အကောင်းမွန်ဆုံးသော အသံပိုင်ရှင်ကို ရွေးချယ်မယ့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲ

0
216

MRTV – 4နှင့် Forever BEC-Tero တို့ပူးပေါင်း၍ ပထမဆုံးအကြိမ် အဖြစ်ကြီးမှူးကျင်းပသော သီချင်းဆို ပြိုင်ပွဲဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ၂ဝ၁၇ခုနှစ်၊ နို ဝင်ဘာလအတွင်းက 0nline မှ ခေါ် ယူခဲ့ရာ ယှဉ်ပြိုင်သူ ထောင်နှင့်ချီ လျှောက်ထားခဲ့ပြီး ပြိုင်ပွဲဝင်များကို တေးရေးမြင့်မိုးအောင်က လူတွေ့စစ် ဆေးခဲ့သည်။

ထို့နောက် Blind Audition အဆင့်ပြိုင်ပွဲဝင် အယောက် ၁ဝဝ ကိုရွေးချယ်ပေးခဲ့သည်။ အသက် ၁၅ နှစ်နှင့်အထက် မည်သူမဆိုဝင် ရောက်ယှဉ်ပြိုင်ခွင့်ရပြီး အဆင့်၃ ဆင့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် လင်း လင်း၊ ဟန်ထူးလွင်(ကျားပေါက်)၊ ရန်ရန်ချန်းနှင့် နီနီခင်ဇော်တို့က Coaches များအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ ပထမအဆင့်ဖြစ်သည့် BLIND AUDITION တွင် စင်ပေါ် မှာ သူတို့၏အသံတစ်ခုတည်းဖြင့် Coaches များနှစ်သက်လာအောင် သီဆိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ Coaches များက ထိုင်ခုံကိုကျော ပေးထိုင်နေလျက် ပြိုင်ပွဲဝင်သီဆို သည့် အချိန်၂မိနစ်အတွင်းမိမိသ ဘောကျ နှစ်သက်သည့် ပြိုင်ပွဲဝင်ကို ခုံလှည့်ကာ ရွေးချယ်ရမည်ဖြစ်သည်။Coaches တစ်ဦးက ရွေးချယ်လိုက်သည့်ပြိုင်ပွဲဝင်မှာ ထို Coaches ၏ Group ထဲသို့အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်ပြီး Coaches တစ်ဦးထက်ပို၍ ပြိုင်ပွဲဝင်အား ရွေး ချယ်ခဲ့ပါက ပြိုင်ပွဲဝင်၏အဆုံးအ ဖြတ်သာ အဓိကဖြစ်ကြောင်းသိရ သည်။

ဒုတိယအဆင့်ဖြစ်သည့်BATTLE ROUND တွင်ပြိုင်ပွဲဝင် များသည် မိမိ၏အဖွဲ့မှ အခြားပြိုင် ပွဲဝင်နှင့် သီချင်းတစ်ပုဒ်တည်းကိုပင် သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ဦး တည်းသာလျှင်THE VOICE MYANMAR\ LIVE SHOWစင်မြင့် ထက်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။ နောက်ဆုံးအဆင့် LIVE SHOW တစ်ဦးချင်းစီမှ ပြိုင်ပွဲဝင်၆ဦး စုစုပေါင်းပြိုင်ပွဲဝင် ၂၄ ဦးတက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး တစ်ပတ်လျှင် ၄ဦးပြိုင်ပွဲမှ နုတ်ထွက် ရမည်ဖြစ်ကြောင်း သိရသည်။

“The Voice ကတော့အကောင်း မွန်ဆုံးသောအသံပိုင်ရှင်တွေကို ရှာ ဖွေပြီးတော့ Coaches တွေအနေနဲ့ သင်ကြားပြသပေးသွားမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့အဆိုဝါသနာရှင်တွေအတွက်လည်း အကောင်း မွန်ဆုံးသောအခွင့်အရေးတစ်ခုလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်”ဟု Forever BEC-Tero မှ တာဝန်ရှိ သူတစ်ဦးက ပွဲနဲ့ပတ်သက်၍ ရှင်း ပြပါတယ်။

The Voice Myanmar အား ဖေဖော်ဝါရီ၁၈ရက်နေ့မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ည၉နာ ရီအချိန်တွင် MRTV – 4 ရုပ်သံ လိုင်းကနေကြည့်ရှု၍ရမည်ဖြစ်သည်။

The Voice Myanmar ၂ဝ၁၈ ပြိုင်ပွဲတွင် ဆုရရှိသူသည် ဆုကြေးငွေ ကျပ်သိန်းနှစ်ရာနှင့် Universal Studio နှင့်အတူ တေးသီချင်းပြုလုပ် ခွင့်ရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here