အနုပညာနဲ့ ဘ၀ရပ်တည်ရတာ ခက်ခဲလာတယ်ဆိုတဲ့ သားစိုး

0
199

သားစိုးရဲ့တစ်နှစ်သုံးမီဒီယာက ဂျော်နီငပိနဲ့တော်ကီချက်ကြီးနဲ့ ဘိုး တော်ကိုးကိုရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အခု လက်ရှိ ရုပ်ရှင်လောကမှာက ရုံတင်ဖို့ တန်းစီနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေအများ ကြီးရှိနေတဲ့အတွက် ရုံတင်ဖို့ စောင့် ရမယ့်အချိန်တွေရယ်ကြောင့် ရုပ်ရှင် မရိုက်ကူးဖြစ်တော့ဘူးလို့ ပြောပါတယ်။ ဒီနှစ်ထဲမှာတော့ ဟာသပြိုင်ပွဲတစ်ခု ကို ရုပ်သံတစ်ခုနဲ့ ချိတ်ဆက်ပြီး ပြသ နိုင်ဖို့စီစဉ်နေပြီး လက်ရှိမှာတော့ အဘက်ဘက်ကနေ ညှိုနှိုင်းနေတုန်း အဆင့်ပဲရှိသေးတယ်လို့ သားစိုးက ပြောပါတယ်။

”ကျွန်တော့်ထုံးစံအတိုင်းအ ပျော်ပါပဲ။ ဂျော်နီငပိနဲ့တော်ကီချက် ကြီးလိုပဲ မထင်မှတ်ထားတဲ့ ပုံစံလေး တွေနဲ့ပျော်ရမယ်။ ပြုံးရမယ်။ အဓိက တော့ ပရိသတ်တွေအနေနဲ့ ပျော်ရွှင် ရမယ်။ သန့်သန့်ရှင်းရှင်းနဲ့ ရယ်ရ မယ်ပေါ့။ အောက်လုံးတွေမပါဘဲနဲ့ ရယ်ရတာမျိုးပေါ့။ ဂျော်နီငပိနဲ့ တော် ကီချက်ကြီးမှာဆိုရင်လည်း အောက် လုံးမပါပါဘူး။ သိပံ္ပလိုလိုဂမ္ဘီရလိုလိုနဲ့ ဟာသလေးနဲ့ပေါင်းထားတာပါ။ အခု ဟာကလည်းအဲဒီလိုပါပဲ။ ပြိုင်ပွဲ ပုံစံ လေးပေါ့။ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ကြတာကို ဟာသလေးနဲ့ တင်ဆက်မှာပေါ့”လို့ သူ့ရဲ့ ဟာသ ပရိုဂရမ်နဲ့ပတ်သက်လို့ သားစိုးက ပြောပါတယ်။ သားစိုးက လက်ရှိမှာ တော့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေပြီး မြန်မာမုန့်လုပ် ငန်းလည်း လုပ်ဖို့အစီအစဉ်ရှိ ကြောင်းသိရပါတယ်။ သူ့ အနေနဲ့ အခုလို စီးပွား ရေးလုပ်ကိင်ရခြင်းက အနုပညာအနေနဲ့ ဝင်ငွေရတာတော် တော်လေးခက်ခဲလာနေခြင်းကြောင့် ဖြစ်ကြောင်း သူကပြောပါတယ်။

”အမှန်အတိုင်းပြောရရင် အနု ပညာသမားတစ်ယောက်ရဲ့ အဓိ ကဝင်ငွေက အခွေရောင်းရတာပါပဲ။နိုင်ငံခြားမှာဆိုရင်လည်း ဒီဂျစ်တယ် ဒေါင်းလုတ်ပေါ့။ itune တွေက နေရောင်းရတယ်။ မြန်မာပြည်မှာ က ကျတော့ ဒေါင်းလုတ်လုပ်ပြီးရောင်းရဖို့အတွက်ကလည်း နေရာလည်း မရှိဘူး။ ဝယ်မယ့်လူလည်းမရှိဘူး။ အကုန်လုံးကအလကားပဲ လိုချင် တယ်။ အလကားပဲလိုချင်ကြအောင် အဆိုတော်တွေကအလကား နေရင်း ဗိုက်ကပြည့်နေတယ်လို့ ထင်နေ လားလို့ မသိဘူး။အဲဒီ့အခါကျတော့ဒီစီးပွားရေးလုပ်ရတာပေါ့။ အဓိက တော့ အနုပညာနဲ့ ရပ်တည်ရတာ ခက်ခဲလာတာပေါ့။ ကျွန်တော်တစ် ယောက်တည်းမဟုတ်ပါဘူး။ အကုန် လုံးလိုလိုပါပဲ။ သူတို့မပြောကြလို့ သာဖြစ်လိမ့်မယ်။ ပိုဆိုးတာက အဆို တော်ကြီးတွေပေါ့။ အဆိုတော်ကြီး ဆိုရင် မင်္ဂလာဆောင်တွေမသီဆိုချင် ဘဲဆိုနေရတယ်။ အဆိုတော် တစ် ယောက်အနေနဲ့က မင်္ဂလာဆောင် သီဆိုစရာအကြောင်းကိုမရှိဘူး။ မင်္ဂလာ ဆောင်ဆိုတာက Amateur တွေ Simi Pro အဆင့်ဆိုတာလေ။အခုက Professional တွေ တန်းဆင်းပြီးသီဆိုနေရတယ်။ အဲဒါ ဒီခိုးကူးတွေကြောင့်ပဲ”လို့ သားစိုးက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here