အနုပညာရှင်စုံတွဲတို့ပြောတဲ့ ချစ်သူများနေ့ အကြောင်း၁

0
272

ဘာလိုလိုနဲ့ လာမယ့်ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုရင် ချစ်သူများနေ့ကို ရောက်လာခဲ့ပြန်ပြီ။ ချစ်သူများနေ့ဆိုတော့Relationship တစ်ခုကိုတည်ဆောက်ထားနိုင်တဲ့ သမီးရည်းစားချစ်သူစုံတွဲတွေအဖို့ အပြန်အလှန် လက်ဆောင်လေးတွေပေးကြ၊ ချစ်ချင်းမေတ္တာကို ဖော်ကြူးကြနဲ့ သိပ်ကို ပျော်စရာကောင်းမှာပါ။ တကယ်တော့ ချစ်သူစုံတွဲတွေရယ်မှ မဟုတ်ပါဘူး မိမိချစ်ခင်သူအားလုံးကို ချစ်ချင်းမေတ္တာတွေဖော်ကြူးကြမယ့် ချစ်သူများနေ့နဲ့ပတ်သက်ပြီး အနုပညာရှင်စုံတွဲတို့ပြောတဲ့ ချစ်သူများနေ့အကြောင်းကို လူငယ်စုံတွဲလေးတွေဖြစ်တဲ့ ခိုင်သဇင်ငုဝါနဲ့ ဆန်းသစ်လတို့စုံတွဲနှစ်တွဲ အား မေးမြန်းတင်ဆက်လိုက်ရပါတယ်။

x x x x x x x x x

ခိုင်သဇင်ငုဝါတို့ စုံတွဲ

ချစ်သူများနေ့ကိုအခုထိတော့ ထွေထွေထူးထူး ဘာမှမစဉ်းစားထားသေးဘူး။ ချစ်သူရော သူငယ် ချင်းတွေပါ ပေါင်းပြီးအားလုံး ညစာအတူတူသွားစားတာမျိုး၊ ကောဖီဆိုင်ထိုင်တာမျိုးပဲ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ညီမကအခု Relationship လည်းရှိပါတယ်။ နှစ်ယောက်အတူတူ အပြင်တွေ ဘာတွေ သွားတာရှားတယ်။ သူရော၊ သူငယ်ချင်းတွေရော အားလုံးပေါင်းပြီးသွားကြတာများပါတယ်။ နှစ်ယောက် ထဲက အချိန်သိပ်မပေးဖြစ်ပါဘူး။ ချစ်သူများနေ့မှာ လက်ဆောင်တစ်ခုခုတော့ရမယ်လို့ထင်ပါတယ်။ ဘာလေးစီစဉ်ထားမလဲတော့မသိဘူး။ ညီမကိုသူက အမြဲ Surprise ဖြစ်အောင် Anniversary  ပဲဖြစ်ဖြစ်၊ မွေးနေ့ပဲဖြစ်ဖြစ် လက်ဆောင်လေးတွေပေးတတ်တယ်။ ဒီလိုနေ့မျိုးမှာလည်းသူကပေးမယ် ဆိုတာတော့သိပါတယ်။ ဒါပေမဲ့ ဘာလက်ဆောင်လေးပေးမလဲဆိုတာကို ရင်ခုန်နေပါတယ်။ ညီမတိုRelationship က သုံးလပြည့်တော့မှာပါ။

 

x x x x x x x x x

ဆန်းသစ်လတို့ စုံတွဲ

ဒီနှစ်ချစ်သူများနေ့မှာတော့ သူငယ်ချင်းတွေနဲ့ အားလုံးစုပြီးခရီးသွားဖြစ်မယ်လို့ထင်ပါတယ်။ ညီမမွေးနေ့ကလည်း ဖေဖော်ဝါရီလ ၁၃ရက်ဆိုတော့လေ။ Valentine’s Day ကိုချစ်သူနဲ့ဖြတ်သန်းဖြစ်တာ ကတော့ ၂နှစ်ရှိပါပြီ။ မွေးနေ့နဲ့ ချစ်သူများနေ့ကလည်း နီးတာဆိုတော့ လက်ဆောင်ကနှစ်ခါရခဲ့တယ်။ မနှစ်တုန်းကလည်း မနက်မိုးလင်းမှာ Surprise လုပ်တယ်။ ညီမမထင်ထားတဲ့ ပန်းစည်းလေးတွေ၊ အရုပ်တွေနဲ့ ညီမကြိုက်တဲ့ပစ္စည်းလေးတွေကို ချစ်သူဆီကနေရခဲ့ပါတယ်။ ဒီနှစ်ကတော့ အခုအချိန် တည်းက တစ်ယောက်ကိုတစ်ယောက်Valentine’s လက်ဆောင်လေးတွေ ပေးပြီးသွားပါပြီ။ သူက ညီမအတွက် ဟန်းချိန်းလေးဝယ်ပေးတယ်။ ညီမကလည်း သူ့အတွက်မျက်မှန်လေးဝယ်ပေးဖို့ လုပ်ထားပါ တယ်။ ညီမတို့ချစ် သူနှစ်ယောက်လည်း ဒီနှစ်ဧပြီဆိုရင် ချစ်သူသက်တမ်း၂ နှစ်ပြည့်ပါပြီ။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here