ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင် သရုပ်ဆောင်သွားဦးမယ့် ပိုပို

0
301

ဟဲလေးနဲ့ အတူသီဆိုထားတဲ့ ‘Marry Me’ ဆိုတဲ့ သီချင်းကို ပိုပိုတစ်ယောက် Valentine’s Day အမီ ပဲဖြန့်မလား၊ ဒါမှမဟုတ် အခွေထဲပဲထည့်မလားဆိုတာ ဝေခွဲမရဖြစ်လို့နေပါတယ်။ ‘Marry Me’ သီချင်း အမ်တီဗီကလည်းMyanmar Plaza မှာ အလင်း ရောင်က ပိုပို့ကို လက်ထပ်ခွင့်တောင်းတဲ့ပုံစံမျိုး ဆိုတော့ သို့လော၊ သို့လောတွေ ဖြစ်ခဲ့ပါသေးတယ်။ လာမယ့် မေလမွေးနေ့အမီ သူမရဲ့တတိယ တစ်ကိုယ်တော်အခွေ အမ်တီဗီထွက်ဖို့လည်း ကြိုးစားနေတဲ့ ပိုပိုက …

”ပိုပို ၅လပိုင်းမွေးနေ့မှာMaster Piece အခွေပြန်ထွက်မယ်။ အဲဒီအတွက် အမ် တီဗီတွေ အသည်းအသန်ပြန်ရိုက်ရတာ ပေါ့။ ၂ လပိုင်းမှာ စရိုက်ပြီ။ ရွှေထူးနဲ့ သီချင်း ကိုလည်း ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ ရိုက်ကူးမယ်။ အမ်တီဗီတွေကိုလည်း ပရိသတ်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ရိုက်ပြီးတော့ ပေးချင်တာပေါ့ နော်။ အဲဒီ အတွက်ကြိုးစားနေပါတယ်” လို့ ပိုပိုက ပြောပါတယ်။ ပိုပိုသရုပ်ဆောင်ထားတဲ့ ‘ဒိုင်ယာရီ အသစ် အချစ်ကဆိုက်ကို’ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ကလည်း ထွက်တော့မှာဆိုတော့ သရုပ်ဆောင်ပိုင်းထပ်သွားဦးမလားလို့မေးတဲ့အခါ ရုပ်သံလိုင်းတစ်ခုရဲ့ ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားဖို့ရှိကြောင်း ပိုပိုက ပြောပါတယ်။

”ပိုပိုကတော့ ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်ရှိပါတယ်။ သီချင်းပဲလုပ်လုပ်၊ ရုပ်ရှင်ပဲ လုပ်လုပ် အကောင်းဆုံးနေရာမှာ အကောင်းဆုံးဖြစ် အောင် ပရိသတ်ကိုပေးမယ်ဆိုတဲ့စိတ်နဲ့ပဲ သွားမှာပါ” လို့ ပိုပိုကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here