Monday, March 31, 2025

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR) နေပြည်တော်သို့ရောက်ရှိလာ

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR)သည် ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် မတ် ၃၀ ရက်ည ၁၁ နာရီက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည်...

တရုတ်ကယ်ဆယ်ရေးဆေးအဖွဲ့ကိုကျေးဇူးတင်ကြောင်းနစကဥက္ကဌပြော

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အချိန်မီကူညီပေးခဲ့သည့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးအဖွဲ့ဝင်များကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ ဥတ္တရသီရိပုဂ္ဂလိကဆေးရုံသို့သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်...

လူသားချင်းစာနာမှုအကူညီပေးအပ်ရာ၌လွယ်ကူချောမွေ့စေရန်ချက်ခြင်းအပစ်ရပ်ဖို့စင်္ကာပူတောင်းဆို

စင်္ကာပူ၊မတ် ၃၀ စင်္ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန်ဘာလားခရစ်ရှနန်က ကယ်ဆယ်‌ေရး လုပ်ငန်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး ကို ချက်ချင်းလုပ်ဆောင်ရန်တောင်းဆိုလိုက်ကြောင်းသိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့၌ သောကြာနေ့က...

လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၀၀၀)ဦးကျော်ဖြင့်ဆောင်ရွက်လျက်ရှိ

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အများစု၌ မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများပျက်စီးချို့ယွင်းမှုများဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက...
HomeEntertainmentမြို့ ကြီး ၅...

မြို့ ကြီး ၅ မြို့ မှာ အသံစစ်ဆေးမှုများစတင်နေပြီဖြစ်တဲ့Myanmar Idol Season 3

မြန်မာတစ်နိုင်ငံလုံးမှ ရွက်ပုန်း သီးဂီတဝါသနာရှင် လူငယ်များရဲ့ ဂီတအိပ်မက်များအတွက် Myanmar Idol Season 3ကို အရင်နှစ်များနဲ့ မတူ တစ်မူထူးခြားတဲ့ အစီအစဉ် သစ်များနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမှာ တော့ Myanmar Idol Season 3 ရဲ့အသံစစ်ဆေးမှုများကို ဇန်နဝါရီလ ၂ဝ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေက မန္တလေးမြို့မှာ စတင်ခဲ့ပြီဖြစ်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက် နေ့မှာတောင်ကြီးမြို့၊ ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ မကွေးမြို့၊ ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ရက်နေ့ မှာ ပုသိမ်မြို့၊ ဖေဖော်ဝါရီ လ ၂ဝ ရက် နေ့နဲ့ ၂၂ရက်နေ့တွေမှာတော့ ရန်ကုန် မြို့မှာ အသံစစ်ဆေးမှုတွေကို ပြုလုပ် သွားမှာဖြစ်ပါတယ်။

အဆိုပါမြို့ကြီး ၅ မြို့နဲ့နီးစပ်တဲ့ မြို့များဖြစ်တဲ့ မုံရွာ၊ မိုးကုတ်၊ ကလော၊ အင်းလေး၊ ပုဂံ၊ရေနံချောင်း၊ပြည်၊ တောင်ငူ၊ ဘားအံ၊ မော်လမြိုင်၊ ပဲခူးစတဲ့ မြို့၁၁ မြို့ကိုလည်း Mobile Casting အဖွဲ့နဲ့သွားရောက်ပြီး အသံစစ် ဆေး လူရွေးချယ်မှုများ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။

ထို့အပြင် အခုနှစ် များတွင် အစီအစဉ်သစ်တစ်ရပ် အနေဖြင့် မြစ်ကြီးနား၊ ကျိုင်း တုံ၊ လားရှိုး၊စစ်တွေနဲ့ မြိတ်မြို့များကို လည်း Mobile Casting အဖွဲ့ဖြင့် သွားရောက်ကာ အသံစစ်ဆေး လူ ရွေးချယ်မှုများကိုလည်း ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။

မြို့ကြီး၅မြို့ မှ ရွေးချယ်ထားတဲ့ လက်ရွေးစင်အဆို ဝါသနာရှင်များကိုတော့ ရန်ကုန်မြို့ မှာ ပြိုင်ပွဲအဆင့်ဆင့်ကို ဆက်လက် ယှဉ်ပြိုင်စေမှာဖြစ်ပြီး Myanmar Idol Season3 ရဲ့Winner ဆုရှင် အဖြစ် အကောင်းဆုံး အဆိုရှင်တစ်ဦး ကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။Winner အဖြစ်ရွေးချယ်ခံရသူကိုတော့ တေးစီးရီး Album တစ်ချပ်ထုတ်ပေး မယ့်အပြင် ငွေကျပ်သိန်း၅ဝဝချီးမြှင့် မှာဖြစ်ပါတယ်။

Myanmar Idol Season 3 မှာ မြန်မာပြည်သိန်း တန်၊ ရန်အောင်၊ မျိုးကျော့မြိုင်၊ တင် ဇာမော်တို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါ ဒိုင် ၄ ဦးက မြို့၅မြို့ အသံစစ်ဆေး မှုများမှစပြီး ပြိုင်ပွဲအဆင့်ဆင့်တွင် အသံစစ်ဆေး လူရွေးချယ်မှုကို ပြု လုပ်ပေးသွားမှာဖြစ်ကာ ပြိုင်ပွဲဝင် ကာလတစ်လျှောက်လုံး ပါဝင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ Myanmar Idol Season 3 မှာHost အဖြစ် ကျော်ထက်အောင်က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ Myanmar Idol Season 3 ကိုတော့ ဧပြီလထဲမှာထုတ်လွှင့်ပြသ သွားမှာဖြစ်ကြောင်းသိရပါတယ်။

P.038

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071