ကျိုက်ထီးရိုး ဘုရားဖူးသွား၊ သုဝဏ္ဏဘူမိမှာ သူငယ်ချင်းတွေနဲ့ပါတီလုပ်ရင်း မွေးနေ့ကိုဖြတ်သန်းဖြစ်ခဲ့တဲ့ဖြိုးပြည့်စုံ

0
147

လူတိုင်း၊ လူတိုင်းမှာ မွေးနေ့နဲ့ပတ်သက်တဲ့ Plan လေးတွေ ကိုယ်စီရှိကြ မှာပါ။ မွေးနေ့ရောက်ရင် ဘယ်သွားမယ်၊ ဘယ်မှာ အလှူအတန်းလေးတွေ လုပ်မယ်၊ ဘယ်သူငယ်ချင်းတွေနဲ့ တွေ့မယ်စသဖြင့် ပေါ့လေ။ အဆိုတော် ဖြိုးပြည့်စုံတစ်ယောက်ကတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ သူ့မွေးနေ့အတွက် ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖြတ်သန်းဖြစ်ခဲ့ပါတယ်။

အဓိကကတော့ ၄ ရက်နေ့ညမှာ အရင်းနှီးဆုံး သူငယ်ချင်းတွေ နဲ့အတူ ရန်ကုန်ကနေ ကျိုက်ထီးရိုးဘုရားကြီးဆီကို သွားတယ်။ ၅ ရက်နေ့ ကျိုက်ထီးရိုးဘုရားမှာ ရွှေသင်္ကန်းကပ်တာတို့၊ ဆွမ်းကပ် တာတို့၊ ပဋ္ဌာန်းရွတ်တာတို့လုပ်တယ်။ ပြီးတော့ မုန့်လေးဘာလေး စားပြီး တောင်ပေါ်ကဆင်းတယ်။ ပြီးတော့ အဲဒီနားမှာရှိတဲ့ သုဝဏ္ဏဘူမိResort မှာ ပါသွားတဲ့သူတွေ အကုန်လုံးနဲ့ ပါတီ လေးတစ်ခုလုပ်ဖြစ်တာပေါ့ လို့ ဖြိုးပြည့်စုံကပြောပါတယ်။ မွေး နေ့အလှူတစ်ခုလုပ်ဖို့လည်းရှိသေးတဲ့ ဖြိုးပြည့်စုံက….

နောက်ထပ်တစ်ခုကတော့ မွေးနေ့ပြီးတဲ့အချိန်မှာ ပရဟိတအလှူလေးတစ်ခုလုပ်ဖို့ရှိတယ်။ မိဘမဲ့တွေကို လှူ မလား၊ ဘိုးဘွားရိပ်သာမှာလှူမလား၊ ဒါမှမဟုတ် ဟိုတလော ကလည်း We love တွေနဲ့ မန္တလေးမှာရှိတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေရှိတဲ့ဂေဟာမှာ သွားလှူဖြစ်မလားဆိုတာ သူငယ်ချင်းတွေ၊ ပရိသတ်တွေနဲ့ တိုင်ပင်နေတယ်” လို့ ပြောပြ ပါတယ်။ ၂ဝ၁၈ ခုနှစ်ထဲမှာ ဂီတနဲ့ပတ်သက်လို့ အလုပ်တော် တော်များနေတဲ့ ဖြိုးပြည့်စုံတစ်ယောက် ထွက်လာမယ့်တေး စီးရီးတွေက…

“သင်္ကြန်လေညင်းလုလင်အခွေလေးထွက်ဖို့ရှိတယ်။ ဒီကြားထဲမှာ ထိုင်းကိုသွားပြီး ကျောက်ကပ်သည်း ခြေထုတ်ရမယ့်ကိစ္စလေးတွေလည်း ရှိတယ်။ အဲဒါပြီးသွားရင် တော့ ဒီနှစ်ထဲမှာ မျှော်နိုင်သမျှ အမ်တီဗီကလည်း ကြာနေပြီ ဆိုတော့ ဒီသင်္ကြန်ပြီးသွားရင် ထွက်မယ်ဆိုတဲ့ Plan ရှိတယ်။ ဒါကလည်း သင်္ကြန်ပြီးမှ ထွက်ဖြစ်မယ်ဆိုတာက ရှေ့မှာ Valentine တွေ၊ သင်္ကြန်တွေက အခွေတွေလုပ်ဖြစ်သွားတော့ အဲဒီကြား ထဲမှာ လုပ်လို့မရတော့ဘူး။ ဆိုတော့ မျှော်နိုင်သမျှ အမ်တီဗီရှိမယ်။ အောင်ထက်နဲ့ ကျွန်တော်နဲ့ အခွေရှိမယ်။ ဒုတိယအယ်လ်ဘမ် ရှိမယ်ပေါ့” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here