ချစ်သူကို ပရိသတ်ရှေ့ ထုတ်ပြလိုက်တဲ့ နေမင်း

0
534

သရုပ်ဆောင်နေမင်းက ဆရာမမေသင်္ကြန်ဟိန်းရေးသားတဲ့ ကျွန်မချစ်တဲ့သူတွေ ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ‘မုန်တိုင်းကိုရင်ဆိုင်ခဲ့သူတွေ’ ဇာတ်လမ်းတွဲ ရိုက်ကူးနေ ပြီး ဒီဇာတ်လမ်းတွဲကိုည၈နာရီခွဲသတင်းအပြီး စနေ၊ တနင်္ဂနွောညအလ ရုပ်သံလိုင်းမှာ မှာ ထုတ်လွှင့်ပြသ လျက်ရှိတယ်လို့သိရပါတယ်။ ဒီဇာတ်လမ်း တွဲရိုက်ကွင်းမှာ နေမင်းကို ဆံပင်အရှည်နဲ့ မြင်တွေ့ရတာကြောင့် ဒီဆံပင်ပုံစံနဲ့ ရိုက်ကူး ဖြစ်ပုံကိုတော့ နေမင်းက ”ဆရာမရဲ့အမျိုးသား ကိုတင်လင်းဇော်က ဦးညီထွဋ်ကို သဘောကျတော့ ဆံပင် အရှည် ထားတယ်။ သူ့အဖေက လေတပ်က ဆိုတော့ စနေ၊ တနင်္ဂနွေဆိုရင် သူ့ဘာသာသူ ညှပ် ပေးတယ်တဲ့။ အဖေကိုခွင့်တောင်းတော့ မင်းဆယ်တန်းအောင်ပြီးရင် မင်းကြိုက်တဲ့ ဆံပင်ထားလို့ရတယ်တဲ့။ ဆယ်တန်းပြီးကတည်းက ကိုတင်လင်း ဇော်က မညှပ်ပဲနဲ့ထားထားတယ်။ နောက်ဆုံး မမေသင်္ကြန်ဟိန်းကညှပ်ဖို့တောင်းဆိုတဲ့အချိန်ကျတော့ အချစ်ကြောင့် ပျက်သုဉ်း သွားတဲ့ ဆံပင်တစ်စုံပေါ့။ အဲဒီအတွက်ကြောင့် ဆံပင်အရှည် ကြိုထားထားတာပါ” လို့ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲကို ပထမပိုင်းမှာ ကြည့်ရှုသူနည်းပေမယ့် ဒုတိယပိုင်းကိုတော့စိတ်ဝင်စားမှုများပြားလာကြောင်းကို နေမင်းက”ငွေကြေး၊ ဒီအတိုင်းအတာ ဒီ limit ထဲကနေ ဒီဇာတ်လမ်းတွဲကို ဖြစ်မြောက်အောင် ဆရာမမေ သင်္ကြန်ဟိန်းက အကောင်အထည် ဖော်တယ်။ သူအကောင်အထည်ဖော်တဲ့ ရည်ရွယ်ချက်ကလည်း သူ့ရဲ့မိသားစု သူ့ အဖေရဲ့limit life ကို လူတွေကို သိစေချင်တယ်။ နောင်တစ်ချိန်မှာ အထောက်အကူပြုနိုင်မယ့် မှတ်တမ်းလေးတစ်ခု ကျန်ခဲ့စေချင်တယ်။ ကျွန်တော် တို့ဘက်က လုပ်နိုင်သလောက်လေး လုပ်ကြတယ်ပေါ့။ ပထမ ၁၅ပိုင်းမှာ ကျွန်တော်တို့ မျှော်မှန်းထား သလိုမျိုး သိပ်မအောင်မြင်ဘူး။ လူကြည့်နည်းတာတစ်ကြောင်း၊ ကြော်ငြာမရတာ တစ်ကြောင်း၊ အဲဒီလိုကနေ ဒုတိယ ၁၅ပိုင်းကျတော့ ဘယ်လိုဖြတ် သန်းကြမလဲ၊ ဒီဟာက ငါတို့လုပ်ခဲ့တဲ့ အလုပ်ကို ပီပြင်အောင် ပြီးဆုံးအောင် လုပ်ရမယ့်တာဝန်ရှိ တယ်ဆိုပြီးတိုင်ပင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးရိုက်ကြမယ်ဆိုပြီး ရိုက်ကြ တယ်။ အခုကံကောင်းထောက်မစွာနဲ့ season 2 ရဲ့ ပထမပိုင်း တစ်ပိုင်းမှာနှစ်စပဲ ဖြစ်လာတာလားတော့ မသိဘူး၊ ပရိသတ်ပဲ စိတ်ဝင် စားလာ တာကြောင့်လား မသိဘူး။ လူတွေ ကြိုက်လာကြတယ်။ ကြည့်လာကြ တယ်။ ကျွန်တော်တို့ ဇာတ်လမ်း တွဲရှင်သန်လာမှု၊ ကျွန်တော်တို့ အဖွဲ့သားတွေရဲ့ ကြိုးစားမှု တွေမှာလည်း အားအင်တွေ ပိုရှိလာကြတယ်။ အဲဒီမှာ တစ်ခုသိရတာက ငွေကြေးကြောင့် အနုပညာလုပ်ကြတာ မဟုတ်ဘူး။ ပရိသတ်အားပေးမှုနဲ့ ကြိုးစားအားထုတ်မှုနဲ့ အနော တသမု တစ်ခုနဲ့ ရပ်တည်ကြတယ်ဆိုတဲ့ အခြေအနေ ကို သိလာကြတယ်။ ဒီဇာတ်ကားကို လူတွေစိတ်ဝင်စား လာတယ်လို့ ကြားရတဲ့ အချိန်မှာ စက်အဖွဲ့ကအစ အကုန်လုံး ပျော်ကြတယ်။ သူတို့ရဲ့ငွေကြေး၊ သူတို့ ရပိုင်ခွင့်တွေကို ခဏမေ့သွား ကြတယ်။ ဒီဟာကို ဘယ်လိုကောင်း အောင် ဝိုင်းလုပ်ကြမလဲ။ ငါတို့ရှိတဲ့ အင်အားလေးနဲ့ ဘယ်လိုတင် ဆက်ကြမလဲ။ နောက်တစ်ခုက ငါတို့ ရုပ်ရှင်လောကက ဒီအချိန်မှာ ဗီဒီယိုလည်း ရိုက်မယ့်လူမရှိ။ ရုပ်ရှင်လည်း ပုံနေကြတယ်။ အဲဒီအချိန်မှာ သွေးပူလေ့ကျင့်ခန်းလုပ်လို့ရ တယ်ဆိုတဲ့အတွေးထိ တွေးလိုက်တယ်။ အနုပညာအတွက် နေ့တိုင်း Training ဆင်း နေရတယ်။ အကောင်းဆုံး Training ဖြစ် အောင်ကြိုးစား ကြမယ်ဆိုပြီးဒီအလုပ် ကို လုပ်ခဲ့ကြတယ်” လို့ပြောပါတယ်။ နေမင်းကသူတို့ရွှေစင် ဦးထုတ်လုပ်ရေး ကနေ ဒါရိုက်တာမီးပွားရိုက်ကူးပြီး ဝတ်မှုံရွှေရည်၊ နေခြည်ဦး တို့ ပါဝင် မယ့်ရုပ်ရှင်ဇာတ်ကားကို ပြင်ဦး လွင် မှာ ဖေဖော်ဝါရီ ၁၅ရက် နေ့မှာ သွားရောက်ရိုက်ကူး မှာဖြစ်ပါတယ်။ ချစ်သူရှိနေပြီဖြစ် တဲ့နေမင်းက သူ့ရဲ့ ချစ်သူနဲ့အတူရိုက်ကူးထားတဲ့ဓာတ်ပုံ လည်းအွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါ တယ်။ ချစ်သူနဲ့ပတ်သက်ပြီး နေမင်းက

