ဘဝအကြောင်းတွေ၊ ပိုက်ဆံအကြောင်းတွေ ပါဝင်မယ့် Snare အဖွဲ့ရဲ့ ‘ပူးတွဲချန်ပီယံ’ အခွေအကြောင်း ဖြိုးလေး (Snare) ပြောပြ

0
210

Snare အဖွဲ့ရဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ခါနီး ဖြိုးလေးတစ်ယောက် ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ပျော်ရွှင်လို့နေလေရဲ့။ ဖြိုးလေးက သိပ်မကြာခင် လေးကပဲ အိမ်တက်မင်္ဂလာအခါတော်နဲ့ အေးချမ်းအောင်မြေ အုတ်ခွက် ဘုရား အိမ်မှာပင့်ဆောင်ပူဇော်ခဲ့ပါသေးတယ်။ ဖြိုးလေးနဲ့ နေဝင်းတို့ Snare အဖွဲ့ရဲ့ တတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘ပူးတွဲချန်ပီယံ’ က ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ရန်ကုန်မြို့၊ Junction Square, Outdoor Area မှာ ပရိုမိုးရှင်းလုပ်ရင်း ထွက်ရှိလာတော့မှာပါ။

”အဓိကကတော့ Snare Style တွေများပါတယ်။ ဒီဘက်ခေတ် စတိုင်လေးတွေလည်းပါတယ်။ ဘဝအကြောင်းတွေ လည်းပါတယ်။ ပိုက်ဆံအကြောင်းတွေလည်းပါတယ်။ မျှပြီးလုပ် ထားပါတယ်” လို့ ဖြိုးလေးက ပြောပါတယ်။ တတိယအခွေ မထွက်ခင်ရှေ့မှာလည်း Live Show အခွေထွက်မယ်ဆိုပြီး လုပ် လိုက်သေးတယ်နော်လို့ ဖြိုးလေးကို မေးတော့…

”Live Show အခွေက ကျွန်တော်တို့လုပ်မယ်၊ လုပ်မယ်နဲ့ ကြာသွားတာ။ အဲဒါကို ကျွန်တော်တို့နောက်မှ ထုတ်မယ် ပေါ့နော်။ သီချင်းတွေကလည်း အဟောင်းတွေပဲပါတော့ သီချင်း အသစ်တွေ အဲဒီအထဲမှာနည်းတယ်လေ။ နည်းတော့ အဲဒါကို ပြီးမှ ထုတ်မယ်ဆိုပြီးတော့ ဒီအခွေအရင်ထုတ်တာပါ” လို့ ပြောပါတယ်။ ဖြိုးလေးက Genius Clothing လည်းဖွင့်ထားတော့ အခုခေတ်မှာ အဆိုတော်တွေ ကိုယ်ပိုင်အင်္ကျီ Brand ထုတ်ပြီဆို လုပ်စားကြတယ် ဆိုပြီး ပြောကြတဲ့အပေါ် ဘယ်လိုမြင်လဲလို့ မေးတော့….

”တချို့ကျတော့လည်း အဲဒီလို ထင်တယ်ပေါ့။ ဒါပေမဲ့ လည်း ကိုယ့်ကိုကြိုက်တဲ့ ပရိသတ်တွေက အမှတ်တရ သိမ်းထားချင်မှာ ပေါ့။ လူတွေကတော့ အမျိုးမျိုးပဲဗျ။ ဘာမှမဖြစ်ပါဘူး။ လွတ်လပ်စွာပြော ဆိုပိုင်ခွင့်ရှိတယ်။ သူတို့ထင်ချင်တာထင်လို့ ရတယ်။ မြင်လို့ရတယ်။ အေးဆေးပါ” လို့ ဖြိုးလေးကပြောပြခဲ့ပါတယ်။

မျိုးမောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here