လူရွှင်တော် အောင်သော် ဦးဆောင်တဲ့ Golden Middle Way ပရဟိတအသင်းက ပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လိုကူညီမှာလဲ

0
221

5star လူရွှင်တော်အဖွဲ့မှ ကိုအောင်သော်က ပရဟိတလုပ်ငန်းများကို လုပ် ဆောင်လျက်ရှိရာ အခုအချိန်မှာတော့ Golden Middle Way အမည်နဲ့ တရားဝင်လိုင်စင် တင်လိုက်ပြီးပြီလို့ သိရပါတယ်။ အဆိုပါအသင်းနဲ့ပဲ ပရဟိတ အလုပ်များ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ကိုအောင် သော်တို့ GOLDEN MIDDLE WAY ပရဟိတအသင်းအနေနဲ့ အသင်းအမည် အသစ်နဲ့ လက်ရှိလုပ်ငန်းစဉ်များ ပြောင်းလဲခြင်းမရှိဘဲ အရေးပေါ် လူနာတင် ကားများ ထပ်တိုးပြေးဆွဲပေးခြင်းနဲ့ မီးငြှိမ်းသတ်ရေးယာဉ်၊ မီးသတ် အထောက် အကူပြုယာဉ်များနဲ့ ပိုမိုကြိုးစားလုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအသင်းအနေနဲ့ ကိုအောင်သော်ရဲ့ ဦးဆောင်မှုတွေနဲ့အတူ ပြည်သူတွေရဲ့ အခက်အခဲတွေကို အစဉ်တစိုက် ကူညီလုပ်ဆောင်နေလျက်ရှိတဲ့ အသင်းတစ်သင်း လည်းဖြစ်သလို အဖွဲ့ဝင်တွေအနေနဲ့လည်း စည်းလုံးညီညွတ်မှုအားတွေနဲ့အတူ ပရဟိတစိတ်ထားတွေနဲ့ လုပ်ဆောင်ပေးလျက်ရှိနေကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here