ဇာတ်ပို့၊ ဇာတ်ရံတစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်လမ်းရွေးချယ်ခွင့် သိပ်မရကြောင်း ခင်လှိုင် ဖွင့်ဟ

0
262

ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ‘ကောလိပ်ဂျပိုး’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ခင်လှိုင်က တက္ကသိုလ်မှာ နှစ်ဆွေးကျောင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ကိုယ်တိုင်က အတန်းပညာနည်းခဲ့ရတဲ့အတွက် ဒီဇာတ်ကားရိုက်ကူးခဲ့စဉ်က ရင်ထဲမှာ ကြည်နူးမိပြီး၊ နှစ်ဆွေးကျောင်းသားမို့လို့သာ လက်ခံရိုက်ကူးခဲ့ကြောင်း ခင်လှိုင်ကပြော ပါတယ်။

”တကယ်ပျော်ပြီး တကယ်ကြည်နူးပါတယ်။ တကယ့်ကို ရင်ထဲမှာ ကြည်ကြည် နူးနူးလေး ခံစားရပါတယ်။ အစ်ကိုက တက္ကသိုလ်ကို တကယ်လည်း မတက်ခဲ့ရဘူး။ အတန်းပညာလည်းနည်းခဲ့တယ်။ ဇာတ်ကားထဲမှာ တက္ကသိုလ်ဇာတ်ကားအဖြစ် ပါဝင်ခဲ့ရတဲ့ ကားတွေကလည်း အစ်ကို့အတွက် တော်တော်ရှားပါတယ်။ တက္ကသိုလ် ရဲ့ အငွေ့အသက်တွေကြည်ကြည်နူးနူးရခဲ့တယ်။ ရိုက်ကူးတုန်းက ပျော်စရာကောင်း ခဲ့ပါတယ်။ ပထမတုန်းက ကိုဇော်က တက္ကသိုလ်ကျောင်းသားဆိုပြီးငှားတော့ ရယ်မိတယ်။ ကိုယ့်အသက်အရွယ်နဲ့ဆိုတော့ မလုပ်ချင်ဘူးလို့ပြောတော့ တက္ကသိုလ်ကျောင်းသားဆိုပေမယ့် နှစ်ဆွေး ကျောင်းသားလုပ်ရမှာလို့ပြောတော့ ရိုက်ကူးဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ဇာတ်မျိုးပဲ ရိုက်ကူးဖြစ်နေတဲ့ ခင်လှိုင်က ဇာတ်ပို့၊ ဇာတ်ရံတစ်ယောက်ဖြစ်တဲ့အတွက် တော်ရုံတန်ရုံ ဇာတ်လမ်းရွေးချယ် ခွင့် သိပ်မရကြောင်းပြောပါတယ်။ ”အခုနောက်ပိုင်းမှာက အသက်အရွယ်နဲ့လိုက်တဲ့ ဇာတ်ဆိုရင်တော့ လက်ခံမှာပါ။ ဒီလို နှစ်ဆွေးကျောင်းသားပုံစံ ခဏခဏလုပ်ဖို့လည်း လွယ်မယ်မထင်ဘူး။ အစ်ကိုတို့က တော်ရုံတန်ရုံ ရွေးချယ်ခွင့်သိပ်မရပါဘူး။ ဘာဖြစ်လို့ လဲဆိုရင် အစ်ကိုတို့က ဇာတ်ပို့ဇာတ်ရံတွေဖြစ်တယ်။ ဒါရိုက်တာတွေက ငှားလာရင် ငှားလာတဲ့အပေါ်မှာပဲ အကောင်းဆုံးပြင်ဆင်ပြီး လုပ်ပါတယ်။ ကျွန်တော် ဒီဟာနဲ့ မလိုက်လို့ မလုပ်ချင်ဘူး။ ဟိုဟာနဲ့လိုက်လို့ လုပ်ချင်တယ်ဆိုပြီး ရွေးချယ်လို့မရပါဘူး။ အဓိကက စားဝတ်နေရေးလည်းရှိသေးတယ်လေ” လို့ ပြောပါတယ်။

တွယ်တာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here