လူတွေကြားမှာ ဖြစ်ပျက်နေကျ သဘာဝပုံစံလေးကို ဖော်ကျူး ရိုက်ကူး သွားမယ့် ဇီးရိုးနှင့် ဟီးရိုး

0
162

ဒါရိုက်တာ သြရသရိုက်ကူးတဲ့ ‘ဇီးရိုးနှင့် ဟီးရိုး’ ဇာတ်ကားကန်တော့ ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွှေပုစွန်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ သရုပ်ဆောင် ဇင်ဝိုင်း၊ ပြေတီဦး၊ ညီထွဋ်ခေါင်၊ နေ ဆန်း၊ အိစီကွေး၊ ဝတ်မှုံရွှေရည်၊ ဆု မြတ်နိုးဦး၊ သန်းသန်းစိုးတို့အပြင် အခြားအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဒါရိုက်တာ သြရသက…

“ဒီဇာတ်လမ်းက အချစ်ဟာသ ဇာတ်ကားလေးပါ။ လူတွေကြားမှာ အမြဲဖြစ်နေတဲ့ သဘာဝလေးတွေကို ရိုက်ကူးသွားမှာပါ။ ကျွန်တော်ဒီဇာတ် ကားကို ဖေဖော်ဝါရီလ ပထမပတ်မှာ ပဲ ရိုက်ကူးသွားမှာပါ” လို့ ပြောပါ တယ်။ ဇီးရိုးနှင့် ဟီးရိုး ဇာတ်ကားကို ရန်ကုန်မြို့မှာပဲ ရိုက်ကူးသွားမှာဖြစ် ကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here