ဘဏ်လုပ်ငန်းအွန်လိုင်းဝန်ဆောင်မှုနဲ့ ATM ကတ် သုံးစွဲသူတို့ အခက်အခဲများ

0
199

ဒီတစ်ပတ်မှာတော့ တိုးတက်လာတဲ့ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ ငွေပေးချေမှုပုံစံတွေထဲက တစ်ခုဖြစ်တဲ့ ATM ကတ်ကိုအသုံးပြုပြီး ငွေထုတ်ယူကြတဲ့အခါ ဘယ်လိုကြုံတွေ့နေကြသလဲ။ ဘယ်လိုအဆင်ပြေတာတွေရှိပြီး ဘယ်လိုအခက်အခဲမျိုးတွေရှိနေမလဲဆိုတာတွေကို စုစည်းမေးမြန်းဖော်ပြလိုက်ပါတယ်။

သဇင်ဆန်

ATM ကတ်တွေသုံးရတာ အဆင် ပြေပါတယ်။ လိုအပ်တဲ့အချိန်မှာ အချိန်မရွေး နေရာမရွေးငွေထုတ်လို့ ရတယ်လေ။ လက်ရှိမှာတော့ AYA Card သုံးနေတယ်။ လကုန်ရက်တွေ ကျရင်တော့ ငွေထုတ်ရတာကြပ်တယ် လို့ပြောကြတယ်။ တစ်ခါတလေကျ တော့လည်း Error တက်ပြီး ပိုက်ဆံ ဖြတ်သွားရင်တော့ ဖုန်းဆက်ရတာနဲ့ ဘာနဲ့ဆိုတော့ ကိုယ့်အတွက် အလုပ် ရှုပ်တာပေါ့။ Error တက်ပြီး ပိုက်ဆံ ဖြတ်သွားတာ နှစ်ခါလောက်ကြုံဖူး တယ်။ ဘဏ်တွေကို အကြံပေးချင် တာကတော့ လိုင်းကျတာကဖြစ်နေ ကျဆိုတော့ ငွေဖြတ်ပြီးသွားရင်လည်း သုံးရက်အတွင်း ပြန်ထည့်ပေးပြီးရင် လည်း ထည့်ပြီးသွားကြောင်း အ ကြောင်းကြားစေချင်ပါတယ်။

ချမ်းမော်

ATM ကတ်က UAB ရော KBZ ရော သုံးဖြစ်တယ်။ လကုန်ရက်တွေ ဆိုရင် ကတ်နဲ့ပိုက်ဆံထုတ်ရတာအ ဆင်မပြေဘူး။ လူများတယ်။ တချို့ တွေဆိုတစ်ယောက်တည်းနှစ်ကဒ် သုံးကတ်ယူလာပြီးထုတ်တာ စောင့်ရ တာတော်တော်ကြာတယ်။ အဲ့ဒီနေ့ဆို များသောအားဖြင့် AYA ဆိုသူ့ကဒ်ပဲ ထုတ်လို့ရတာ၊ တခြားကဒ်တွေထုတ် ရင်မရတာများတယ်။ ပြီးတော့လ ကုန်ရက်ဆိုရင် စက်ထဲကိုပိုက်ဆံများ များထည့်ထားရင် ပိုအဆင်ပြေမယ်။ ဘာလို့ဆိုတစ်ခါတလေ နောက်ကျ တာနဲ့ ပိုက်ဆံကကုန်သွားပြီး ထုတ် လို့မရတော့ဘူး။ နောက် မိုဘိုင်း ATM စက်တွေကို လစာထုတ်ရက်တွေ မှာ စီစဉ်ပေးသင့်တယ်။

ဇင်မြတ်နိုးဦး

ATM ကတ်တွေသုံးရတာအဆင် တော့ပြေပါတယ်။ ဒါပေမဲ့ သုံးနေ ရင်း ကတ်ပြန်ထွက်မလာတာတို့စက် ထဲမှာပိုက်ဆံမရှိတော့တာတို့၊ အဲ့ဒီလို မျိုးလေးတွေတော့ရှိတယ်။ ကတ်ပြန် ထွက်မလာရင် ဘဏ်ကပြန်လုပ် ပေးတယ်ဆိုပေမယ့် တစ်ပတ်လောက် စောင့်ရတယ်။ အဲ့ဒီလိုမျိုးတွေဖြစ်ရင် တော့ အဆင်မပြေဘူးပေါ့။ ဘဏ် တွေကို အကြံပေးချင်တာကတော့ ထုတ်နေရင်း လိုင်းကျသွားရင် ခုနစ် ရက်လောက်မကြာဘဲ နှစ်ရက် လောက်ပဲကြာအောင် လုပ်ပေးနိုင် ရင် ပိုအဆင်ပြေမယ်။

မိုးမိုး

အေတီအမ် ကတ်သုံးရတာ လိုင်းကောင်းနေချိန်တော့ သိပ်အ ဆင်ပြေပေမယ့်၊ သူတို့ဘက်က လိုင်း ကျနေရင်ထုတ်တိုင်း၊ ကတ်ထဲက ပိုက်ဆံကိုဖြတ်ပြီး၊ ငွေကျတော့ ထွက် မလာဘူး။ အဲ့ဒီထက်ဆိုးတာက ကတ် ထဲက ပိုက်ဆံဖြတ်တယ် မဖြတ်ဘူးကို သူတို့ကဝန်ဆောင်မှုမပေးဘူး။ သူတို့ ATM ကတ်တွေက သူ့ဘဏ်နဲ့သူဆို ရင် ရက်အနည်း ငယ်ပဲကြာပေမယ့် တခြားဘဏ်က စက်မှာထုတ်ပြီး ငွေ မထွက်လာရင် နှစ်ပတ်လောက်အထိ စောင့်ခိုင်းတာကတော့ လခစားတွေ အတွက် အဆင်မပြေပါဘူး။

