LGBT မှာလည်း စိတ်ထားကောင်းပြီး ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ အများကြီးရှိတယ် ရပ်ဆဲလ်

0
123

အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှ အနုပညာလောကထဲကို သရုပ် ဆောင်ရော တင်ဆက်သူအဖြစ်ပါတွေ့ မြင်နေရတဲ့ အဆိုတော် ရပ်ဆဲလ်ဟာ ဒရာမာဇာတ်ကားတွေ ရိုက်ကူးဖြစ် လာသလို ကမ်းလှမ်းလာတဲ့သူရှိလာခဲ့ရင် မိန်းမလျာဇာတ်ကောင် အနေ နဲ့လည်း သရုပ်ဆောင်ချင်တယ်လို့ ပြောပါတယ်။

”ကျွန်တော်ကတော့ သရုပ်မ ဆောင်ဖူးသေးတဲ့ ကာရိုက်တာမျိုးပေါ့ နော်။ မိန်းမလျာဇာတ်ကောင်ကို သရုပ်ဆောင်ချင်ပါတယ်။ မိန်းမလျာ လို့ ပြောလိုက်ပြီဆိုတာနဲ့ ကျွန်တော် တို့ ရုပ်ရှင်လောကမှာ တွေ့မြင်နေရ တဲ့ မိန်းမလျာဇာတ်ကောင်က ဟာသ ကြီးတစ်ခုဖြစ်နေတယ်။ မိန်းမလျာဆို တာနဲ့ လူတွေက လက်ညှိုးထိုးပြီး ရယ်ချင်အောင် ရုပ်ရှင်လောကက ဖော်ပြကြတယ်။ အဲဒါကို ကျွန် တော်မဖြစ်စေချင်ဘူး။ ဘာလို့ လဲဆိုတော့ ဒီမိန်းမလျာ LGBT ဆက် သွယ်ရေးမှာလည်း တကယ်စိတ်ထား ကောင်းပြီးတော့ ကိုယ်ကျင့်တရား ကောင်းတဲ့သူတွေအများကြီးပဲ။ သူတို့ ဒီရုပ်ရှင်တချို့မှာ ဟာသကြီးလုပ်နေရ တဲ့ဟာက လူတွေကိုစော်ကားသလိုလည်း ဖြစ်တယ်။ အဲဒါအတွက် ကျွန်တော့် ကိုကမ်းလှမ်းလာတဲ့သူတွေရှိရင်တော့ မိန်းမလျာတွေကို ကိုယ်စားပြုတဲ့ ဇာတ်ကားမျိုး အနုပညာပေးဇာတ်ကား ကျွန်တော်ရိုက်ကူးချင်ပါတယ်”လို့ ရပ်စဲလ်က ပြောပါတယ်။

မကြာသေးခင်ကလည်း အဆို တော်ရပ်ဆဲလ်ဟာ သူလေးစားအား ကျရသူဖြစ်တဲ့ နာမည်ကြီးအဆိုတော် နဲ့ နားလည်မှုလွဲသွားတဲ့ ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီကိစ္စအ တွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရပုံကို . . .

”ဖေ့စ်ဘုတ်ခ်မှာ ဂယက်ကြီးထသွားပါ တယ်။ ဒါကတော့ အန်ကယ်နဲ့ ကျွန် တော့်ကိစ္စပါ။ တော်တော်များများက လည်းမေးကြပါတယ်။ အခုတော့ အဆင်ပြေသွားပါပြီ။ အဓိက ကတော့ နှစ်ယောက်သား နားလည်မှု လွဲသွားကြတာပါ။ ကျွန်တော်က ဖြစ်ဖြစ်ချင်း ကတည်းက Messenger ကြောင်လို့ ဖြစ်သွားတာကို သိတယ်။ အဲဒီအတွက် ကျွန် တော်လည်း လေးစားတဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ဘာမှပြန်မ ပြောခဲ့ပါဘူး။ အခုဗီဒီယိုတွေ တက်လာတဲ့အချိန်မှာလည်း အန်ကယ်လည်း ကျွန်တော့် အကြောင်းကိုသိလောက်မှာပါ။ အန်ကယ့်ကိုလည်း ကျွန်တော်အမြဲ တမ်း လေးစားပါတယ်”လို့ ရပ်ဆဲလ် က ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here