ပြို င် ပွဲ ရဲ့ ပ န်း တို င် ကWinner ဖြ စ်ေ ပ မ ယ့် ဂီတမှာ ပန်းတိုင်ဆိုတာတော့ မရှိဘူးဆိုတဲ့ လင်းလင်း

0
205

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ လင်းလင်းက Coach အဖြစ်ဆောင်ရွက်ပေးနေပါတယ်။ သူ့အနေနဲ့ ဒီသီချင်းဆိုပြိုင်ပွဲကို မြန်မာနိုင်ငံမှာမလုပ်ခင် နိုင်ငံတကာမှပြုလုပ်ခဲ့တဲ့ The Voice သီချင်းဆိုပြိုင်ပွဲတွေကို အမြဲတမ်း ကြည့်ဖြစ်လေ့ရှိပြီး သူက The Voice သီချင်းဆိုပြိုင်ပွဲရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ပြောပါတယ်။ အခုအချိန်မှာတော့ သူက မြန်မာနိုင်ငံမှာပြုလုပ်မယ့်The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ Coachတစ်ဦးအဖြစ် လုပ်ဆောင်ပေး နေရပြီလည်း ဖြစ်ပါတယ်။

“The Voiceကို ဘာကြောင့်ကြိုက်လည်းဆိုတော့ ဒီပြိုင်ပွဲက မွေးရာပါအသံကောင်းတာတစ်ခုတည်းကို ကြည့် တာမျိုးမဟုတ်ဘဲနဲ့ သူ့ရဲ့  Creation ကိုကြည့်တယ်။ သူ့ရဲ့ကျွမ်းကျင်မှုကို ကြည့်တယ်။ အဲဒီအပေါ်မှာ ကြည့်ပြီးတော့ သူက တစ်ဆင့်ချင်းဆီတက်သွားရတယ်။ ဒါကပြိုင်ပွဲပုံစံအရပေါ့။ ကျွန်တော်က အဲဒါကိုကြိုက်ပြီးတော့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ရင်းနှီးနေတာပေါ့နော်။ အဲဒီ့မှာ မြန်မာပြည်မှာလုပ်ဖြစ်မယ်ဆိုတဲ့အခါကြတော့ ကျွန်တော့်ဆီကိုလာ ပြီးတော့ ညှိုနှိုင်းကြတယ်ဆိုတော့ ကိုယ်ကလည်းတကယ်ကြိုက်တဲ့အစီအစဉ်လည်းဖြစ်တော့ အများကြီးညှိုနှိုင်းစရာ တောင်မလိုဘဲ ကျွန်တော်တို့လက်တွဲလုပ်ဖြစ်တာပါ”လို့ သူ့အနေနဲ့ Coach အဖြစ် လုပ်ဆောင်ဖြစ်ပုံကို လင်းလင်းက ပြောပြပါတယ်။

Coach တစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်တွေကို ဂီတနဲ့ပတ်သက်လို့ သူ့ အနေနဲ့ သူလေ့လာသိရှိထားသမျှတွေကို သင်ကြားပြသပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ကအမြဲတမ်း သင်ကြားနေရတာပါ။ ကျွန်တော် တစ်ယောက်တည်းရဲ့အမြင်၊ ကျွန်တော်အမြဲတမ်းခံယူထားတာက အနုပညာဆိုတဲ့ခေါင်းစဉ်က ပထမဆုမရှိဘူး။ ပန်းတိုင်မရှိဘူး။ ဂိတ် ဆုံးမရှိဘူး။ ဒါကျွန်တော်တို့ရဲ့အထင်ပေါ့နော်။ အဲဒီမှာမှ လျှောက်ရင် လျှောက်သလောက် တအားကျယ်ပြန့်တယ်။ သင်ယူရင်သင်ယူ သလောက်ကို မဆုံးဘူး။ အဲဒီအောက်မှာမှ ဂီတ၊ စာပေ၊ ရုပ်ရှင် စသဖြင့် အများကြီးကွဲသွားတာပေါ့။ ကျွန်တော်နဲ့ဆိုင်တဲ့ဂီတကိုပဲ ကျွန်တော်က ခွဲပြောရမယ်ဆိုရင် ပန်းတိုင်မရှိဘူး။ ပထမဆုမရှိဘူး။ မင်း ကြိုက်သလောက်လျှောက်  လျှောက်ရင်လျှောက်သလောက် ရောက်မယ်။ အဲဒီအပေါ်မှာမှ အဓိကအရေးကြီးတာက ကိုယ့်ရဲ့ ဖြည့်စည်းမှု ဝမ်းစာပေါ့။ ပြီးတော့ လိုအပ်တဲ့ သင်ကြားမှု ဂီတပေါ်မှာထားတဲ့ကိုယ့်ရဲ့ စေတနာ ပေါ့။ အဲဒါအရေးကြီးပါတယ်။

ကျွန်တော်မြင်သ လောက်၊ သိသလောက်ကိုသူတို့ Share လုပ်တယ်။ The Voice ခေါင်းစဉ်အောက်မှာ ငါတို့ဆုံတယ်။ ပြိုင်ပွဲမှာဆုံတာဖြစ်တဲ့အတွက် ဘာပဲပြောပြော ယှဉ်ပြိုင်မှုကတော့ရှိမယ်။ ဒီပြိုင် ပွဲရဲ့နောက်ဆုံးပန်းတိုင်ကWinnerပေါ့။ ဒါပေမဲ့ အဲဒီထက်ပိုပြီးတော့ အိမ်မက်ကိုကြီးကြီးမက်ပါ။ ရည်ရွယ်ချက်ကိုကြီးကြီးထားပါ။ ပြိုင်ပွဲရဲ့ပန်း တိုင်ကWinner ဖြစ်ပေမယ့် အနုပညာဂီတရဲ့ ပန်းတိုင်ဆိုတာမရှိဘူး။ ကျွန်တော်အဲဒါကို အမြဲ တမ်း Share လုပ်တယ်။ မွေးရာပါ အသံကောင်း တာနဲ့ အဆိုတော်လုပ်နေတဲ့သူတွေလည်းအများကြီး လေ။ ပြောရမယ်ဆိုရင် မျက်နှာနာစရာအားနာစရာတွေ တော့ အများကြီးရှိတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်က တော့ အဆင်မပြေရင်မပြေဘူးပြောတယ်။ ဒါနဲ့လုပ် မယ် ဆိုရင် ဒါနဲ့ပတ်သက်တဲ့ ဖြည့်ဆည်းသင့် ဖြည့်ဆည်းအပ်တဲ့ အရာတွေအကြောင်းကိုပြောရင်း မိသားစုဆန်ဆန် Share လုပ်ရင်းပဲသွားတယ်”လို့ ပြိုင်ပွဲဝင်တွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ သင်ကြားပြောပြပေးမှုတွေနဲ့ပတ်သက်လို့ လင်းလင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here