မကြာခင် ထွက်တော့မယ့် ရွှေထူး ရဲ့ Solo Album က ဘာတွေ ထူးခြားလေမလဲ

0
265

၂ဝ၁၈ နှစ်စပိုင်းထွက်မယ့် အဆိုတော်တွေရဲ့ တေးအယ်လ်ဘမ်တွေထဲမှာ ရွှေထူးရဲ့ ဒုတိယတစ်ကိုယ်တော် အယ်လ်ဘမ်လည်းတန်းစီလို့နေပါတယ်။ ဒုတိယတစ်ကိုယ်တော် အခွေလည်းဖြစ်ပြန်လေတော့ ပထမအခွေထက် အားစိုက်မှုက လျော့သွားလို့ မဖြစ်ဘူးနော်လို့ဆိုတော့….

”ပထမအခွေ စိတ်ကူးယဉ်စာအုပ်ကတော့ သီချင်းတိုင်းလိုလို ပရိသတ် တွေ ကြိုက်ကြတာပေါ့။ ဒုတိယအခွေမှာတော့ ကျွန်တော်က ကျွန်တော့်အကြိုက် ပုံစံလေးတွေလုပ်ထားတယ်။ ပထမ စိတ်ကူးယဉ်စာအုပ်လို ပုံစံလေးတွေ လည်း လုပ်ထားတယ်။ စိတ်ကူးယဉ်စာအုပ်ထဲကလို ပုံစံမျိုး ကတော့ သိတဲ့အတိုင်းပဲ ရွှေထူးပုံစံပေါ့။ ကျွန်တော့် စိတ်ကြိုက် ကျွန်တော်လုပ်ချင်တာတွေ လုပ်ပြထားတဲ့ပုံစံ လေးတွေလည်းပါတယ်။ အဲဒါလေးတွေကိုလည်း ဝေဖန်ပေးပါ။ အကြံပေးပါပေါ့။ ပုံစံအဆန်းတစ်ခုပေါ့။ ရွှေထူးမဟုတ်တဲ့ပုံစံလေးတွေလည်း ပါပါတယ်” လို့ ရွှေထူးက ပြောပါတယ်။ ရွှေထူးရဲ့ အခွေထွက်မယ် ဆိုရင် သေချာတာက Oasix, Y.zet, Lil’z, X.Box, ထက်ယံစသဖြင့် သူငယ်ချင်း အဆိုတော်တွေကတော့ ဝန်းရံကြမှာ အသေအချာပါ။ ဒီလိုမျိုး သူငယ်ချင်း တွေများစွာနဲ့ ချစ်ချစ်ခင်ခင် ပေါင်းသင်းဖြစ်တဲ့ သူငယ်ချင်းသံယောဇဉ်အကြောင်း ရွှေထူးကို အနည်းငယ်မေးမြန်းဖြစ်တဲ့အခါ….

”ကျွန်တော်က စိတ်မကောက်တတ်ဘူး။ ငယ်ငယ်လေးကတည်းက ကျွန်တော့်အပေါင်းအသင်းတွေ ရှိတယ်။ သူငယ်ချင်းတွေ စိတ်ကောက်နေလို့ရှိရင် ကျွန်တော်က ခေါ်လိုက်တယ်။ ထိုးမယ်။ တစ်ယောက်ချင်း ထိုးမယ်။ ပြီးလို့ ထိုးပြီးသွားရင် ပြန်ခေါ်မယ်။ မိန်းမကြီးတွေလို စိတ်မကောက်တတ်ဘူး။ စိတ်ကောက်တတ်တဲ့ ယောက်ျားကြီးတွေဆိုရင်လည်း ကျွန်တော်သဘောမကျဘူး။ ငယ်ငယ်လေးကတည်းက အဲဒီအကျင့်ဆိုတော့ သူတို့နဲ့လည်း အဲဒီအတိုင်းပဲ။ မကျေနပ်ရင် တဲ့တိုးမေးတယ်။ ကျွန်တော်တို့ကြားထဲမှာ စိတ်ကောက်တယ်ဆိုတာ မရှိဘူး။ မကျေနပ်ရင် တဲ့တိုးရှင်းကြတာချည်းပဲ။ အဲဒီအခါကျမှ ကိုယ်တွေလည်း စိတ်ထဲမှာ ရှင်းသွားတာ။ အဲဒီကျမှလည်း ကျွန်တော်တို့ သူငယ်ချင်း သံယောဇဉ်ဆိုတာ အရှည်ကြီး တည်မှာပေါ့” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here