မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာအသင်းမှ အေးချမ်းသာစေ သင်္ကြန်ရေ သီချင်းခွေထွက်မည်

0
87

၂ဝ၁၈ခုနှစ် သင်္ကြန်အတွက် မန္တလေးမြို့ဂုဏ်ဆောင် မြို့မတူရိ ယာအသင်းမှ ‘အေးချမ်းသာစေ သင်္ကြန်ရေ’ ခေါင်းစဉ်ဖြင့်သင်္ကြန်တေး သီချင်းခွေကို ဖေဖော်ဝါရီလအတွင်း ထွက်ရှိရန် စီစဉ်နေကြောင်း မြို့မတူရိ ယာအသင်းမှ သိရှိရသည်။

”မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ သံနဲ့ သင်္ကြန်ခွေတွေ မထွက်ရှိတာ ၁ဝနှစ် ဝန်းကျင်လောက်ရှိသွားပြီ။ကျွန်တော့်မိတ်ဆွေတွေ၊ ကိုထွန်း ဦး(ထွန်းဦးစာပေ)တို့ အဖွဲ့တွေက ခင်ဗျားလုပ်မှာဆိုရင်လည်း ကျွန် တော်တို့ပါဝိုင်းဝန်း ကူညီကြမယ်။ မြို့မ မူ၊ မြို့မဟန်နဲ့တော့ ကြိုးစား ပေးပါပြောတော့ ကျွန်တော်လည်း ကျွန်တော်ရဲ့ ဂီတသက်တမ်းအနှစ် ၅ဝမှာ အမှတ်တရလေး ဖြစ်အောင် ဒီ တေးစီးရီးကို စီစဉ်ဖြစ်ပါတယ်။ သီချင်းရေးဆရာတွေကလည်း မြို့မ သီချင်းရေးဆရာတွေ၊ တီးကြမှုတ် ကြတဲ့ သူတွေကလည်း မြို့မအသင်း သားတွေ၊ မြို့မစတူဒီယိုမှာ အသံ သွင်းကြတော့ မြို့မက မွေးဖွားလိုက် တဲ့ တေးစီးရီးတစ်ခုဆိုရင်မမှားပါ ဘူး။ မြို့မအသင်းသားတွေ စုစည်းမှု အားနဲ့ မြို့မအသင်းမှ ၁ဝနှစ်ကျော် အတွင်းမှာ ပထမဆုံးထွက်လာတဲ့ တေးစီးရီးဖြစ်ပါတယ်။ လူကြီးရော၊ လူငယ်ရော ကြိုက်အောင် ကြိုးစား ထားပါတယ်” ဟု တေးစီးရီး စီစဉ်သူ ဦးစိန်မြင့် (မြို့မ)က ပြောသည်။
အဆိုပါတေးစီးရီးတွင် တေး ရေး မြို့မငြိမ်း၊ ဦးဘိုခင်(မြို့မ)၊ ဦး ရွှန်းမြိုင်(မြို့မ)၊ ဦးရဲထွေး(မြို့မ)၊ ဦး သန်းမောင်ဝင်း(မြို့မ)နှင့် ဦးမောင် မောင်စိန်(မြို့မ)တို့၏ သီချင်း ၁၂ ပုဒ်ကို တေးသံရှင် သန်းမြတ်စိုး၊ ရီရီ သန့်၊ ဝင်းဝင်းအောင်၊ ဖိုးသောကြာ၊ သန်းထိုက်စိုး၊ ဝိုင်းလမင်းအောင်နှင့် အေးစိုးထိုက်တို့က သီဆိုထားကြပြီး ဂီတမှူး ဦးရဲထွေး(မြို့မ)၊ အကယ်ဒမီ သော်ဇင်၊ အောင်လွင်ဦး(မြို့မ)တို့ ဖြင့်မြို့မစတူဒီယိုတွင် ဇန်နဝါရီလ တတိယပတ်ကစတင်ပြီး အသံသွင်း ယူခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here