ညီမတို့ရဲ့ အနုပညာတွေကို တခြားနိုင်ငံတွေမှာချပြခွင့်ရတဲ့ အခွင့်အရေး ရှိကောင်းလည်း ရှိလာနိုင်တယ် နန်းဆုဦး

0
297

နန်းဆုဦးက မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး ဒီဇာတ်ကား ထဲမှာ အိန္ဒိယမော်ဒယ်၊ သရုပ်ဆောင် Riya Ray လည်း ပါဝင်သရုပ်ဆောင် သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာက မင်းသမီးနဲ့ ရိုက်ကူးတာ ပထမဦးဆုံး အတွေ့အကြုံဖြစ်ပြီး အခုလို လက်တွဲအလုပ်လုပ်ရတာနဲ့ ပတ်သက်ပြီး နန်းဆုဦးက”တခြားနိုင်ငံက အနုပညာ ရှင်တွေနဲ့ တစ်ခါမှလည်း အတူတူ မလုပ်ဖူးဘူး။ ပထမဦးဆုံး အလုပ်လုပ်ရမယ်ဆိုတော့ အတွေ့အကြုံအသစ်တစ်ခု ရမယ်လို့ ညီမထင်ပါတယ်။ ညီမတို့ မြန်မာပြည်က အနုပညာတွေကို တခြားနိုင်ငံက မင်းသားမင်းသမီးတွေပါလာတဲ့ အခါကျတော့ တခြားနိုင်ငံမှာလည်း သွားပြသ ခွင့်ရမယ်ဆိုရင် ညီမတို့ရဲ့အနုပညာတွေကို တခြားနိုင်ငံတွေကို ချပြခွင့်ရတဲ့ အခွင့် အရေး ရှိကောင်းလည်း ရှိလာနိုင်တယ်ပေါ့။ အဲဒီလို ရှိလာရင်လည်း ညီမအနေနဲ့ တအား ဝမ်းသာပြီး တအားဂုဏ်ယူမိမှာပါ။ ညီမတို့ ဒီနိုင်ငံမှာလည်း တော်တဲ့ ဒါရိုက်တာတွေ အများ ကြီးပဲ။ အနုပညာကိုကောင်းကောင်းလုပ်နိုင်တဲ့သူတွေအများကြီးပဲ။ ညီမတို့ရဲ့ အနုပညာ ကို တခြား နိုင်ငံကိုလည်းချပြနိုင်တာမျိုးဆို ပိုပြီးတော့လည်း တိုးတက်လာမယ်။ ပိုပြီး တော့လည်း ကောင်းလာမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်ကားမရိုက်ကူးခင်မှာ Workshop တွေပြုလုပ်ဖြစ်ပြီး ကာ ရိုက်တာအတွက်လည်း သေချာပြင် ဆင်ထားတယ်လို့ဆိုတဲ့ နန်းဆုဦးက”ညီမတို့ အုပ်စုက ရုပ်ရှင်ကို တအားဝါသနာပါတဲ့ လူငယ်တစ် အုပ်စုပေါ့။ သူတို့ဖြစ်ချင်တာ ဒါရိုက်တာဖြစ် ချင်တယ်။ သူတို့ရိုက်ကူးရတာ ဝါသနာပါတယ်။ ဝါသနာတူတဲ့လူငယ်တွေ အတူတူ ပေါင်းသင်းဖြစ်ပြီး အလုပ်ကို ကြိုးစားနေကြတယ်ပေါ့။ ဒီကာရိုက်တာ အနေနဲ့ အဓိကပြင်ဆင်ရတာပေါ့။ လူငယ် Film-maker ပုံစံမျိုးဖြစ် အောင် အခု ဒါရိုက်တာက အဝတ်အစားနဲ့ ပတ်သက်ပြီး Serious ဖြစ်တယ်။ သူလိုချင်တာကို သူပြောတယ်။ သူလိုချင်တဲ့ ကာလာတွေက အစပြောတယ်။ ညီမအဲဒါကို သေချာလေး စီစဉ်ပေး ရတယ်။ ဖြစ်ပျက်တဲ့ အဖြစ်အပျက်က ၂ဝ၁၂ မှာ ဖြစ်တာဆိုတော့ အဲဒီတုန်းက ပုံစံမျိုးလေးတွေကို သတိထားပြီးတော့ ဖက်ရှင်လေးတွေကို သွားပေးရတယ်။ ပုံစံကလည်း ဒီကာရိုက်တာ နဲ့လည်း လိုက်အောင် ဒါရိုက်တာလိုချင်တာနဲ့ညှိ နှိုင်းပြီး အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ Workshop တွေလည်း လုပ်တယ်။ ဒီ Workshop မှာ Scrip တွေဖတ်ကြတယ်။ ဆွေးနွေးကြတယ်။ ဒါရိုက်တာ ဘာလိုချင်တယ်ဆိုတာကို အသေးစိတ်ပြောပြတယ်။ မရိုက်ကူးခင်မှာ သေချာလေး ပြော ပြတယ်။ ဒါမျိုးကလုပ်နေကြလည်း မဟုတ်ဘူး။ ဒီဇာတ်ကားရိုက်ဖို့အတွက်ကို ပြင်ဆင် မှုပိုပြီးဖြစ်သွားတယ်။ တအားကောင်းပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here