ရွှေမှုံရတီရဲ့လက်ရှိအချစ်ရေး အခြေအနေက ဘယ်လိုရှိနေလဲ

0
167

သရုပ်ဆောင်ရွှေမှုံရတီက ဒါရိုက်တာ ဝင်းထွန်း ထွန်းရိုက်ကူးပုံဖော်ထားတဲ့ ‘ငယ်ကျွန်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတ္တကြီးတဲ့ မိန်းမ တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

ဒီဇာတ်ကားမှာဆိုရင် ရွှေမှုံရတီက စိုးမြတ်သူဇာ နဲ့ အတူ အပြိုင်သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းတွေ ကများပါတယ်။ ဒီ့အတွက်သူဘယ်လိုကြိုးစားခဲ့လဲ ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီး သူ့ရဲ့ ကျေနပ်အားရမှုကလည်း

”ဒီထဲမှာကတော့ ငွေမရှိပေမယ့် အတ္တကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လေးက လုပ်ခွင့်ရတယ်။ အဲဒီ အတွက် ကျေနပ်မှုရှိပါ တယ်။ ဒီဇာတ်ကားလေး ကိုယ့်ကိုလာအပ်တယ်ဆိုကတည်းက ကိုယ့်ကိုယုံကြည်မှုရှိ လို့ဆိုတဲ့ စိတ်တစ်ခုနဲ့ လက်ခံလိုက်တာ ပေါ့နော်။ ယုံကြည်စွာအပ်နှံပေးတဲ့ သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အိုက်တင်ကတော့ ဘယ်အိုက်တင်ပဲဖြစ် ဖြစ် ခက်ခဲတာချည်းပဲပေါ့နော်။ ညီမတို့ အနုပညာသည်တွေ ကတော့ အကုန်ကြိုးစားပြီး လုပ်ရတာချည်းပဲ။ အဲဒီလိုဆိုတော့ ဘယ်အရာမှ ပိုပြီးခက်ခဲတယ် ဆိုတာတော့ မရှိပါဘူး။ အရာရာ တိုင်းကတော့ စိတ်ထည့်ကြိုးစား အားထုတ်မှုကတော့ ရှိခဲ့ တာချည်းပါပဲ။ ဒီဇာတ်ကားမှာ မကြီးစိုး (စိုးမြတ်သူဇာ)ကလည်း သင်ပြပေးတယ်။ ဒါရိုက်တာကလည်း သင်ပြပေးတော့ အခက် ခဲကတော့ တော်တော့်ကိုနည်းပါတယ်။ ဒါပေမဲ့ ညီမအနုပညာ လုပ်ခဲ့တာ ၅ နှစ်ကျော် ၆နှစ် ဆိုပေမယ့်လည်း ညီမကိုယ့်ကိုယ် ကိုယ်ကျေနပ်အားရမှုကတော့ တအားနည်းပါတယ်။ ဒါပေ မဲ့ ကိုယ့်ကိုတင်ပေးတဲ့ ပရိုဂျူဆာတွေ စီနီယာအစ်ကိုအစ်မ တွေ ဒါရိုက်တွေ ကျေနပ်အားရမှုရှိတယ်ဆိုရင် ညီမ အတွက် ပီတိဖြစ်ရပါတယ်။ ပရိသတ်တွေရောပေါ့နော်” လို့ ရွှေမှုံရတီကပြောပြပါတယ်။

ဒီဇာတ်ကား ထဲမှာပြောရတဲ့ ဒိုင်ယာလော့ခ်တစ်ခု စကားတစ်ခုဟာ သူ့ရဲ့ခံယူချက်နဲ့တူကြောင်းကို ရွှေမှုံ ရတီက …

”ဒီငယ်ကျွန်ဇာတ်ကားထဲက စကားတစ်ခွန်းက တော့ ကိုယ်နဲ့ တအားတူတယ်။ အသက်ထက်ပိုချစ်တယ်။ ဒီစကားက သဲရဲ့ခံယူချက်နဲ့တူတယ်။အဲဒီကြောင့် ဒီစကားလေး ကို တကယ့်ကိုလေးလေးနက်နက်နဲ့ကို ပြောခဲ့တာ။ဘုရားပေါ် မှာပြောရတဲ့စကားကိုလည်း ရင်ထဲက လေးလေးနက် နက်နဲ့ကိုပြောခဲ့တာ။ ဘုရားရှေ့မှာတော့ လိမ် လို့မရဘူးလေ။ သရုပ်ဆောင်တယ်ဆိုပေ မယ့်လည်း အဲဒီစကားကို တကယ်ရင် ထဲပါလို့ ပြောခဲ့တာပါ” လို့ပြော ပါတယ်။

သူမဟာ အချစ်ကြီးတဲ့ မိန်းကလေး တစ်ယောက်ဖြစ် ကြောင်းနဲ့ အခု လက်ရှိ သူ့ရဲ့ အချစ်ရေး အခြေအနေကို ရွှေမှုံရတီက…

”အချစ်ကတော့ တအား အချစ်ကြီးပါတယ်။ မိန်းကလေး တွေ တော်တော်များများကတော့ အချစ်ကြီးကြပါတယ်။ ညီမလည်း မိန်း ကလေးတွေထဲက မိန်းကလေးတစ် ယောက်ပဲဆိုတော့ ပိုဆိုးတာပေါ့နော်။ အချစ်ရေးကတော့ ဖေ့စ်ဘုတ်ခ်တွေမှာ ပြန်ရှာကြည့်ရင် သဲဘာလဲဆိုတာ တွေ့မှာ ပါ။ သဲဘာလဲ ဆိုတာတော့ မပြောတော့ပါဘူး” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here