သီချင်းခွေထွက်ရှိတဲ့နေ့ကတော့ ဖူးအတွက်အဆုံးအဖြတ်ပေးမယ့်ေ န့ တ စ်ေ န့ ဖြ စ် လာ ဦး မှာ ပါ ဆို တဲ့ ဘီလီလမင်းအေး

0
269

အဆိုပြိုင်ပွဲတွေကနေ ပေါ်ထွက်လာတဲ့အဆိုတော်တွေအနေနဲ့ကတော့ အဆိုပြိုင်ပွဲပြီးဆုံးသွားတဲ့အခါ သူတို့ရဲ့နာမည် မပျောက်ကွယ်သွားစေဖို့ သီချင်းအသစ်တွေ ဖန်တီးရပါမယ်။ သီချင်းအသစ်တွေဖန်တီးပြီးလို့ ပရိသတ်ကိုချပြတဲ့အခါမှာ ပေါက်တဲ့သီချင်းဖြစ်ဖို့ကလည်း အရေးကြီးလှပါတယ်။ အခုဆိုရင်Myanmar Idol Season-2 ကနေ ထွက်ပေါ်လာတဲ့ အဆိုတော်မလေး ဘီလီလမင်းအေးတစ်ယောက် အခွေသစ်ထွက်ရှိဖို့ ပြင်ဆင်နေပါပြီ။ သီချင်းခွေထွက်ရှိမယ့်နေ့က သူမအတွက် အဆုံးအဖြတ်ပေးမယ့်နေ့တစ်နေ့ပါပဲလို့ဆိုတဲ့ ဘီလီလမင်းအေးက …

အဆိုပြိုင်ပွဲတွေကနေ ပေါ်ထွက်လာတဲ့အဆိုတော်တွေအနေနဲ့ကတော့ အဆိုပြိုင်ပွဲပြီးဆုံးသွားတဲ့အခါ သူတို့ရဲ့နာမည် မပျောက်ကွယ်သွားစေဖို့ သီချင်းအသစ်တွေ ဖန်တီးရပါမယ်။

“ကြိုးစားမှုကတော့ အမြဲတမ်းမရပ်ရဘူးပေါ့နော်။ ပြိုင်ပွဲတုန်းကတော့ မြန်မာအိုင်ဒေါမှာရှိပြိုင်ခဲ့တဲ့ ဘီလီလမင်းအေး ဆိုပြီးလူတွေကသိကြတယ်။ အဲဒီအချိန်မှာ လူတွေက ကိုယ့်ရဲ့ကိုယ်ပိုင်သီချင်းတွေကို မျှော်လင့်ကြတယ်။ ဖူးအနေနဲ့ ကတော့ နယ်မှာရှိတဲ့ဖျော်ဖြေတွေလည်းသွားတယ်။ ရန်ကုန်မှာရှိတဲ့ဖျော်ဖြေပွဲတွေမှာလည်း ပရိသတ်နဲ့ အဆက်မပြတ်အောင် ဖူးသီချင်းလေးတွေသီဆိုတယ်။ အဲဒီကြားထဲမှာ ဖူးရဲ့ပထမဆုံးတစ်ကိုယ်တော်စီးရီးကို မကြာခင်မှာ ထွက်ရှိနိုင်အောင်ဖူးလုပ် နေပါတယ်။

၉၉ရာခိုင်နှုန်းလည်း ပြီးနေပါပြီ။  ဒီသီချင်းခွေကလည်း ဘာပဲပြောပြော ကိုယ့်ရဲ့အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရမယ့် မှတ်တိုင်တစ်ခုဖြစ်တယ်ပေါ့နော်။ အဲဒီအတွက် ဖူးအများကြီး ကြိုးစားအားထုတ်ထားတယ်။ သီချင်းတွေကိုလည်းပဲ ပရိသတ်တွေအားပေးမယ်လို့ ဖူးထင်တယ်။ သီချင်းခွေထွက်ရှိတဲ့ နေ့ကတော့ ဖူးအတွက် အဆုံးအဖြတ်ပေးမယ့် နေ့တစ်နေ့ ဖြစ် လာဦးမှာပါ”လို့ ပြောပါတယ်။

အရင်တောင်ကြီးက သာမန် ကောင်မလေး ဘီလီလမင်းအေးနဲ့ လက်ရှိဘီလီလမင်းအေး ဘာ တွေကွာခြားသွားပြီလဲလို့မေးတဲ့အခါ “ကွာခြားချက်ကတော့ အများကြီးပေါ့နော်။ ပြိုင်ပွဲတုန်းကတော့ ကိုယ့်ကို တီဗီကနေ ရော၊ You Tube  ကနေရော၊ ဖူးတို့ပြိုင်ပွဲဝင်တွေရဲ့ စတိတ်ရှေ့ ကနေ Judge လုပ်ပေးနေတဲ့ ဒိုင်တွေရော အားလုံးက ကြည့် နေပြီးတော့မှ ကိုယ့်ကိုအဆုံးအဖြတ်ပေးနေတာဖြစ်တဲ့အတွက် အမှားအယွင်းများပါခဲ့ရင်ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ပေါ်မှာ Perform လုပ်ခဲ့ရတာပေါ့။

ဒါပေမဲ့အခုချိန်မှာတော့ ကိုယ်က ကိုယ့်ကို အား ပေးတဲ့ပရိသတ်လည်းရှိတယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် မို့လို့ ပရိသတ်ကို ဘယ်လိုအကောင်းဆုံးဖျော်ဖြေမလဲဆို တဲ့စိတ်မျိုးနဲ့ စင်ပေါ်မှာဖျော်ဖြေရတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လွတ်လွတ်လပ်လပ် ဖျော် ဖြေခွင့်ရှိတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်လာရင်တော့ အဲဒီလို အပြောင်းအလဲလေးတွေရှိပါတယ်”လို့  သူမကပြောပါတယ်။ ဘီလီတို့ မြန်မာအိုင်ဒေါက နောက်ထပ်ပြိုင်ပွဲဝင်မယ့် မျိုးဆက် သစ်တွေကိုကော ဘီလီ ဘာများပြောချင်ပါသေးလဲလို့မေးတဲ့ အခါ…

“သီချင်းများများနားထောင်ပါ။ ပြိုင်ပွဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေပေါ့။ Myanmar Idol  ပြိုင်လို့ရှိရင် စိတ်ညစ်ရမယ်။ ဝမ်းသာရမယ်။ ပျော်ရွှင်ရမယ်။ အခက်အခဲ၊ အတိုက်အခိုက်တွေ အများကြီး၊ အများကြီး ကြုံလာရမှာပါ။ ဒီအခက်အခဲ၊ အတိုက် အခိုက်တွေကို ကိုယ်ကကြည့်နေရင် ကိုယ်သွား မယ့် Target ပျောက်သွားပါမယ်။ ဆိုတော့ ကိုယ်ယူသင့်တာကိုယူ၊ ဖယ်သင့်တာကိုဖယ်ပြီး တော့မှ ကိုယ်သွားရမယ့် ပန်းတိုင်ကို အရောက် သွားပါလို့ ဖူးကပြောချင်ပါတယ် “လို့ ပြောပြခဲ့ ပါတယ်။

 မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here