အဆိုတော်သက်တမ်းတစ်လျှောက်မှာ ဘယ်သူ့ကိုမှ ထိုးနှက်တိုက်ခိုက်တာမျိုးမလုပ်ခဲ့ဘူး ဖြူဖြူကျော်သိန်း

0
143

တေးရေးဂီတစာဆိုကိုလေးလွင်အမှတ်တရ ရွှေသီချင်းများအခွေတွင် ဖြူဖြူကျော်သိန်းက ပလေးဘွိုင်းသန်းနိုင်သီ ဆိုထားတဲ့ ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေးသီချင်းကိုပြန်လည်သီဆိုထားပါတယ်။ ဒီသီချင်းမှာတော့ အောင်ထက်လည်း ပါဝင်သီဆိုပေးထားပါတယ်။ဒီသီချင်းကို ပြန်လည်သီဆိုဖြစ်ခြင်းနဲ့ပတ်သက်လို့ ဖြူဖြူကျော် သိန်း က…

”ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေးကတော့ အန်ကယ်လေးဘွိုင်းဦးသန်းနိုင်နဲ့ အန်တီ အယ်လ်ခွန်းရီတို့ Version လေးကိုဆိုလည်း ကိုယ်တအားကြိုက်ခဲ့တယ်။ ငယ်ငယ်လေး ကတည်းကနားထောင်ခဲ့တယ်။ အခုဦးလေးလွင်သီချင်းလေးတွေကိုပြန်လုပ်တဲ့ ပရိုဂျုစာ ရှိတော့လည်း ကိုယ့်ကိုယ်ယုံ ယုံကြည်ကြည်နဲ့ လာအပ်နှံတာတအားကျေးဇူးတင်တယ်။ ပြီးတော့ဖြူဖြူအနေနဲ့လည်းကိုယ် Interpretation ပြန်လုပ်လို့ ဖြစ်နိုင်တယ်လို့ယုံကြည် တဲ့သီချင်းလေးမို့လို့လည်း လက်ခံတာပါ။ဖြူဖြူ အတွက် Interpretation ပြန်လုပ်လို့ ခက်တဲ့ သီချင်းမျိုးဆိုရင်ဘယ်လောက်ပဲတောင်းပန်တောင်းပန်၊ ခြိမ်းခြောက် ခြိမ်းခြောက်၊ ငွေဘယ်လောက်ပုံပေးပုံပေး ဖြူဖြူဘယ်တော့မှ ပြန်ဆိုလေ့ မရှိဘူး။ ဖြူဖြူ အဆိုတော်သက်တမ်း၁၄နှစ်မှာ ပြန်ဆိုတေး အနည်းဆုံးအဆိုတော်တောင်ဖြစ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူ Interpretation လုပ် ဖို့ခက်တဲ့ သီချင်းတွေဆိုရင် ဘယ်လောက်ပဲပုံပေးပုံပေးမဆိုခဲ့ဘူး။ အဲဒီ့ အတွက် ကြောင့် ဒီနေ့အထိ ကိုယ့်ကို စိတ်ထဲမှာအငြိုးထားပြီးတော့ ဖုကြတဲ့ သူတွေလည်းရှိကြတာပေါ့လေ။ ဒါပေမဲ့ဖြူဖြူ နားလည်ပါ တယ်လေ။ အဓိကတော့ Professional Ethic ကို စောင့်ထိန်းဖို့ပဲဖြူဖြူ စဉ်းစားပါတယ်။ ဖြူဖြူရဲ့အဆိုတော်သက်တမ်းတစ်လျှောက်မှာ ဘယ်တစ်ဦး တစ်ယောက်ကိုမှ Artist အချင်းချင်းကိုလည်း Professionally ပဲဖြစ်ဖြစ် personal ပဲဖြစ်ဖြစ် ထိုးနှက်တိုက်ခိုက် တာမျိုးလည်းဖြူဖြူမလုပ်ခဲ့ဘူး။Professional Ethic ကိုဘယ်လို စောင့်ထိန်းလဲဆိုရင် ကိုယ်Interpretation လုပ်လို့ရနိုင်တဲ့သီ ချင်းမျိုးကိုပဲရွေးပြီးတော့ သီဆိုတယ်။ မလုပ်နိုင်မယ့်အရာကိုမဆို ဘူး။ဒါကလည်းအနုပညာဆိုပေမယ့် အလုပ်ဖြစ်တဲ့အတွက်ကြောင့် အလုပ်လို့လက်ခံမယ်ဆိုရင် ပိုက်ဆံရတာပေါ့။ဒါပေမဲ့ဖြူဖြူ ပိုက် ဆံရတိုင်းမလုပ်ခဲ့တာတွေအများကြီးပါ။ တစ်ယောက်နဲ့တစ် ယောက်ကအကြိုက်မတူကြဘူးပေါ့လေ။ ပြီးတော့တစ်ယောက်နဲ့ တစ်ယောက်က ကိုယ့်နားရဲ့Frequency နဲ့ကိုက်တယ်ဆိုရင် ကြိုက်တယ်ကောင်းတယ်လို့မြင်ကြမယ်။ ကိုယ့်နားရဲ့ Frequency နဲ့မကိုက်ရင်ကိုယ်ကမကြိုက်ဘူး ။ မကောင်းဘူး လို့မြင်မယ်။ လူလူချင်းလေးစားမှုနဲ့ကိုယ်ကယဉ်ယဉ်ကျေး ကျေးထုတ်ဖော်ပြောကြားကြမယ်ဆိုရင် ကမ္ဘာကြီးက ပို သာယာတာပေါ့။ဒါပေမဲ့ ဒါကဖြူဖြူကကန့်သတ်ပိုင်ခွင့် မရှိဘူး။ လူတိုင်းကကိုယ့်ဘဝဖြတ်သန်းမှု၊ ကိုယ့်ဘဝ ရပ်တည်မှု၊ ကိုယ့်ရဲ့ယုံကြည်မှုအရကိုယ်ဘယ်လိုလူလဲဆို တဲ့အပေါ်မူတည်ပြီးတော့ပဲ ကိုယ်ပြောဆိုမယ့်စကား ကိုယ်လုပ် မယ့်အလုပ်ကို လွတ်လွတ်လပ်လပ်ရွှေးချယ်ဆုံး ဖြတ်ကြတာပါ။ ဒါပေမဲ့ယဉ်ယဉ်ကျေးကျေးလုပ်ကြရင် တော့ကမ္ဘာကြီးကသာယာတာပေါ့။ ကုသိုလ်တွေ ဖြစ် ကြတာပေါ့”လို့ ပြောပါတယ်။ ဖြူဖြူကျော်သိန်းက လှိုင်းတေးသံ သွင်း၏ နှစ်၅ဝမြောက်ရွှေရတုသီချင်းများအခွေတွင် ခင်မောင်တိုးရဲ့ ဆည်း လည်းလှိုက်သံသီချင်းကိုလည်း ပြန်လည်သီဆိုထားပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here