အဆို၊ အက၊ သရုပ်ဆောင်ဘက်ကို ဦးစားပေးလုပ်ဆောင်သွားမယ့် မော်ဒယ် ဇွန်သဉ္ဇာ

0
252

မော်ဒယ်ဇွန်သဉ္ဇာက တော့ သူမရဲ့ Sexy Photos ပုံတွေကြောင့် ဇာတ်သဘင်ဖျော်ဖြေပွဲ တွေမှာ ဖျော်ဖြေ ခွင့်တွေကို လည်း ပိတ်ခံခဲ့ရပါတယ်။ ဒီလို ပိတ်ခံရခြင်းအပြင် သဘင်အစည်း အရုံးကိုလည်း ခံဝန်ကတိတွေပေးပြီး အခုဇာတ်သဘင်ဖျော်ဖြေပွဲတွေမှာ ပြန်လည်ဖျော်ဖြေခွင့်ရရှိသွားပြီ ဖြစ် ကြောင်းကိုတော့ ဇွန်သဉ္ဇာက…

”ညီမကို ချောက်မြို့ အေး စေတီ ဘုရားပွဲမှာ ဖျော်ဖြေဖို့ အတွက် ဇွန် ကိုငှားထားခဲ့ တယ်။ အဲဒီနေ့မှာပဲ မကွေး တိုင်း သဘင်ဥက္ကဋ္ဌက ခံဝန်ကတိတွေ ဖောက်ဖျက်ပါတယ်ဆိုပြီး ကန့် ကွက်စာတွေထုတ်ပြီး ပိတ်လိုက်တယ်။ ခံဝန်ကတိ ဘာတွေဖောက်ဖျက်ထား လဲဆိုပြီး ညီမပြန်ကြည့်လိုက်တော့ လွန် ခဲ့တဲ့ ဧရာဝတီတိုင်းက ပွဲတစ်ပွဲမှ ပွဲစီ စဉ်သူက အဆိုတော်ပုံ သုံးတဲ့အခါမှာ ညီမ ရဲ့Online က တအား ဟော့ပ်တဲ့ပုံတွေ ကိုသုံးခဲ့တာ ကြောင့် သဘင် အစည်း အရုံးက ခေါ်ပြီးဇွန်ကို အဲဒီပွဲကို မသွားဖို့ တားမြစ်ခဲ့တယ်။ ဇွန်ကလည်း မသီဆို ဖို့ကတိပေးခဲ့တယ်။ ဇွန်က ကိုယ့်အတွက် ထိခိုက်သွားတဲ့ ပွဲရှင်ကို တောင်းပန်ဖို့သွားခဲ့တယ်။ အဲဒီမှာ ပရိသတ်တွေရဲ့ တောင်းဆိုမှုနဲ့ သီဆိုခဲ့တယ်။ အဲဒီ ကိစ္စကို တစ်နှစ်ကျတော့မှ သဘင် အစည်းအရုံးကနေ ခံဝန်ကတိဖျက် တယ်ဆိုပြီး ပိတ်တာပါ။ သဘင်အစည်း အရုံးကိုလည်း ညီမရှင်းပြခဲ့တယ်။ သီဆို ဖျော်ဖြေတဲ့ အခါမှာလည်း လုံခြုံတဲ့ အဝတ် အစား တွေနဲ့ သီဆိုဖို့အတွက် ကတိပြုခဲ့ပြီ။ အခု ညီမပြန်လည်ဖျော်ဖြေခွင့် ရရှိသွားပါပြီ”လို့ ပြောပါတယ်။

Sexy Photos မော်ဒယ်ဘဝ ကို ရောက်မှန်းမသိ ရောက်ရှိသွားခဲ့တဲ့ အကြောင်းကိုလည်း ဇွန်သဉ္ဇာက အခုလိုပြော ပြခဲ့ပါတယ်။

”Sexy Photos ရိုက်ကူးလာတာ ကလည်း မော်ဒယ်သင်တန်းတက်ပြီး ကောက်ကြောင်းပေါ်တဲ့ ပုံလေးတွေ ကို Facebook ပေါ်မှာ တင်ခဲ့တယ်။ အဲဒီပုံလေးတွေကို ပရိ သတ်က ကြိုက်ပြီး Like တွေ များလာတယ်။ အဲဒီအတွက် အဝတ် အစားတွေလည်း ဟော့ပ်တာလေးတွေဝတ်ပြီး ဓာတ်ပုံရိုက်ကူးရင်း Sexy မော်ဒယ်လမ်းကြောင်းပေါ် ရောက်မှန်းမသိ ရောက်ရှိလာ ခဲ့တယ်။ ကိုယ့်မှာလည်း တခြားရွေးစရာ လမ်းမရှိခဲ့ဘူး။ ညီမမှာ အနုပညာ မျိုးရိုးလည်းမရှိဘူး။ ဇာတ်ကားတွေ ရိုက်ကူးဖို့လည်း ငွေကြေး နောက်ခံ ဘာမှမရှိဘူး။ အိမ်ကလူတွေကလည်း အားမပေး ဘူး။ ကိုယ်တစ်ယောက်တည်း ရပ်တည်ရတဲ့အတွက် Sexy ပုံလေး တွေ Facebook ကနေတစ်ဆင့် Promotion ဆင်းခဲ့တယ်။ အဲဒီလမ်းကြောင်းလေးတစ်ခုတည်းနဲ့ ဒီအနုပညာလောက ကို ရောက်ရှိလာခဲ့တာပါ။ ဒီ Sexy Photos ပုံ အသစ် တွေ ထပ်မရိုက်ကူးတာ တစ်နှစ်လောက် ရှိပါပြီ။ နောက်ထပ်လည်း ထပ်ရိုက်ကူးဖို့ မရှိ တော့ ပါဘူး။ ၉ဝ%လောက်ကို စွန့်လွှတ် ပြီး တော့ အဓိက အဆို၊ အက၊ သရုပ် ဆောင်ဘက်ကို ဦးစားပေးလုပ်ဆောင် သွားဖို့ရှိပါတယ်”လို့ သူကဆိုပါ တယ်။

ချယ်ရီ

Photo:YeGyi


LEAVE A REPLY

Please enter your comment!
Please enter your name here