အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကားမှာဝတ်မှုံရွှေရည်နဲ့ နမ်းတဲ့အကြောင်းအောင်ရဲလင်း ပြောပြ

0
412

ဖေဖော်ဝါရီလမှာ ရုံတင်ပြသတော့မယ့် ဒါရိုက်တာ အောင်မြတ်ရိုက်ကူးတဲ့ ‘အနမ်းဝိုင်’ ဇာတ်ကားမှာ ဝတ်မှုံ ရွှေရည်နဲ့အတူ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်ကားကြီးကတော့ အချစ်ရိုမန့်ဇာတ်ကား လည်းဖြစ်ပြီး ဇာတ်ကားကို ပြန်လည်ကြည့်ရှုတဲ့အခါ မှာတော့ ဇာတ်ကားတစ်ကားလုံးကို ကြိုက်ကြောင်း အောင်ရဲလင်းက ပြောပါတယ်။

“ပြန်ကြည့်တဲ့အချိန်မှာတော့ ကျွန်တော့်အနေနဲ့ ဇာတ်ကားတစ်ကားလုံးကို ကြိုက်ပါတယ်။ ဒါရိုက်တာ ကိုအောင်မြတ်ရိုက်ကူးထားတဲ့ ရိုက်ချက်တွေကလည်း တကယ်ကောင်းတယ်။ ပြီးတော့ တကယ့် Location အစစ်တွေမှာ သွားရိုက်ကူးရတဲ့ ဇာတ်ကားလည်းဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တစ်ကားလုံးကိုကြိုက်ပါ တယ်၊ ဒီဇာတ်ကားဟာ တကယ့်ရိုမန့်စစ်စစ်ကိုပေးတဲ့ ဇာတ် ကားလည်း ဖြစ်တယ်၊ နောက်တစ်ခုကကျတော့ ရှုခင်း တွေဆိုလည်း ဝတ္ထုထဲမှာပါတဲ့ တကယ့်ရှုခင်းတွေမှာ တကယ်သွားရောက်ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်တယ်။ လူငယ်အကြိုက်ဇာတ်ကားလေး ဖြစ်လိမ့်မယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ရိုမန့်ဇာတ်ကားလည်း ဖြစ်တယ်။ Valentine လည်း နီးလာပြီဆိုတော့ လာကြည့် တဲ့ ပရိသတ်တွေအားလုံး ဒီအငွေ့အသက်တွေရလိမ့်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ပြောပါတယ်။

ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့မှာ ဝတ်မှုံရွှေ ရည်ကို တကယ်နမ်းခဲ့ရတဲ့ ဇာတ်ဝင်ခန်းတချို့လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဆိုပါဇာတ်ဝင် ခန်းနဲ့ ပတ်သက်ပြီး အောင်ရဲလင်းက …

“အဓိကကတော့ ဇာတ်ရုပ်ပေါ်မှာ အများ ကြီး မူတည်ပါတယ်၊ ဒီဇာတ်လမ်းရဲ့ ဇာတ်ကား နာမည်ကိုက ‘အနမ်းဝိုင်’ ဆိုတော့ ဒါရိုက်တာနဲ့ ရာ၊ မင်းသမီးနဲ့ရော အကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ ရိုက်ကူးဖြစ်သွားတာပေါ့၊ အဲလို နမ်းတဲ့ ဆင်းန် တွေရှေ့မှာလည်း ရိုက်ကူးဖူးပါတယ်။ ဒါပေမဲ့ လည်း ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် နမ်းတဲ့ ဆင်းန် ပထမဦးဆုံးအကြိမ်ပါတာပေါ့။ တကယ်လိုအပ်တဲ့ ဆင်းန်တွေဆိုရင် ကျွန်တော့်အနေနဲ့ကတော့ ပရိသတ် အနေနဲ့ ကျွန်တော်ကိုယ်တိုင် ခံစားတယ်။ ကြည့်ရှုတဲ့အချိန် မှာလည်း ရိုမန့်တို့ ဘာတို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မင်းသား၊ မင်း သမီးက တအားချစ်ပြီးတော့မှ ပြန်ကွဲသွား တာဆိုတော့ စိတ်ထဲမှာ ပိုပြီး feeling ပိုဖြစ်တယ်။ တကယ့် ရိုမန်စစ်စစ် ရိုက်ကူးမယ် ဆိုရင်တော့ တကယ် အပြင်မှာ ရည်းစားတွေ ချစ်သူတွေဖြစ်နေရင်သာ ပိုပြီး ကြည့်လို့ကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံခြားဘယ် ဇာတ်ကားကိုပဲကြည့်ကြည့် ဥပမာ တိုင်တန်းနစ်ဇာတ်ကားကိုကြည့်ရင် ကိုယ်ကိုယ်တိုင် ခံစား နေရသလိုမျိုးဖြစ်တယ်” လို့ ပြောပါတယ်။

တွယ်တာ

Photo by Hlaing Banyar


LEAVE A REPLY

Please enter your comment!
Please enter your name here