လွှတ်တော်အမတ်များ၏ချီးကျူးဂုဏ်ပြုမှုကိုရရှိခဲ့သည့်”MyCountry MyHome” ဇာတိမြေ ရုပ်ရှင် ဇာတ်ကား

0
206

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်(၂)နှစ်ပြည့် အခမ်းအနားတွင် “MyCountry My Home”  ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကား ပြသခွင့်ရခဲ့ကြောင်း သိရသည်။ဇာတ်ကားပြသအပြီးမှာ လွှတ်တော်သဘင်ဆောင်အတွင်းမှ လက်ခုပ်သံများ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ချီးကျူးစကားသံများကြောင့် ခွန်အား များဖြစ် စေခဲ့တယ်ဟု ဒါရိုက်တာကြည်ဖြူသျှင် ကပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်က ‘My Country My Home ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်လို့ ချီးကျူးဂုဏ်ပြုပြီး ဒီဇာတ်ကားကို လွှတ်တော်မှာ ပြခွင့်ရတာဂုဏ်ယူ ကြောင်း အထူးကြိုက်နှစ်သက်ကြောင်း ပြောကြားရာထိုစကားသည် သူ့အတွက် အဖိုးတန်လွန်းလှပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကတော့ အလုပ်ကိစ္စတွေရှိလို့ နာရီဝက်စာ လောက်ကြည့်ပြီး ၊ နောက်မှDVDအချပ်ပို့ပေးဖို့ မှာကြားသွားကြောင်း ဒါရိုက်တာကြည်ဖြူသျှင်ကပြော ပြခဲ့သည်။ ‘My Country My Home ‘ ‘ဇာတိမြေ’ ရုပ်ရှင် ဇာတ်ကားက မြန်မာနဲ့ဂျပန်နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အောင်ရဲလင်း၊ရန်အောင်၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည်တို့ကအဓိကသရုပ် ဆောင်ထားကြကာ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မကြာခင်မှာ ရုံတင်နိုင်အောင် ကြိုးစားနေကြောင်းလည်း သိရပါသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here