စားဝတ်နေရေး ခက်ခဲနေတဲ့ ကိုလူချော အဖွဲ့ကို မေတ္တာသင်္ဂဟ အဖွဲ့က ဆန်လှူဒါန်း

0
310

အနုပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့က ကိုလူချောအဖွဲ့ (လူကြမ်းသရုပ်ဆောင်များ) ထံအလှူ ငွေကျပ်၄၂သိန်းခြောက်သောင်း ကျပ် နဲ့ ဆန်အိတ်များ ပေးအပ်လှူဒါန်း ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁ဝ နာရီက မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးမှာကျင်းပခဲ့ပါတယ်။ ကိုလူချော အဖွဲ့ကို ဆန်အိတ်များ လှူဒါန်းဖြစ်ပုံကိုတော့ မေတ္တာ သင်္ဂဟအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ခန့်စည်သူက…

“ကိုအောင်ခိုင်က အစည်းအ ဝေးတစ်ခု အပြီးမှာ ကိုလူချောအဖွဲ့ တွေ သိပ်အဆင်မပြေလို့ ဆန်အိတ် ၂အိတ်လောက်လှူပါလားဆိုပြီး အလှူခံတယ်။ ကျွန်တော်လှူပါ့ မယ်ဆိုပြီး မေတ္တာသင်္ဂဟအဖွဲ့ကို တင်ပြလိုက်တဲ့အခါမှာ မေတ္တာသင်္ဂ ဟအဖွဲ့က ဝိုင်းလှူကြပါတယ်။ အလှူ ငွေအပြင် ဆန်ဝယ်တာက အိတ် ၉ဝပေါ့။ တခြားအလှူရှင်တွေက တော့ ကြာဇံထုပ်တို့ ငပိကြော်တို့ အကျီတို့လာလှူတာလည်း ရှိပါတယ်။ ရုပ်ရှင်ရေစီးကြောင်းက အရှိန်အဟုန် နဲ့ စီးမျောတဲ့အချိန်မှာ ကိုလူချော အဖွဲ့က ပါမလာကြဘူး။ အဓိကတော့ ရိုက်နေတဲ့ ဇာတ်လမ်းတွေက ဟာသ တွေရှိမယ်။ ဒရာမာတွေရှိမယ်။ အက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး သိပ်မ ရိုက်ကြတော့ ကိုလူချောအဖွဲ့က တချို့တော်တော်များများ စားဝတ် နေရေးသိပ်အဆင်မပြေကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့အဖွဲ့က တတ်နိုင်သလောက် ဝိုင်းပြီးဝန်းရံ တဲ့ သဘောပါပဲ”လို့ဆိုပါတယ်။

P-060
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here