ခိုင်သင်းကြည်ဘဝအတွက် အမှတ်တရ ဖြစ်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား

0
266

ဟာသရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးမှုအများရဆုံးဖြစ်တဲ့ ခိုင်သင်းကြည်က မကြာသေးမီကပဲ မန္တလေးမြို့ဆီ သွားရောက်ပြီး ရိုက်ကူးခဲ့တဲ့  ‘အမေမဖြစ်ခင် အပျိုတစ်ခေတ်မှာ’ ရုပ်ရှင်ဇာတ်ကားဟာ သူ့ဘဝအတွက် အမှတ် တရဖြစ်တဲ့ ဇာတ်ကားတစ်ကားပါလို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာ ခိုင်သင်း ကြည်က ဆံပင်ပုံစံမျိုးစုံနဲ့ ကာရိုက်တာမျိုးစုံကို တစ်ဆင့်စီ ပြောင်းလဲကာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

“အဲဒီဇာတ်ကားက မခိုင်အတွက် တကယ်ကို အမှတ်တရပါပဲ။ ဆံပင်ပုံစံ အားလုံးပေါင်း ၄မျိုး။ မယ်သီလရှင်ခေါင်းတုံးဆံပင်ပါဆိုရင် အားလုံးပေါင်း ၅မျိုးပေါ့။ အဲဒီ လောက်ထိ ဘဝမှာ ရုပ်ရှင်ဇာတ် ကားကို ဆံပင်ပုံစံ ၅မျိုးလောက်ထိ သရုပ်ဆောင်ရတာ တစ်ခါမှမရှိ ခဲ့ဘူး။ အရမ်းပင်ပန်းခဲ့တယ်။ ပင်ပန်းသလောက်လည်း ကျေနပ် အားရခဲ့တယ်။ ကိုယ်နဲ့အတူ သရုပ်ဆောင်တဲ့သူ အကုန်လုံးက ကောင်းနေတော့ ဒီဇာတ်ကားလေးကို မခိုင်အတွက် တော်တော်လေး မျှော်လင့်ပါတယ်။ စိတ်ရော၊ လူရော အားထည့်ပြီး ကြိုး စားထားပါတယ်” လို့ ခိုင်သင်းကြည်က ပြောပါတယ်။ ဇာတ်ရုပ်ပီပြင်မှု ရှိဖို့အတွက်လည်း ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေနဲ့ တိုင်ပင်ပြီး အသေးစိတ်ပြင်ဆင်ထားတာ ဖြစ် ကြောင်းကိုလည်း ခိုင်သင်းကြည်က…

“ဒီဇာတ်ကားကို လက်ခံထားတာတော် တော်ကြာပြီ။ လွန်ခဲ့တဲ့ ၃လ၊၄လကတည်းက ကြိုတင်ပြီး စဉ်းစားတယ်။ ဇာတ်ကားမရိုက် ခင် တစ်လ၊ နှစ်လ အလိုကတည်းကလည်း ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေနဲ့ရော မျိုးစုံ တိုင်ပင်တယ်။ ဆေးစွဲတဲ့ အမူအရာ ကို အမှန်အတိုင်းပြောရရင် အစ်မက လေ့ လာမှု အားနည်းတယ်။ သိပ်အများ ကြီး မလုပ်တတ်ဘူး။ အဲဒါလေးကိုလည်း နိုင်ငံခြား ဇာတ်ကားထဲမှာ လေ့လာရင် ကောင်းမလားပေါ့။ ရုပ်ရှင်အတွက်လေ့ လာခဲ့တာ တစ်ခါ မှမရှိဘူး။ အဆင်ပြေ သလိုလုပ်လိုက်တာများတယ်။ အခုကျတော့ ဆေးစွဲတဲ့ အိုက်တင်ဆိုတော့ ဘယ်လိုများ လုပ်ရင်ကောင်းမလဲပေါ့။ မေးရတာပေါ့။

တကယ့် တကယ် ရိုက်ကူးတဲ့အခါကျတော့လည်း အကုန် လုံးက သင်ပေးပါတယ်။ ဒါရိုက်တာရော၊ ကိုလူမင်းတို့၊ ကျော်ကျော် တို့ကလည်း သူတို့ မြင်ဖူးတွေ့ဖူးတာတွေ ရှိတော့ ဆေးသမားတွေဆိုရင် ဘယ်လိုဖြစ်တယ်ဆိုပြီး သင် ပေးပါတယ်။ အဝတ်အစားဆိုလည်း မခိုင်က ပထမ တအား ဆင်းရဲပြီး ပိုက်ဆံသိပ်မရှိတဲ့ ကောင်မလေး။ နောက်တော့ အိမ်ထောင်ကျသွားပြီးတော့ ပိုက်ဆံရှိသွားတဲ့ ရိုးရိုးသားသား ကောင်မလေး။ အဲဒီကနေ ပျက်စီးသွားပြီးတော့ ဟော့ရှော့ ဖြစ်သွားတဲ့ မိန်းမ။ အဲဒီကနေမှ နောက်ပိုင်းတကယ့်ကို စုတ်ပြတ်သပ်ပြီးတော့ ဘဝပျက် သွားတဲ့ မိန်းမဘဝမျိုးစုံပေါ့။ လွန်ခဲ့တဲ့ နှစ်၂ဝကျော်ကို ပြန်သွားရတော့ အရင်တုန်းက ဆယ်ကျော်သက် အသက်နှစ်ဆယ်လောက်ကို ပြန်ရိုက်ရတော့ အရင်တုန်းကခေတ်က အင်္ကျီကို ပြန်ချုပ်ရတာပေါ့” လို့ပြော ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here