စိုင်းဝမ်း

CB ဘဏ်က နည်းပညာနဲ့ အွန်လိုင်း Banking စနစ်တွေ တကယ်ကောင်းပါတယ်။KBZ ကကျတော့နည်းနည်း Error လေးတွေရှိနေတယ်လို့ခံစားရတယ်။ နောက် ကျွန်တော်တို့က ဈေးဝယ်တဲ့အခါ MPU ကတ်နဲ့ဝယ်ရင် ပိုက်ဆံရှင်းတဲ့ အခါ လိုင်းကကျနေရင်အရှက်ကွဲတာ ပေါ့။ကိုယ်ကပိုက်ဆံငွေသားကမပါ။ကဒ်ကသုံးမရဖြစ်တဲ့အခါ အတော် လေးအခက်အခဲဖြစ်ရပါတယ်။ ATM စနစ်တွင်ကျယ်လာတာနဲ့အမျှ အင် တာနက်လိုင်းတွေကောင်းအောင် လုပ်ဖို့လိုနေပါတယ်။ ခရီးတွေဘာတွေ ထွက်လို့ငွေသားမကိုင်ဘဲ ATM ကဒ်ကိုအားကိုးမိရင် နယ်တွေမှာ လိုင်းကျတာတို့ MPU စက်တွေမရှိ တာတို့နဲ့ကြုံရင်သုံးရတာအဆင်မပြေ ဘူးပေါ့။ နောက်ပြီး MPU စနစ်ထဲ မှာ ငွေမထွက်လာဘဲ ကိုယ့်အကောင့် ထဲက ဖြတ်သွားတာမျိုးဖြစ်လို့ ဘဏ် ကိုအကြောင်းကြားရင်လည်း နှစ်ပတ် လောက် စောင့်ခိုင်းတာကိုဘဝင်မကျ ပါဘူး။ ငွေအပိုမရှိတဲ့ဝန်ထမ်း လစာ လိုဟာမျိုးတွေဆိုရင် သိပ်ကြပ်တည်း သွားမှာပါ။

ဇာနည်ဝင်း

ATM ကတ်တွေသုံးရတာအဆင် ပြေပါတယ်။ Online ကနေပစ္စည်းတွေ မှာတာကတ်နဲ့ငွေချေလို့ရတော့ ပို ပြီးတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် ငွေထုတ်နေ ရင်း လိုင်းကျတာတွေတော့ဖြစ် တတ်တယ်။ ဘဏ်တွေကို အကြံပေး ချင်တာက စက်တွေကိုလိုင်းဆွဲအား ကောင်းစေချင်တယ်။ နယ်ဘက်တွေ မှာ ဆိုရင်ပိုဆိုးတယ်။ လိုင်းမကောင်း ဘူး။ စက်သုံးလုံးရှိရင် တစ်လုံးလောက် ပဲလိုင်းကောင်းတယ်။ ဒီထက် ပို ကောင်းတဲ့ဝန်ဆောင်မှုတွေနဲ့ဆိုရင် တအားအဆင်ပြေမှာပါ။

ဂျူးဂျူးသာ

ATM ကတ်တွေသုံးရတဲ့အခက် ခဲကတော့ပိတ်ရက်တွေ အရေးတကြီး လိုရင် ငွေမရှိတာပေါ့နော်။ လိုင်းကျ တာလည်း ကောင်းအောင်လုပ်ပေးစေ ချင်ပါတယ်။ ပြီးတော့စီးပွားရေးနဲ့ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ POS machine နဲ့ ကတ်နဲ့လိုင်စင် ကြေးတွေဖြတ်ရင်လည်း လိုင်းမကောင်း တာကြောင့် ငွေသွင်းချိန်တွေကျော်ပြီး လိုင်စင်တွေနောက်ကျကုန်တာပေါ့ နော်။ တစ်ခါတလေလိုင်စင်ကြေးကို ကတ်ထဲကဖြတ်သွားပြီးစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ငွေစာရင်းထဲ မဝင်လို့လိုင်စင်ကမရ ဘူး။ ငွေကထပ်ဖြတ်ရတယ်။ပြန်ထည့် ပေးတာကလည်းကြာတယ်ဆိုတော့ အဲဒီ အခက်ခဲတွေတော့ရှိတာပေါ့။ မြန် မြန်ပြန်ထည့်ပေးပြီး ဖုန်းဆက်ပေး ရင်ပိုကောင်းတာပေါ့။ တစ်ခါတလေ ကျတော့ POS စက်နဲ့ကတ်နဲ့က ဘာ ကြောင့်လဲမသိဘူး။ ဖြတ်လို့မရပြန် ဘူး။ အဲလိုအချိန်လိုင်စင်ကလည်း အရေးကြီးနေတော့ သူများကဒ်ကို ငှား ဖြတ်နေရတယ်။ တကယ့် Ecommerence စနစ်ကိုသွားရင် အရေးကြီးဆုံး ဖြစ်တဲ့ATM အွန်လိုင်းSystem ကို သူများနိုင်ငံတန်းတူဖြစ်အောင်လုပ်ပေး ပါလို့အကြံပေးပါရစေ။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here