ဘ၀ ဒိုင်ယာရီ

0
194

တစ်မိနစ်တောင်
အတိမ်းအစောင်းမခံတဲ့အလံနဲ့
ဒီဂရီနဲ့ချီပြီး စောင်းနေခဲ့တဲ့အလံတိုင်
ဘယ်တရားဟာ ချိန်ခွင်လဲ။

ဘဝဟာ စနိုက်ပါသမားဆန်တယ်
စနိုက်ပါသမားရဲ့တိုက်ပွဲ
ကျည်တစ်တောင့် အသက်တစ်ချောင်း
မှားမရတဲ့ပစ်မှတ်ကစပြီး
လက်ညှိုးကွေးဖို့ဟာ
နောက်ဆုံးအခက် အခဲပဲဆိုပါစို့။

အလံသိမ်းပွဲမှာ
လောကဓံကလေလို ထန်တဲ့အခါ
စိတ်ကအစ ခြေလှမ်းထိအဆုံး
လက်ဝှေ့ ကြိုးဝိုင်းထဲမှာလို
ကြံ့ခိုင်သူနဲ့ ပျော့လျော့နေသူ
အနိုင်ပေးမယ့် ဦးစားပေးစာရင်းဟာ
တစ်ဦးတည်းပဲ။
ဘဝကို ဆားနဲ့တို့တိုင်းသာ
တွန့်လိမ်နေကြေးဆို
တီကောင်လိုပဲ တွင်းထဲနေပေါ့
အနက်ရောက်လာလေလေ
ကောင်းကင်ကြီးက လှလာလေလေ
ငှက်တစ်ကောင်လို အတောင်ပံပါချင်
မိလာမလား။

လမ်းတစ်လျှောက်ဟာ
ခြေတစ်လှမ်းဟာ
ခြေတစ်လှမ်း အမှန်ရမှတ်တစ်ခါ ရနေမှ
စနိုက်ပါသမားဟာ လွဲလို့မရသလိုဘဲ
စိတ်ကတည့်နေရင်
တိမ်တွေနဲ့နီးဖို့ အတောင်ပံမပါပါ
ရွှေ့သလောက်ရွေ့တယ်။

ဝဠာ (တောင်တွင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here