ဘောက်ဆင် ကစားသမား တစ်ယောက်လို ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပြတဲ့ အောင်ရဲလင်း

0
149

သရုပ်ဆောင်အောင်ရဲလင်းက လာမယ့် ၅ လပိုင်းလောက်မှာ ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားရိုက်ကူးသွား ဖို့ရှိတယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာ သူက ဘောက်ဆင်ကစား သမားတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ပါဝင်သရုပ်ဆောင်သွားရမယ်လို့ သိရပါ တယ်။ ဒီကာရိုက်တာအတွက် လမယ့် ၄ လပိုင်းတစ်လလုံးကို လေ့ ကျင့်မှု များပြုလုပ်သွားမှာဖြစ်ကြောင်း အောင်ရဲလင်းကဆိုပါတယ်။

”ကျွန်တော် ၅ လပိုင်းလောက်မှာ ရုပ်ရှင်တစ်ကားရိုက်ဖို့ရှိတယ်။ ရိုက်ကူးဖြစ်ဖို့ ၉ဝ ရာခိုင်နှုန်းတော့ ကျိန်းသေသွားပြီပေါ့။ တကယ်လို့ ရိုက်ဖြစ်သွားပြီဆိုလို့ရှိရင် ကျွန်တော် ၄ လ ပိုင်းတစ်လလုံးကို ကျွန်တော် ထရိန်နင် လုပ်ရမယ်။ ဒါရိုက်တာကလည်း ကိုဝင်းထွန်းထွန်းပဲ။ ထရိန်နင် တစ်လလုံးလုပ်ဖို့ရှိတယ်။ ၅လပိုင်း ၁ဝ ရက် နေ့လောက်မှာရိုက်မယ်။ဆိုတော့ ၅လပိုင်း ၄၅ရက်လောက်ထိ လုပ်သွားဖို့ရှိပါတယ်။အဲဒီကားလေး ကျတော့လည်း ထူးခြားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကာရိုက်တာကလည်း ၂မျိုးပဲ။တစ်မျိုးကတော့ THE one Championship ထဲကလို ဘောက်ဆင်သမား လူတစ်ယောက်။ အဲဒီအတွက် ကျွန်တော် ထရိန်နင်လုပ်ဖို့ ရှိတာ ပေါ့နော်။ နောက်တစ်မျိုးလည်းရှိသေးတယ်။ ပါဝင်မယ့် မင်းသားတွေကတော့ လောလောဆယ်သိထားတာ ကိုရန်လေးပါမယ်။ ကိုရဲမင်းပိုင်ပါမယ်လို့ လည်းကြားတယ်။ ဒါပေမဲ့ သေချာလား မသေချာလားတော့ ကျွန်တော် သေချာ မသိသေးဘူး။ မပြောတတ်သေးဘူး ခင်ဗျ” လို့ပါဝင်မယ့် သရုပ်ဆောင် များကိုလည်း အောင်ရဲလင်းက ခန့် မှန်းပြောပြသွား ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ အောင်ရဲလင်းပါဝင် သရုပ် ဆောင်ထားတဲ့ ‘ငယ်ကျွန်’ ရုပ် ရှင်ဇာတ်ကားကြီး ရုံတင် ပြ သနေပြီဖြစ်ပါတယ်။ ဒီ ရုပ် ရှင် ဇာတ်ကားမှာ အောင် ရဲလင်းက…

”ရှေ့ပိုင်းမှာတော့ အေးအေးလေးနဲ့ အမေ ချစ်တဲ့သား။ နောက် ပိုင်းမှာကတော့ ဆေး သမား ဖြစ်သွားတယ်။ ပုံစံ ၂မျိုး ကွဲအောင် ကျွန်တော် သရုပ်ဆောင် ထားပါတယ်။ရှေ့ပိုင်း ကာရိုက်တာတွေက တော့ ငြိမ်ငြိမ်လေး လုပ် ရတာဆိုပေမယ့် အဲဒါက လည်း အနည်းနဲ့အများ တော့ခက်တယ်။ ဘာလို့လဲ ဆိုတော့ တည်တည်ငြိမ်ငြိမ်ဖြစ် အောင် လုပ်ရတယ်။နောက်ပိုင်း ဆေးသမားကာရိုက်တာကျတော့ လည်း အဲဒီမုပျောက်မသွားအောင် အမြဲတမ်းပါပါနေအောင် ဂရုစိုက် လုပ် ရတယ်ပေါ့နော်။ ကြည့်ရှုရတဲ့သူတွေ ဒီအငွေ့အသက်ရအောင် လုပ်ရတယ်။ ၂ပိုင်းစလုံးကတော့ ခက်တယ်လို့ပြော ရ မှာပေါ့လေ။ ဒီဇာတ်ကားက အမှန်အတိုင်း ပြောရရင် ကျွန်တော့်အတွက်က ဆင်န်း တိုင်းကခက်တယ်။ မကြီးစိုးနဲ့ပဲဖြစ်ဖြစ်၊ ရွှေမှုံရတီနဲ့ပဲဖြစ်ဖြစ်၊ အန်ကယ်လေး (လူမင်း)နဲ့ပဲဖြစ်ဖြစ် ဘယ်သူနဲ့ပဲတွေ့တွေ့ ကျွန်တော့်အတွက်က ခက်တယ်” လို့ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here