နာမည်ပြောင်း အပြီး နာမည်ပြောင်း အပြီး ဇာတ်လမ်းတွဲ အသစ်ရိုက်ဦးမယ့် ဝင့်ယမုံနိုင်

0
333

သရုပ်ဆောင် ဝင့်ယမုံလှိုင်က မကြာသေးခင်ကပဲ နာမည်အရင်း ဖြစ်တဲ့ ဝင့်ယမုံလှိုင်အမည်ကို ဝင့်ယမုံနိုင်လို့ ပြောင်းလဲလိုက်ပါတယ်။ အနုပညာအလုပ်တွေကို အရင်အမည်နဲ့ လုပ်ကိုင်လာတာလည်း လေးနှစ်ကျော်ရှိပြီဖြစ်ပြီး အခုအချိန်မှ နာမည်ပြောင်းလဲဖြစ်ပုံက…

“ယမုံရဲ့နာမည်အရင်းကိုက ဝင့်ယမုံလှိုင်ပါ။ အခုပြောင်းလိုက်တဲ့ နာမည်က ဝင့်ယမုံနိုင်ပါ။ ယမုံနာမည်လေးပြောင်းလိုက်တယ်ဆို တာကလည်း ပြောင်းဖို့အချိန်တန်လာလို့လို့ပဲပြောချင်ပါတယ်။ အနုပညာအလုပ်တွေ စမလုပ်ခင်ကတည်းက နာမည်ပြောင်းဖို့ အကြံဥာဏ်ပေးခဲ့တာတွေလည်းရှိပေမယ့် ယမုံကဆုံးဖြတ်ချက်မချ ဘဲနဲ့ ကြန့်ကြာနေခဲ့တာပါ။ ယမုံက တစ်လလောက်၊ တစ်နှစ် လောက်နေမှ ထပြောင်းတာမျိုးမဟုတ်ဘဲနဲ့ လေးငါးနှစ် လောက်နေမှ ထပြောင်းတာဆိုတော့ ပရိသတ်တွေလည်း တစ်မျိုးမြင်မှာကိုလည်းစိုးရိမ်ပါတယ်။ အမှန်တကယ် ကတော့ ဒီလိုမဟုတ်ပါဘူး။ ညီမရဲ့ကျန်းမာရေး၊ လူမှု ရေး၊ စီးပွားရေးအားလုံးအတွက် အချိန်ကြန့်ကြာနေတဲ့ အလုပ်တစ်ခုကို အခုအချိန်မှဆုံးဖြတ်လိုက်ရတဲ့ သဘောပါရှင့်”လို့ ပြောပြပါတယ်။

ဝင့်ယမုံနိုင်အနေနဲ့ပဲ အနုပညာလှုပ်ရှား မှုတွေ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်သလို ဇာတ်လမ်းတွဲအသစ်ကိုလည်း ဧပြီလမှာစတင် ရိုက်ကူးသွားမယ်လို့သိရပါတယ်။ ဝင့်ယမုံနိုင် ကို ခက်ထန်တဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အမြင်မှာစွဲနေပေမယ့် ထူးခြားတဲ့ ပုံစံသစ်တစ်မျိုး ကြိုးစားသွားဦးမယ်ဆိုတဲ့အကြောင်းကို”တစ်ခုရိုက်ဖို့လက်ခံထားပါတယ်။ ဒီဇာတ်ကားကလည်း နည်းနည်းထူး ခြားပါတယ်။ ပရိသတ်တွေက ပုံမှန်ယမုံကိုမြင်ရင် ခက် ထန်တဲ့ကာရိုက်တာမျိုး၊ ချမ်းသာတယ်၊ မာနကြီးတယ် ဆိုတဲ့ ပုံစံမျိုးနဲ့တွေ့နေကျပါ။ ဒါပေမဲ့ အခုက ဒီလိုမျိုး မဟုတ်ပါဘူး။ ကာရိုက်တာ ပုံစံကနည်းနည်းယောက်ျား ဆန်တယ်။ စိတ်မြန်တယ်။ အချစ်ရေးမှာသိပ်ပြီးစိတ် ဝင်စားမှုမရှိတဲ့  ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါရှင့်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here