Stress တွေများလို့ ကလေးမရနိုင်သေးတဲ့ သရုပ်ဆောင် ပွင့်နဒီမောင်

0
213

သရုပ်ဆောင် ပွင့်နဒီမောင်ရဲ့ အိမ်ထောင်သက်တမ်းက အခုဆိုရင် ၃ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီအချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်တဲ့အတွက် ရင်သွေးမယူသေးဘူးလားလို့ မေးတဲ့အခါမှာ ပွင့်နဒီမောင်က …

”ကလေးက မရတာ။ ခုချိန်မှာ တအား Stress တွေများတော့ မရတာလို့ ဆရာဝန်ကတော့ အဲဒီလိုပြောတယ်။ ဘာလို့လဲဆိုတော့ ပိုးအိတို့ အိမ်ထောင် စကျကျခြင်းမှာ ဖေဖေက ကျန်းမာရေးမကောင်းဘူး။ သူ့ကိုပဲ သေချာဂရုစိုက်နေရတယ်။ ပြီးတော့ စီးပွားရေးစလုပ်လိုက်တဲ့ အချိန်က အဲဒီလို မဟုတ်ဘဲနဲ့ စီးပွားရေးအတွက်လည်းပူရ အဖေရဲ့ ကျန်းမာရေးအတွက် လည်း ပူရဆိုတော့ Stress တွေ တအားများတဲ့အတွက် ကလေးမရဘူးလို့တော့ထင်တယ်။ အေးချမ်းတဲ့ တစ်ချိန်ကျ ရင်တော့ ကလေးရချင်လည်းရမှာပေါ့နော်။ အခုချိန်မှာ ကတော့ မယူဖို့အတွက်လည်း မတားထားဘူး။ ရင်သွေးယူဖို့အတွက်လည်း မတားထားဘူး” လို့ ရင်သွေးမနိုင်သေး တဲ့အကြောင်းကိုပြောပြပါတယ်။ သူတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးအခြေအနေကိုလည်း ”အဓိက ကတော့ ပိုးအိတို့ အိမ်ထောင်ရေးက ပိုးအိတို့ ရည်းစားသက်တမ်း ၁၅ နှစ်ကြာမှ ယူဖြစ်တဲ့အတွက် ဘာမှတော့ ထွေထွေထူး ထူးသိပ်မရှိဘူး။ သူကလည်း ကိုယ့်ကိုတအားကို နားလည် ပေးတဲ့သူဖြစ်တယ်။ ကိုယ် တအားဆိုးလို့ရတဲ့ သူထဲမှာ ပါတာပေါ့နော်။ အဲဒီလိုဆိုတော့ သိပ်ပြီး ထွေထွေထူးထူးမရှိ ဘူး။ ခုတွေ့ခုကြိုက် ခုယူကြတဲ့သူတွေ မဟုတ်တဲ့အတွက် သိပ်ရှင်းပြနေစရာမလိုဘူး။ အခုဆိုရင် မေးကြပါတယ်။ ကလေး မယူဘူးလားပေါ့နော်။ ကိုယ်က ကလေးမယူဘူးဆိုလို့ရှိရင်လည်း သူက ကိုယ့်ကို တအားနားလည်ပေးတဲ့သူဖြစ်တဲ့အတွက် သူ လက်ခံပေးတယ်။ အဲဒီတော့ ပိုးအိတို့ အိမ်ထောင်ရေးက သိပ်ပြီး ထွေထွေထူးထူးကိုမရှိဘူး။ အဆင်ပြေပါတယ်” လို့ ပွင့်နဒီမောင်က ပြောပြခဲ့ပါတယ်။ ပွင့်နဒီမောင်က အခုလတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို ပြန်လည်လက်ခံကာ ရိုက်ကူးနေကြောင်းသိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here