”ကျွန်တော့်ရဲ့ဖြတ်သန်းခြင်းအဆိုး၊ အ ကောင်းကောင်းတစ်လှည့်ဆိုးတလှည့်၊ အဆိုး ကြီးပဲဖြတ်သန်းတဲ့ ကာလအားလုံးသော အခြေအနေ အရပ်ရပ်တိုင်းမှာ ရှိနေခဲ့တဲ့ သူတစ် ယောက်မို့လို့ပါ။ ဒီလို ချစ်သူရသွားတော့ ကျွန်တော့် ပရိသတ်တွေက ကျွန်တော့်ကို တချို့ စိတ်မကောင်းဖြစ် တာ တွေရှိတယ်။ သို့သော် ကျွန်တော့်အသက်အရွယ်နဲ့ ကျွန်တော်ရှိနေတဲ့ အခြေအနေတစ်ခုအရ ချစ်သူတစ်ယောက် ရှိသင့်တယ်လို့ တွေးမိ တယ်။ အရင်တုန်းက ကျွန်တော်ဘုန်းကြီးဝတ်မယ်လို့ ပြောခဲ့ဖူး တယ်။ တစ်နေ့ကျတော့ စီအိုင်ဒီက ကျွန်တော့် ဦးလေးလို ခင်တဲ့ ရဲမှူးဦးသန်းစိုးကပြောပြတယ်။ မင်းတို့လို ဦးနှောက်ရှိ ပြီးတကယ်အလုပ်အပေါ်မှာ စေတနာ ရှိပြီးလုပ်နေတဲ့ သူတွေ ဖြတ်သန်းနေတဲ့အသိဥာဏ်ရှိတဲ့သူတွေက အိမ်ထောင် တွေပြုပြီး ငါတို့ မြန်မာ ပြည် မျိုးဆက်အတွက် ကောင်းတဲ့ကလေး တွေကို သေချာ Train ပြီး ထားခဲ့ပေးသင့်တယ်။ အဲဒါမှ တိုင်းပြည် ရဲ့အနာဂတ်မှာတကယ်တိုင်းပြည်ကိုတည်ဆောက်နိုင်တဲ့ ကလေး တွေ အများကြီးရှိလာမှာတဲ့။ အဲဒီအတွေးလေး ကျွန်တော့် ခေါင်း ပေါ်မှာလာပေါ်တယ်။ ကိုယ်လည်းချစ်သူရှိနေပြီ ဖြစ်တဲ့အတွက် ထုတ်ပြောပြဖြစ်တာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here