အနုပညာရှင်စုံတွဲတို့ပြောတဲ့ ချစ်သူများနေ့ အကြောင်း (၂)

0
339

ဘာလိုလိုနဲ့ လာမယ့်ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုရင် ချစ်သူများနေ့ကို ရောက်လာခဲ့ပြန်ပြီ။ ချစ်သူများနေ့ဆိုတော့Relationship တစ်ခုကိုတည်ဆောက်ထားနိုင်တဲ့ သမီးရည်းစားချစ်သူစုံတွဲတွေအဖို့ အပြန်အလှန် လက်ဆောင်လေးတွေပေးကြ၊ ချစ်ချင်းမေတ္တာကို ဖော်ကြူးကြနဲ့ သိပ်ကို ပျော်စရာကောင်းမှာပါ။ တကယ်တော့ ချစ်သူစုံတွဲတွေရယ်မှ မဟုတ်ပါဘူး မိမိချစ်ခင်သူအားလုံးကို ချစ်ချင်းမေတ္တာတွေဖော်ကြူးကြမယ့် ချစ်သူများနေ့နဲ့ပတ်သက်ပြီး အနုပညာရှင်စုံတွဲတို့ပြောတဲ့ ချစ်သူများနေ့အကြောင်းကို လူငယ်စုံတွဲလေးတွေဖြစ်တဲ့ ခိုင်သဇင်ငုဝါနဲ့ ဆန်းသစ်လတို့
စုံတွဲနှစ်တွဲအားမေးမြန်းတင်ဆက်လိုက်ရပါတယ်။

x x x x x x x x x

စိုင်းစည်တွမ်းခမ်း

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့ ကတော့ ထွေထွေထူးထူးမရှိပါဘူး။ ၁၆ ရက်နေ့ကျလို့ရှိရင် ထားဝယ်မှာ Show ပွဲတစ်ပွဲဆိုဖို့ လက်ခံထား တာရှိပါတယ်။ အဲပွဲအတွက် သီချင်း တွေတိုက်နေပါတယ်။ ချစ်သူများနေ့ မှာလည် သီချင်းတွေတိုက်ရင်းနဲ့ပဲ ကျော်ဖြတ်မှာပါ။ ပြီးလို့ရှိရင် သူငယ် ချင်းတွေနဲ့ မုန့်ထွက်စားမယ်။ ရှေ့ နှစ်တွေမှာ ဖြတ်ကျော်ဖူးခဲ့တဲ့ ချစ်သူ များနေ့တွေကတော့ သူငယ်ချင်း တွေနဲ့ မုန့်ထွက်စားတယ်။ show ပွဲတွေသွားဖြစ်ပါတယ်။ ချစ်သူ များနေ့ဆိုတာကတော့ ချစ်တဲ့သူတွေ တစ်ယောက်နဲ့ တစ်ယောက်လက် ဆောင်တွေပေးကြတယ်။ ချစ်သူတွေ အတွက် အမှတ်တရဖြစ်စေတဲ့ နေ့လေးတစ်နေ့လည်းဖြစ်ပါတယ်။

x x x x x x x x x

ဇွဲပြည့်

ချစ်သူများနေ့ကတေှာ့သတ ပွဲတွေသီဆိုရင်းနဲ့ပဲ ဖြတ်သန်းမှာပါ။ ပရိသတ်တွေနဲ့ ပျော်ပျော် ပါးပါး ဖြတ်သန်းမှာပါ။ငယ်ငယ်တုန်းက  မန္တလေးမှာ နေတုန်းကတော့ သူငယ်ချင်းတွေနဲ့ ချစ်သူများနေ့ဆိုရင် ဦးပိန်တံတားသွားကြတာရှိတယ်။ နောက်ပြီးသူ ငယ်ချင်းတွေနဲ့ ပြင်ဦး လွင်တက်ကြတာရှိတယ်။ သူငယ် ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ချောကလတ်တို့၊ ပန်းသီးတို့ ပေးကြ ပါတယ်။ ချစ်သူများနေ့ ဆိုတာက တော့ လူငယ်တွေအတွက် ချစ်သူ တွေအတွက် အမှတ်တရ ဖြစ်စေတဲ့ နေ့လည်းဖြစ်တယ်။ တကယ် ချစ်တဲ့ သူတွေ အတွက်ကတော့ နေ့တိုင်းက ချစ်သူများနေ့ပါပဲ။ ဆိုးဆိုးကောင်း ကောင်း ချစ်သူများနေ့ဆိုတာ ကတော့ လူငယ်တွေအတွက် ရှိသင့် ပါတယ်။ ချစ်သူများနေ့ အမှတ်တရ အနေနဲ့ ချစ်သူတွေအတွက် သီချင်း တစ်ပုဒ် တင်ပေးသွားဖို့ရှိပါတယ်။

x x x x x x x x x

ရွှေပိုးအိမ်

ဒီနှစ်ကတော့ ညီမချစ်တဲ့ သူတွေနဲ့ ဖြတ်သန်းဖြစ်မှာပါ။ ညီမချစ်တဲ့သူတွေဆိုတာ ညီမ အစ်မတွေ၊ သူငယ်ချင်းတွေနဲ့ပါ။ မနှစ်ကတော့ ချစ်သူများနေ့မှာ အရုပ်လေးတွေ၊ လက်စွပ်တွေ ရတယ်။ ဒီနှစ်ကတော့ ဘာလက် ဆောင်ရမလဲ မသိသေးဘူး။ ဒီနေ့ကို ချစ်သူရှိတဲ့ သူတွေကတော့ ရင်ခုန် ကြမှာပေါ့။ အဲဒီနေ့မှာ အင်္ကျီဆင် တူလေးဝတ်ပြီး လျှောက်သွား ကြတာမျိုး၊ လက်ဆောင်တွေ ပေးကြတာမျိုးက လူငယ်တွေ သဘာဝမှာတော့ ပျော်စရာနေ့ တစ်နေ့ပါ။ ပရိသတ်တွေ အကုန်လုံးလဲ ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ရွှင် နိုင်ကြပါစေလို့ ဆုတောင်းပေး ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here