ဂျပန်ဇာတ်ကားကို မြန်မာမှုပြုပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရွှေမင်းသမီးနှင့် လူလိမ်ရုပ်သံဇာတ်လမ်းတွဲ

0
216

Dream production ကထုတ် လုပ်ပြီး ဒါရိုက်တာချိုဝတ်ရည် ရိုက် ကူးတဲ့ ‘ရွှေမင်းသမီးနှင့် လူလိမ်’ ဇာတ် လမ်းတွဲကို မတ်လ ၂၃ရက်နေ့ MWD Documentary တွင် ည၇နာရီ ၄၅ မိနစ်မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါ တယ်။အဆိုပါဇာတ်ကားမှာတော့ ဇေယျ၊ ယွန်းယွန်းနှင့် အခြားအနု ပညာရှင်ပေါင်းစွာနဲ့ ပုံဖော်ရိုက်ကူး ထားပြီး ၊Japanese Drama ဇာတ် လမ်းတွဲများလို ပေါ့ပေါ့ပါးပါးဖြစ်အောင် ရိုက်ကူးပုံ ဖော်ထားကြောင်းလည်း သိရပါတယ်။ ဇာတ်လမ်းတွဲနဲ့ ပတ် သက်ပြီး ဒါရိုက်တာချိုဝတ်ရည်က…”ဇာတ်လမ်းပုံစံက လူငယ်အကြိုက် ဟာသ Fancy ဇာတ်လမ်းလေး၊ ပရိ သတ်ကို အတင်းကလိထိုး ရယ်မော ခိုင်းတာမျိုးမဟုတ်ဘဲ၊ ဇာတ်လမ်း၊ ဇာတ်ကောင်ကာရိုက်တာတွေကြောင့် ရယ်မောရမယ့် ဇာတ်လမ်းတွဲမျိုးပါ။ အစ်မက အရင်ကဂျပန်ဇာတ်ကား တွေတအားကြည့်တယ်၊ အဲဒီဂျပန် ဇာတ်ကောင်လေးတွေနဲ့ ဖန်တီးပြီး အစ်မရေးထားတာတွေ အများကြီးရှိ တယ်။ အဲဒီထဲက ဇာတ်လမ်းတစ်ခုကို အစ်မမြန်မာမှုပြုလိုက်တယ်။ ‘ရွှေမင်း သမီးနှင့် လူလိမ်’ဆိုပြီး ဇာတ်လမ်း ကျောရိုးကိုပြန်ယူပြီးတော့ ပြန်ရေး ဖြစ်တာ။ ဇာတ်လမ်းတွဲဆိုတော့ အမှန်အတိုင်းပြောရရင် ရုပ်ရှင်ရုံကြီး တွေမှာပြတဲ့ဇာတ်ကား ၄ ကား စာ လောက်ရှိတယ်။ ဇာတ်ညွှန်းကို သေ ချာရေးပြီး စိတ်တိုင်းကျပြီးမှ အစ်မ ရိုက်ကူးတယ်”လို့ပြောပါတယ်။

တွယ်တာ၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here