ဇာတ်ပို့ဇာတ်ရန်ဘဝဆိုတာ ငွေကြေးစုဆောင်းဖို့ အချိန်မရဘူး ဦးကျော်ထူး

0
200

သားသမီးတွေနဲ့အတူ ဇာတ်ကားရိုက်ကူးဖို့ အစီစဉ်ရှိပေမယ့် ငွေကြေးစုဆောင်းပြီးမှသာလျှင် ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ဟာသသရုပ်ဆောင်ဦးကျော်ထူးက ပြောပါတယ်။ သူတို့ ဇာတ်ပို့၊ ဇာတ်ရံဘဝဆိုတာက ငွေကြေးစုဆောင်းဖို့ အချိန်မရဘူးလို့လည်း သူက ဆက်ပြောပါ တယ်။

”ကျွန်တော်ရရှိတဲ့အနုပညာ ကြေးဆိုရင် ၃ ပုံပုံရင် တစ်ပုံကသက်ရှိထင်ရှားရှိ နေတဲ့ ကျွန်တော့် မိဘတွေကိုထောက်ပံ့ရတယ်။ နောက်တစ်ပုံက ဇာတ်ကား အတွက် လိုအပ်မယ့်အဝတ်အစားတွေ ဝယ်ဖို့ရယ်၊ နောက်တစ်ပုံကတော့ ကျွန်တော့် မိသားစုစားဝတ်နေရေးအတွက်ပေါ့။ ရရှိတဲ့အနုပညာကြေးနဲ့ ပြန်ထွက်တဲ့ ကုန်ကျ စရိတ်နဲ့က မကာမိဘူး။ ဒါကြောင့်ကျွန်တော်တို့ စုမိဆောင်းမိဖို့က မလွယ်ဘူးဗျ။ ပြီးတော့ တစ်ခြားလုပ်ငန်းလုပ်ဖို့ဆိုတာကလည်း ငွေရေးကြေးရေးက စုမိ ဆောင်းမိမရှိတော့ ကျွန်တော်တို့အတွက်က မလွယ်ဘူး။ ဒီအနုပညာတစ်ခုပဲ တစ်စိုက်မတ်မတ်လုပ်နေရတဲ့ သဘောမျိုးရှိတယ်။ အရင်တုန်းက မင်းသား ကိုကျော်သူ နဲ့ ပထမဦးဆုံးစရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုရင် တစ်ကားလုံးမှ ၃ထောင်ရတယ်။ ဒါပေမဲ့အဲဒီတုန်းက စားဝတ်နေရေးပြေလည်တယ်။ အခု နောက်ပိုင်းက ဘယ်လောက်ပဲ ရရအဆင်မပြေတော့ဘူး။ ကုန်ဈေးနှုန်းကအစ ပြောင်းလဲမှုတွေဖြစ်တယ်လေ။ အဲဒီ့တော့ သားတွေသမီးတွေ အနုပညာလမ်းလျှောက်လှမ်းဖို့အတွက်က ငွေရေးကြေးရေးနဲ့သွား မှရမှာလေ။ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ပြီး ကားတစ်ကားရိုက်ကူးမှဖြစ်မှာ။ အဲဒီ့အတွက် ငွေစု တော့စုနေတုန်းပဲ။ ဘယ်အချိန်ကျကာမှ ရိုက်ကူးဖြစ်မလဲတော့ မသိသေးဘူး” လို့ သားတွေ၊ သမီးတွေနဲ့ ဇာတ်ကားရိုက်ကူးချင်တဲ့အတွက် ပိုက်ဆံစုဆောင်းနေကြောင်းကို ဦးကျော်ထူး ကပြောပြပါတယ်။ ဟာသသရုပ်ဆောင် ဦးကျော်ထူးက သရုပ်ဆောင်အပြင် စာပေ တွေရေးသားနေတဲ့ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here