အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းနေတယ်ဆိုတဲ့ ဘုဏ်းသိုက်

0
204

“ကျွန်တော့် အတွက်ကတော့ အိမ်ထောင်ရေးဆိုတာ မရိုက်ကူးရသေးတဲ့ ရုပ်ရှင်တစ်ခုလိုပါပဲ”လို့ဆိုလာတဲ့ သရုပ်ဆောင်ဘုဏ်းသိုက်က လက်ရှိသူ့တို့ ရဲ့ အိမ်ထောင်ရေး ကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်း မှုတွေ ပြုလုပ်နေပါတယ်လို့ဆိုပါတယ်။ ဒီလိုညှိနှိုင်းနေတဲ့ကာလမှာ သူ့ကို Negative တွေပြောနေဦးမယ်ဆိုရင် ပြန်တည်ဆောက်ဖို့အတွက်ကတော့..

“ကျွန်တော့်အတွက်ကတော့ အိမ်ထောင်ရေးဆိုတာ မရိုက်ရသေးတဲ့ ရုပ်ရှင်တစ်ခုလိုပါပဲ။ မဖတ်ရသေးတဲ့ ဇာတ်ညွှန်း တစ်ခုလိုပဲ။ ဇာတ်ညွှန်း ဖတ်တဲ့ အခါမှာ ငါတို့ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ ကျွန်တော်တို့ စိတ်ကူးထဲမှာရှိတယ်။ဒါပေမဲ့ တကယ်တမ်းလည်း သရုပ်ဆောင် လိုက်ရော အဲဒီဟာနဲ့ နည်းနည်းလေး ကွဲလွဲတာမျိုးလည်း ရှိလည်းရှိနိုင် တာပဲ။အဲဒီလို ဆိုတော့ အိမ်ထောင်ရေးဆိုတာလည်း အဲဒီအတိုင်းပါပဲ။ အခုချိန်ထိတော့ ညှိနှိုင်းနေတုန်းပါပဲ။ ညှိနှိုင်းနေတုန်းပါပဲဆိုတာကလေ ဒီစကားတွေကို ခဏ ခဏမပြောချင်ဘူးလေ။ သူပြောလိုက်လို့ ကျွန်တော့်အတွက် တစ်စုံတစ်ခု ထိခိုက်စေတယ် ဆိုလို့ရှိရင်လည်း ကျွန်တော့်မှထိခိုက်တာမဟုတ်ဘူး။ကျွန် တော့်လည်း ထိခိုက်တာပဲ။အဲဒီလိုပဲ ကျွန်တော့် စကားတစ်ခွန်းကြောင့် သူနစ် နာစေတယ်ဆိုလို့ရှိရင် သူမှနစ်နာတာမဟုတ်ဘူး။ ကျွန်တော်လည်း ရှုံးတာပဲ။

ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ကိုယ့်စကားတစ်ခွန်းကြောင့် လူတွေ အထင်သေးသွားတာမျိုး လူတွေအမြင်ကပ်သွားတာမျိုးတွေ ကိုယ့်စကား တစ်ခုကဖြစ်သွားတယ်ဆိုလို့ရှိရင် ကိုယ့်မှာလည်းအပြစ်ရှိတာပဲ။ အဲဒီအ တွက်ကြောင့် စကားပြောတာ ထိန်းထိန်းသိမ်းသိမ်းပြောဖို့လည်း လိုအပ် တယ်ပေါ့။ ညှိနှိုင်းနေတဲ့ ကာလမှာပဲ ဒီလိုအင်တာဗျုးတွေကို သူအထပ် ထပ် ဖြေနေတယ်။ ပြီးတော့ ကျွန်တော့်ကိုNegative တွေ ပြောနေဦးမယ် ဆိုရင် ပြန်တည်ဆောက်ဖို့ကခက်တယ်။ တစ်ခါတစ်ရံမှာ Positive ဘက် ကိုကြည့် ပြီး သွားမယ်ဆိုရင် Positive ဆန်တဲ့စကားမျိုးပဲ ပြောတာ ပိုကောင်းမယ် ထင်တယ်။ ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းခန်းမျိုးကို ကိုယ်က လိုချင်တယ်ဆို ရင် ပျော်စရာကောင်းတဲ့စကားလုံးမျိုးတွေ ဇာတ်ညွှန်းထဲမှာ ထည့်ရေးထားမှ ဖြစ်မှာပေါ့။ ဇာတ်သိမ်းခန်းကိုကျတော့ ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းခန်း မျိုးလိုချင်တယ်။ လောလောဆယ်ပြောနေတဲ့ အရာတွေက ပျော်စရာမကောင်း တဲ့ စကားလုံးမျိုးတွေပြောနေမယ်ဆို အဲဒီရုပ်ရှင်ဇာတ်ကားက ကြည့်ကောင်း တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်မှာ မဟုတ်ဘူး”လို့ ဘုဏ်းသိုက်က ပြောပါတယ်။

