The Voice Myanmarသီချင်းဆို ပြိုင်ပွဲမှာ Coach အ ဖြ စ်ေ ဆာ င် ရွ က် နေ တဲ့ကျားပေါက်

0
174

ကျားပေါက်က The Voice Myanmar  သီချင်းဆိုပြိုင်ပွဲမှာ Coachအဖြစ်ဆောင်ရွက်ပေးနေပါတယ်။ ပြိုင်ပွဲဝင်များကိုတော့ သူ့ အနေနဲ့ ဂီတနဲ့ပတ်သက်လို့ အကောင်းဆုံးဖြစ်အောင် သင်ကြား ပြသ ပေးသွားမှာဖြစ်ပြီးWinner ဆုမရရင်တောင် Music Industry ထဲမှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိသွားမယ်ဆိုရင်ပဲ ကျေနပ်ပြီလို့ ကျားပေါက်ကပြောပါတယ်။

” မင်း ဘာဆိုချင်လဲလို့ ကျွန်တော်မေးတယ်။ သူတို့စိတ်ထဲမှာ လုပ်ချင်နေတဲ့Music အမျိုးအစားကို ကျွန်တော်ကသိရမယ်။ အဲဒီလိုသိရတော့မှ ဆက်ပြီးတော့ ကျွန်တော်လုပ်ပေး လို့ရမယ်။ သူမကြိုက်တာ ကြီးတစ်ခုကို ကိုယ်ကအတင်း လိုက်လုပ်ပေးနေ ရင်လည်း သူစိတ်မပါဘဲ ဆိုနေရတာပဲ ဖြစ် မယ်။ ကိုယ်ဘာကြိုက်မှန်းမှ ကိုယ်မသိဘူး ဆိုရင်လည်း အဲဒီလူက ဘာမှသိပ်ဖြစ်လာ နိုင်စရာအကြောင်းမရှိဘူး။ ဒါပေမဲ့ အကုန်လုံးက ရှိကြပါတယ်။ သူတို့မှာ သူတို့တကယ်တမ်းလုပ်ချင်တဲ့ အရာ ပေါ့။ ဆိုတော့အဲဒါကိုမှ ကျွန်တော်က ပြိုင်ပွဲဘောင်လေး အတွင်းမှာလည်း ဝင်အောင် ကြားထဲကနေလိုက်ပြီး တော့Level လေးလိုက်ချိန်ပေးရ တာပေါ့”လို့ ဒီပြိုင်ပွဲမှာ Coach အနေနဲ့လုပ်ဆောင်ပေးမှုအပိုင်း ကို ကျားပေါက်ကပြောပါတယ်။

ပြိုင်ပွဲဝင်များအနေနဲ့Winner ဆုရရှိပြီးတဲ့အခါ ဘယ် လိုမျိုးတွေ ဆက်လက်ပံ့ပိုးပေး သွားဖို့ရှိဦးမလဲလို့ ဆက်မေး တော့. “ပွဲပြီးဆုံးသွားတဲ့အခါကျ ရင် ဘယ်သူက ဘယ်လောက် လိုက်လုပ်နိုင်လဲ ဆိုတာသိသွား မှာပဲလေ။ အဲဒီ့အခါကျတော့ ဟို ဘက်မှာ ကျွန်တော့် Production ရှိတယ်။ ရုပ်ရှင်သီချင်းတွေ တီး တာတွေလည်းရှိတယ်။ ပြီးတော့ ချန်နယ်တွေကဒီဘက်မှာပွင့်ထား ပြီးပြီ။ အနည်းဆုံး ကျွန်တော်က ဘယ်သူကဘယ်အသံရှိတယ်၊ ဘယ် လိုမျိုးနဲ့ လိုက်ဖက်တယ်ဆိုတာ ကျွန်တော်သိထားရင် နောက်ဆုံးကျ တော့ ကိုယ်တကယ်ခေါ်သုံးလို့ ရတဲ့ အခါကြရင် ခေါ်သုံးလို့ရတာပေါ့။ နောက်ပြီးတော့Winner မရတဲ့သူက အခွေ လည်းထွက်မှာလေ။ အခွေထွက်တဲ့အခါ လည်း ကျွန်တော်တို့ပဲ ဆက်ပြီးတော့ ပံ့ပိုးပေး ရမှာပဲလေ။ ရေးစရာရှိတာရေးပေး၊ တီးစရာရှိ တာ တီးပေးပေါ့” လို့ ကျားပေါက်ကပြောပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here