပ်ဆေး ဆိုတာက တရားဝင်သောက်တဲ့ဆေး၊ အပြင်က တားမြစ်ဆေးတွေမဟုတ်ဘူး။ ဆရာဝန်က တစ်လစာ၊ ၂ လစာ၊ အဲ့ဒီလိုမျိုးပေးထားတဲ့ဆေးတွေ။ အိပ်ဆေး ၂ ပတ်စာ၊ ၃ပတ်စာပေးထားတဲ့ ဆေးတွေရှိတယ်။ အဲ့ဒီမှာမှ သူက သူနဲ့ အနားမှာအတူနေ တဲ့ညီလေးနဲ့ စကားများပြီးတော့ သူက အဲ့ဒီမှာ စိတ်တိုပြီး တော့ ဆေးတွေ သူ့ဟာနဲ့သူပဲ သူကအိပ်ကလည်းမပျော်ဘူးဆိုတော့ ဆေး သောက်ပြီး အဲ့မှာ ဆေးတွေက ဟိုပြန့်ဒီပြန့်ဖြစ်သွားတာပေါ့နော်။

အဲဒီ အချိန်မှာ သူ့ရဲ့ညီက ပြန်ဝင်လာတဲ့အချိန်မှာ ဟာအစ်ကို ဘာကြောင့်ဆေးတွေ သောက်တာလဲ၊ ဒီဆေးတွေသောက်ထားတာလားလို့မေးတော့ သူလည်းညစ်ပြီး တော့ ဟုတ်တယ် ငါ အကုန်သောက်ထားလိုက်တယ်ဆိုပြီး ဒီလိုပဲပြောလိုက် တာ။ ဖြစ်ချင်တော့ သူ့ညီလေးက စိတ်ပူပြီးတော့ အစ်မတို့ကို ဖုန်းဆက်ပြီး တော့ အဲ့ဒီမှာသူကလည်း ဗိုက်ကအောင့်လာတာဆိုတော့ ဆေးရုံကိုသွားတာ။ အစ်မတို့ကလည်း စိတ်ပူတာပေါ့နော်။ စိတ်ပူပြီးတော့ ဆေးတွေသောက်ထား တယ်လို့လည်းပြောတယ်ပေါ့။ အဲ့ဒီအချိန်မှာ တကယ်တမ်းသူကလည်း အိပ်ဆေးရဲ့အရှိန်က အဲ့ဒီတော့မှ ပြတာဆိုတော့ သူအိပ်ချင်လာပြီပေါ့။

အိပ်ချင်လာပြီး ဒါပေမဲ့လည်း ဆေးတွေသောက်ထားတယ်ဆိုပြီး အစ်မ တို့က စိတ်ပူတော့ အစ်မတို့က အစာပြွန်ကနေပြီးတော့ ထုတ်မယ့်အချိန်မှာ သူနာတော့ နှာခေါင်းထဲပိုက်ထိုးထည့်ပြီးမှ မခံနိုင်ဘူး။ ရတယ်တဲ့၊ ကျွန်တော့်ဟာ ကျွန်တော်လက်ထိုးအန်မယ်ဆိုပြီး လက်နဲ့ထိုးအန်တာ။ အန်တော့အဲ့ဒီမှာ အန်တဲ့နေရာမှာ ဘာမှ မပါလာတော့ ဆရာဝန်တွေကစိတ်ပူပြီးတော့ ဆေး တွေ တကယ်သာသောက်ခဲ့လို့ ဆေးတွေပြန့်သွားလို့ရှိရင် ဖြေဆေးထိုးတာက အစိုးရဆေးရုံမှာပဲရှိတယ်။ အဲ့ဒီတော့အစိုးရဆေးရုံမှာပဲ လုပ်ခွင့်ရှိတယ်ဆိုပြီး အစ်မတို့က ရန်ကုန်ဆေးရုံမှာ အဲ့အချိန်မှာ အစ်မတို့က ကားပိတ်မှာစိုးလို့ သင်္ဃန်းကျွန်း စံပြဆေးရုံကိုသွားလိုက်တာ။ စံပြဆေးရုံရောက်တဲ့ အချိန်မှာ သတိလည်းမလွတ်ဘူး၊ လမ်းတောင်ထလျှောက်နေတာ။ ဘာမှလည်းမဖြစ်ဘူး။ ဒါပေမဲ့ သူ အိပ်ချင်နေတာပေါ့။ ဒိုင်ယာစီပင်ဆိုတာ အရမ်းအိပ်တယ်လေ။ ဒိုင်ယာစီပင်ဆိုတာက အပြင်ကနေ မဟုတ်တဲ့နည်းလမ်းနဲ့ ဘာနဲ့ဝယ်ထားတာ တွေလည်းမဟုတ်ဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့ ရထားတဲ့ဆေး။ အဲ့ဒါကို အိပ်ပျော်အောင်ဆိုပြီး နည်းနည်းပိုသောက်လိုက်တဲ့အခါကျတော့ အိပ်ချင်သွား တာ။