အခုအချိန်မှာတော့သူတို့ရဲ့သမီးလေးကို တစ်ယောက်တစ် လှည့်စီစောင့်ရှောက်ပေးဖြစ်နေကြောင်းကိုလည်း ဘုဏ်းသိုက် က..

“သမီးနဲ့ကတော့ သူကျောင်း တက်တာနဲ့က ကျွန် တော့်အိမ်နဲ့ နည်းနည်းဝေးတော့ ကျောင်းတက်တဲ့ရက်ဆို သူ့အမေဆီမှာနေတယ်။ စနေ တနင်္ဂနွေဆို ကျွန်တော်သွား ခေါ်တယ်။ တစ်ခါတလေ သူ့အမေ ခရီးသွားတယ်ဆိုရင် သမီးနဲ့တစ်ပတ်လုံးလုံး ကျွန်တော်နေတယ်။ကျွန်တော် ကိုယ်တိုင်ပဲ သမီးကို ရေမိုးချိုးပေး ကျောင်းတက်ဖို့အတွက် ပြင်ဆင်ပေး ကျောင်းလိုက်ပို့ပေး၊ ၃ နာရီလောက်ဆို ကျောင်းကြိုပေး။ ညကျ ပုံပြင်ပြောပြပေါ့။ ကျွန်တော့် ကိုပြောတယ် သမီးက ပါးပါးတဲ့ အိမ်ကို ဘာလို့ပြန် မလာသေးတာလဲတဲ့။ အဲဒီတော့ ကျွန်တော်က ပါးပါး အလုပ်တွေရှိတော့ ဘိုးဘိုးကြီးတို့၊ ဘွားဘွားကြီးတို့ အိမ်ကသွားမှ အဆင်ပြေ တာမို့လို့ပြောတော့ အရင်တုန်းကလည်း အလုပ်ကို အိမ်ကသွားတာပဲလေတဲ့” လို့ သမီးလေးရဲ့ စကားသံလေးတွေအ ကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

ဇနီးဖြစ်သူချမ်းချမ်းအတွက် စကားလက်ဆောင်လေးပြောချင်တာများ ရှိလားဆိုတော့ ဘုဏ်းသိုက်က …

“ရေကူးဝတ်စုံတွေသိပ်မဝတ်နဲ့လို့။ကြည့်ရတာကောင်းပါတယ်။ ဒါပေမဲ့ ခဏ ခဏ အဲဒီလိုမျိုးတွေ ဝတ်မပြစေချင်ဘူး လေနော်”လို့ပြောခဲ့ပါတယ်။

အခုချိန်ထိ သူ့ကိုရော၊ သူ့မိသားစုကိုပါ ဝိုင်းချစ် ပေးကြတဲ့၊ စိတ်ပူပေးကြတဲ့ ပရိသတ် အားလုံးကို အနုပညာနဲ့ ကျေးဇူးဆပ်သွားပါ့မယ်လို့လည်း ဘုဏ်းသိုက်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here