ဖခင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းသွားမယ့် ရဲမင်းပိုင်

0
253

အမေရိကန်နိုင်ငံမှာ မိသားစုနဲ့အတူ နေထိုင်နေတဲ့ အက်ရှင်မင်းသား ရဲမင်းပိုင်က ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အမိမြန်မာပြည်ကို ပြန်ရောက်တဲ့အခါ ဦးတိုက်မယ်လို့ စိတ်ကူးထားခဲ့တဲ့အတိုင်း လေဆိပ်က ထွက်ထွက်ချင်းမှာပဲ အမိမြန်မာပြည်ကို ဦးတိုက်ကန်တော့ခဲ့ပါတယ်။ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့တာ ၁၄နှစ်ရှိပြီ ဖြစ်ပြီး ပြန်ရောက်ရောက်ချင်းမှာပဲ သူဖူးမြော်ချင်ခဲ့တာကြာပြီဖြစ်တဲ့ ရွှေတိဂုံ စေတီတော်ကို လေဆိပ်ကနေ တန်းသွားပြီး သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အစည်း အရုံးအသင်းဝင်ကတ် သွားရောက်လျှောက်ထားခဲ့ပြီး သူ့ရဲ့အနုပညာလက်တွဲ ဖော်လက်တွဲဖက်တွေဖြစ်တဲ့ ကိုလူချောအဖွဲ့သားများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ ရဲမင်းပိုင်ရဲ့ ဖခင်ဟာ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဖခင်ရဲ့ တွန်းအားပေးမှုတွေကြောင့် ၁၉၈၃ ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖခင်ဖြစ်သူရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ရဲမင်းပိုင်က –

”ဖေဖေက အခုအချိန်မှာ စကားသိပ်မပြောနိုင်တော့ဘူး။ အသိတွေက အရင်လို သိပ်မရှိတော့ဘူး။ အပေါ့အပါးအလေးသွားတာတောင်မှ သတိမရှိ တော့ဘူး။ သူ့ဘဝကံကုန်တော့မယ့် အချိန်က နီးကပ်နေပြီလို့ ပြောရမှာပေါ့။ လူတိုင်းက ဒီလမ်းကို သွားရမှာပဲ။ အစ်ကိုလည်း ဘယ်နေ့သွားရမှာလဲဆိုတာ တရားအသိနဲ့ပဲမှတ်ပြီး ဆက်လျှောက်နေတယ်။ ဒီနေ့ထမင်းစားရပေမယ့် မနက်ဖြန် ထမင်းစားရပါ့မလား။ ဒီနေ့ငါ အိပ်နိုင်တယ် မနက်ဖြန် ငါအိပ်နိုင်ပါ့ မလား။ မနက်ဖြန်ကျ အပြီးထွက်သွားမလား။ ကိုယ့်ကိုယ်ကိုယ် အမြဲဆင်ခြင်ပြီး တော့ ဘဝကိုရပ်တည်နေပါတယ်” လို့ပြောပါတယ်။ ဖခင်ဖြစ်သူက အနုပညာ အလုပ်တွေကို ဆက်လုပ်စေချင်ပြီး ဖခင်ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ဖြည့်ဆည်း ဖို့အတွက် ကတိပေးခဲ့ကြောင်းကိုလည်း ရဲမင်းပိုင်က ”အဖေက ရုပ်ရှင်ရိုက်ရင်းနဲ့ မျက်လုံးတစ်လုံးကွယ်တဲ့ဘဝကို ရောက်တယ်။ အဲဒါနဲ့ အစ်ကိုတို့ဘဝကို ရပ် တည်အောင် ကြိုးစားပြီးတော့ အစ်ကိုတို့ မိသားစုကိုကျွေးမွေးခဲ့တယ်။ အဖေ ဖြစ်စေချင်တဲ့ အနုပညာအလုပ်ကို အဖေကိုယ်တိုင် က အခုပြန်လုပ်ခိုင်းတယ်။ ခွင့်ပြုတာနဲ့ ချက်ချင်းပြန်လုပ်ပါဆိုပြီး အဖေကိုယ်တိုင် ပြောတယ်။ ညက အဖေနဲ့ စကားပြောတော့ အဖေက ပြန်လုပ်ပါ ဒီအလုပ်ကို။ မင်းပံ့ပိုးပါ။ ကူညီပါဆိုပြီး သတိမရှိပေမယ့် အဖေက ဒီစကားမျိုး ပြောတယ် ဆိုတော့ ဝမ်းသာတာပေါ့။ သားပြန်လုပ်မယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။ ဒါ သူမသေခင်မှာ သူတောင်း တဲ့ကတိပေါ့” လို့ဆိုပါတယ်။ ရဲမင်းပိုင်က မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အချိန် အတွင်းမှာ Fighter Hero ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပြီး ဖိုက်တင်သင်တန်း လည်း ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

”ဒီသင်တန်းဖွင့်တဲ့အခါ ဒီသင်တန်းကို စိတ်ပါ ဝင်စားပြီး တက်ချင်တဲ့ လူတွေအများကြီးပေါ်လာဖို့ လိုအပ်နေတယ်။ အဲဒီလိုပေါ်လာမယ့် လူတွေကိုလည်း ကြိုဆိုတယ်။ ဒီပညာကိုသင်ပါ။ ဒီပညာတတ်မှ ဖြစ် မယ်။ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် သင်ပြပေးမယ်။အဲဒါအစ်ကို့ရဲ့ မဟာ ရည်မှန်းချက်ပဲ။ ကျန်တဲ့ကိစ္စ မဟုတ်ဘူး။ အစ်ကိုမင်းသား ဖြစ်တာ မဖြစ်တာ အရေးမကြီး ဘူး။ မင်းသားလည်းမဟုတ် တော့ဘူး၊ သရုပ်ဆောင် တစ် ယောက်ဖြစ်သွားပြီ။ ရိုးရိုး သာမန်လူတစ်ယောက် အ ဘိုးကြီးလည်း ဖြစ်သွားပြီ။ အစ်ကိုက အခုသင်တန်း ဖွင့်ပြီဆိုရင် လူငယ်တွေ သင်ချင်တယ်ဆိုရင် လာ သမျှလူသင်ပြပေးသွား မယ်။ဒါပေမဲ့ ကိုယ့် ဘာသာကိုယ် လေ့ကျင့်မှရ မယ်။ ကျွမ်းကျင် လာအောင်၊ လျင် မြန်လာဖို့ဆိုတာ ကိုယ့်ဘာသာကိုယ် လေ့ကျင့်မှ ရမယ်” လို့ပြောပါတယ်။ Fighter Hero သင် တန်းသင်ပြပေးတာ ၃လကြာတဲ့အခါမှာ ဒဏ္ဍာရီ သူရဲကောင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပထမဦး ဆုံး ရိုက်ကူးဖို့ စိတ်ကူးထားပြီး အသိတရားနဲ့ ကတိသစ္စာဆိုတဲ့ ဇာတ်ကား ၂ကားလည်း ရိုက်ကူး သွားဖို့စိတ်ကူးထားကြောင်း ရဲမင်းပိုင်ကပြော ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံအောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here