နိုင်းနိုင်းတို့မိသားစုကို အားကျမိနေသူ သရုပ်ဆောင် ဖူးဖူး

0
273

သရုပ်ဆောင်နိုင်းနိုင်းရဲ့ ညီမဖြစ်သူ သရုပ်ဆောင်ဖူးဖူးက ၂ဝ၁၇ နှစ်ကုန်ပိုင်း မှာတော့ တူ၊ တူမ များရှိရာ အမေရိကန်နိုင်ငံဆီ သွားရောက်ပြီး နှစ်သစ်ကူး အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။ တစ်လကြာ သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာလည်း ပျော်ရွှင်စရာများစွာနဲ့ပဲ ဖြတ်သန်းဖြစ်ခဲ့ပါတယ်ဆိုတဲ့ ဖူးဖူးရဲ့ ၂ဝ၁၇ နှစ်ကုန်ခရီးစဉ် အမှတ်တရတွေက …

”မနှစ်တုန်းက ၂ဝ၁၇ ကတော့ ယောင်းမ စန္ဒီချိုတို့က ရန်ကုန်ကို လာလည်ကြ တယ်။ ဒီနှစ်တော့ စန္ဒီရဲ့ အလုပ်နဲ့၊ ကလေးတွေရဲ့ကျောင်းနဲ့က မအားကြတော့ မလာနိုင်ကြဘူး။ ဒါကြောင့်ကိုယ်က သူတို့ကို သွားတွေ့တာပါ။ သူတို့နဲ့လည်း တစ်လတိတိနေပေးခဲ့တယ်။ ကလေးတွေကလည်း သူတို့တီတီကိုချစ် ကြတယ်။ ကိုယ်ကလည်း သူတို့လေးတွေကိုချစ်တယ်လေ။ နောက်တော့ ကိုနိုင်နိုင်းလည်း လိုက်လာတယ်။ အစ်ကိုနဲ့လည်း ဖူးတို့တစ်ပတ်လောက် အတူတူရှိခဲ့ကြတယ်။ New Year ကိုလည်း မိသားစုနဲ့ကလေးတွေနဲ့ ပျော် ပျော်ပါးပါးပဲဖြတ်သန်းခွင့်ရခဲ့တယ်။ ဟိုနိုင်ငံမှာလည်း စန္ဒီတို့ လိုက်ပို့သမျှ နေရာတွေကို သွားလည်ခဲ့ပါတယ်။ New York မှာရှိတဲ့နေရာ တော် တော်များများလည်း ရောက်ရှိခဲ့ပါတယ်။ ကလေးတွေနဲ့ အတူလည်း Water Park မှာ အတူတူ ကစားခဲ့ကြတယ်။ အမှတ်တရတွေပါပဲ” လို့ ဖူးဖူးကပြောပြပါတယ်။ ဖူးဖူးအနေနဲ့လည်း တူ၊ တူမလေး ယောက်နဲ့ ရင်းနှီးမှုရှိပြီး ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တတ်တဲ့ အဒေါ် တစ်ယောက်ပါလို့ ဆိုလိုက်တဲ့ ဖူးဖူးက . . .

”ဖူးကို အဒေါ်တစ်ယောက်အနေနဲ့လည်း ကလေးတွေက တအားကြီးမစိမ်းကြပါဘူး။ ဖူးက အလိုလိုက်တတ်တဲ့ အဒေါ်ထဲမှာ လည်းပါတော့ ကလေးတွေက ညာစားလို့ရတယ်ပေါ့။ သူတို့လေးတွေ နဲ့လည်း အနားမှာရှိနေတဲ့အချိန်လေးတွေမှာတတ်နိုင်သရွေ့ စောင့် ရှောက်ပေးချင်ပါတယ်။ ဒီနှစ်ထဲမှာလည်း သူတို့ဆီကို နောက်ထပ် တစ်ကြိမ် ထပ်သွားဖို့ရှိပါတယ်ရှင့်။ ငယ်ငယ်ထဲကလည်း ကလေး အကြီးနှစ်ယောက်က ဒီနိုင်ငံမှာပဲ နေသွားကြတာဆိုတော့ အကြီး လေးတွေကလည်း အသက်နည်းနည်းကြီးပြီဖြစ်တဲ့အတွက် နည်း နည်းတော့ ပိုကပ်ကြပါတယ်” လို့ပြောပြပါတယ်။ အစ်ကိုနိုင်နိုင်းတို့ မိသားစု အပေါ်အားမကျဘူးလားလို့ မေးကြတဲ့အပေါ် ဖူးဖူးရဲ့ တုံ့ပြန် မှုက ”အစ်ကိုတို့မိသားစုကို အားကျသလားဆိုပြီး မေးကြတာများတယ်။ အားကျသလားဆိုတော့ ဖူးလည်း အားကျပါတယ်။ ဒါပေမဲ့ ကိုယ့် အတွက် ကလည်း မတွေ့သေးတော့ ဒီအတိုင်းလေးပဲနေတာပါ။ Target ဆိုတာကြီး လည်း မထားထားပါဘူး။ Target ဆိုတာကထားတိုင်းလည်း မဖြစ်တာမျိုး တွေရှိတတ်တယ်” လို့ ဖူးဖူးကပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here