မြန်မာပြည်တွင်းဖြစ် မုန့်တွေကိုလည်း စားချင်တယ် အိန္ဒိယမော်ဒယ် Riya Ray

0
316

Dhoom 3 ရုပ်ရှင်ဇာတ်ကားကြီးမှာ Chicago သတင်းထောက်မလေးအနေနဲ့ ပါဝင်ရိုက်ကူးခဲ့တဲ့ အိန္ဒိယ မော်ဒယ် Riya Ray က သရုပ်ဆောင်နေတိုး၊ မင်းသွေး၊ နန်းဆုဦးတို့နဲ့အတူ ‘မဟူရာရုပ်ရှင်ရုံ’ဆိုတဲ့ ဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာပြည်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမအနေနဲ့ မြန်မာပြည်မှာ ဇာတ်ကားရိုက်ကူးမှု ရဲ့ ခံစားချက်ကိုတော့ …

”ကျွန်မမြန်မာပြည်ကို ရောက်လာတာ တအားဝမ်းသာမိတယ်။ မြန်မာပြည်က တအားကိုလှပတဲ့ နေရာ ဖြစ်တယ်။ ကျွန်မရဲ့အဘွားကိုလည်း မှာခဲ့တယ်။ မြန်မာပြည်မှာ ကျွန်မရဲ့ အနုပညာအလုပ်တွေကို အကောင်း ဆုံးကြိုးစားမယ်လို့။ ပြီးတော့ မြန်မာပြည်တွင်းဖြစ် မုန့်တွေကိုလည်း လိုက်စားချင်တယ်။ ပြီးတော့ မြန်မာပြည်က သရုပ်ဆောင်နေတိုးနဲ့ ရိုက်ကူးရမှာဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားတယ်”လို့ ပြောပါတယ်။ Riya က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မြန်မာပြည်ကို ရောက်ရှိလာတာဖြစ်ပြီး ၃ ရက်နေ့မှာ ရွှေတိဂုံဘုရားကို သွား ရောက်ဖူးမြော်ခဲ့ပါတယ်။ ”မြန်မာပြည်ရဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံဘုရားကို ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်။ ဘုရားဖူးအတွက်လည်း မြန်မာဝတ်စုံလေးတွေ ဝတ်ခွင့်ရတယ်”လို့ ဆိုပါတယ်။Riya Ray က Bollywood သရုပ်ဆောင်တစ်ဦးထကInternational Super Model တစ်ယောက်အနေနဲ့ ခံယူထား ကြောင်းလည်း သိရပါတယ်။

ချယ်ရီ ၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here