အဲ့လိုဖြစ်တာ။ နှာခေါင်းထဲကို ပိုက်နဲ့ထိုးတော့ လေးငါးယောက်လောက် လှမ်းချုပ်ရတယ်။ အဲ့ဒီမှာလည်း သူတို့က ချုပ်တဲ့ဟာက သိပ်အဆင်မပြေဘူး။ ဖြေဆေးဟာက ဂျပန်ဆေးရုံကြီးမှာပဲရှိမယ်ဆိုပြီး သွားမယ့်အချိန်မှာ သူ ကလည်း ဆေးရုံမသွားချင်ဘူး၊ ကျွန်တော် အိပ်ပဲအိပ်ချင်တာ ကျွန်တော်ဘာမှ မသောက်ထားဘူး၊ ကျွန်တော်ပြန်မယ်လို့ဆိုပြီးတော့ သူ့ဟာသူတောင် လမ်းထ လျှောက်ပြီးတော့ ဆေးရုံအဝဘက်ကိုထွက်တယ်။ ဒါပေမဲ့ အစ်မတို့က မဟုတ် ဘူးမောင်လေး၊ အစ်မတို့အတင်းပဲစိတ်ပူပြီးတော့ ဒါလေးခဏလောက်လိုက်စစ် ပေးပါ အဲ့လိုပြောတဲ့အချိန်မှာ ဆေးကလည်းအရှိန်တအားပြနေတဲ့အချိန်မှာ အိပ်ချင်သွားတာ။ အဲဒါနဲ့အစ်မတို့က အဲ့ဒီကနေ အိပ်ခိုင်းပြီးခေါ်လာခဲ့တာ။ အဲ့ဒီတော့ ဒီကို ရောက်တဲ့အချိန်မှာ သွေးစစ်တာတွေဘာတွေ အကုန်လုပ်တယ်။ အဲ့ဒီ အချိန်မှာ အကုန်လုံးက သြမာေူ ဖြစ်တယ်။ သတင်းတွေ ပေါက်ကရတက်ပြီး ပြန့်သွားတဲ့အချိန်မှာ အစ်မတို့ကိုယ်တိုင်တောင်မှမသိဘူး။ သွေးစစ်ထားတာ ဘာမှ မသိရသေးဘူး။

ဒါပေမဲ့ မနေ့ညက ဆယ်နာရီမှာ အဖြေထွက်တဲ့အချိန်မှာ ဆရာဝန်ကြီးလည်း ရောက်လာတယ်။ အကုန်လုံးကNormal ပဲ။ သွေးထဲမှာ ဘာမှမရှိဘူး။ အဲဒီလိုမျိုး အများကြီးဆေးပမာဏ ဘာမှမရှိဘူး။ သွေးကြောတွေ အကုန်ကောင်းတယ်။ တခြားဘာဆေးမှလည်း မသောက်ထားဘူး။ အိပ်ဆေး နည်းနည်းလေးပိုသောက်လိုက်တယ် ဒါပဲ ။ ပြီးတော့ အဲ့ဒီစစ်ချက်ထွက်လာတယ် ဆိုတဲ့ဟာက အစ်မတို့ကို ဒီသင်္ဃန်းကျွန်းစံပြဆေးရုံက ဒီလိုတကယ်လို့သာ တစ်ခုခု သူ့ကိုယ်သူ Suicide လုပ်လိုက်တာဆိုရင် တစ်ခုခုသိရအောင်ဆိုပြီး အချက် အလက်ပေးတဲ့သဘောမျိုးနဲ့ ဖြည့်ထားပေးတဲ့စာရွက်ပဲ။

အဲဒီအထဲမှာ အစ်မတို့ ပြောတဲ့အထဲမှာ ဆေးအလုံး ၄ဝ ဆိုတာ အတိအကျတစ်ခုမှမပါဘူး။ ဆေးတွေက အဲ့ဒီမှာ ၃ ပတ်စာဖြစ်တဲ့အတွက် တခြားဆေးတွေ အားဆေးတွေ နဲ့ စုစုပေါင်း အလုံး ၄ဝ လောက်ရှိတယ်။ သူသာသောက်ဖြစ်ရင် အဲ့ဒီ လောက်လောက် ရှိနိုင်တယ်။ ပမာဏက။ အဲ့ဒါကိုပြောတာ။ အပြား ၄ဝ တွေ ဘာတွေ တစ်ခုမှမဟုတ်ဘူး။ တစ်ဆင့်စကားတစ်ဆင့်နဲ့ ဒိုင်ယာစီပင် အလုံး ၄ဝသောက်တယ်ဆိုပြီး ဖြစ်သွားတာ” ဟု ဒေါ်ပုလဲစီက ရှင်းလင်းပြောပြပါသည်။ ရဲတိုက်သည် ယခုအခါ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

PNews
Photo – Palae Si


LEAVE A REPLY

Please enter your comment!
Please enter your name here