အိမ်ထောင်ရေးနဲ့ အချစ်ရေးဇာတ်တွေကို မကြိုက်ဘဲ မိသားစုဇာတ်တွေကို ပိုကြိုက်တယ် သဘင်မင်းသား ချစ်စွမ်းသာ

0
159

သဘင်မင်းသားချစ်စွမ်းသာ ဟာဆိုရင်လည်း သူ့ရဲ့ကိုယ်ပိုင်ဇာတ်ကို တည်ထောင်တဲ့အခါမှာ သူစုဆောင်းထားတဲ့ အနုပညာငွေကြေး တွေနဲ့ မိဘတွေထားခဲ့တဲ့ငွေကြေးတွေစုပေါင်းပြီး တည်ထောင်ဖြစ်ခဲ့တာလို့ သိရပါတယ်။

”ကျွန်တော်ကရင်းနဲ့ စုထားတာက ကျွန်တော့်လက်ထဲမှာငွေ သိန်း ၃ဝဝ လောက်ရှိတယ်။ ကျွန်တော့်မိဘအမွေတွေ ရောင်းတာက သိန်း ၆ဝဝ ဝန်းကျင်လောက်ရတယ်။ အဲဒီမှာတစ်ထောင်နားကပ်ကပ်ပေါ့။ ကျွန်တော်တို့မှာက မရှက်ဘူးပြောပြတယ်။ Installment တွေနဲ့ အကုန်ယူလို့ရတယ်။ စက်တွေ LED တွေအားလုံးက Installment နဲ့ရတယ်။ Installment နဲ့ ရပေမယ့် နောက်ပိုင်းမှာက ပွဲချီ ရမယ်၊ မရမယ်က မသေချာဘူး။ ဒါပေမဲ့ ကျွန်တော့်ကံကို ကျွန်တော်စမ်းကြည့်တယ်။ အိမ်ကလည်း တအားပြောပါတယ်။ မင်းက အာရုံ နောက်ရင် သိပ်မကြိုက်ဘူးတဲ့။ အဲဒီတော့ ဇာတ်ထောင်ဖို့ စဉ်းစားပါဦးလို့ပြောတယ်။ ကျွန်တော်ဇာတ်ထောင်ဖို့ကို တစ်လပဲစဉ်းစားတယ်။ ကျွန်တော်မနှစ်က ၅ လပိုင်းလောက်မှ ဆုံးဖြတ်ချက်ချလိုက်တာ။ ၆ လပိုင်းနဲ့ ၇ လပိုင်းကို လူရှာပြီး၊ လူစုပြီးတော့ ၈ လပိုင်းမှာ ပွဲထွက်ခဲ့ တယ်။ လုပ်မယ်ဆိုရင် ငါရအောင်လုပ်မယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ ကျွန်တော်က ပိုက်ဆံကလည်း တအားမချမ်းသာဘူး။ အိမ်ကလည်း တအားမချမ်းသာဘူး။ Installment တွေယူတယ်။ အခုဆိုရင် ကျေသလောက်ဖြစ်သွားပြီ။ ပွဲတွေကတယ်၊ ပြန်ဆပ်တယ်။ ပေးတဲ့လူတွေ ကိုလည်း ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်။ ငါ့လိုဘာမှလည်းမသိတဲ့လူကို သူတို့တွေ သိန်းရာချီပြီးတော့ ဘာလို့ပေးလဲပေါ့။ သိန်း ၁၅ဝ ဆိုရင် ကျွန်တော်က ၅ဝ လောက်ပဲ ပေးထားတာလေ။ သူတို့ကလည်း ကျွန်တော့်ကိုယုံတယ်။ ဒါကြောင့် ဘယ်လကို ဘယ်လောက်ပေးရမလဲဆိုပြီး ဆပ်တယ်။ အခုဆိုရင် ကျွန်တော်တို့ ကျေသလောက်ရှိသွားပြီ။ ဘာမှ သိပ်မကျန်တော့ဘူး။ ဒီနှစ်ကတော့ ဇာတ်လည်ပတ်ဖို့ရယ်၊ ပစ္စည်းတွေအဖတ်တင်ဖို့ရယ်ပဲပေါ့။ နောင်နှစ်တွေကျမှ ပိုက်ဆံစုနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဇာတ် တည်ထောင်ဖို့အတွက် ငွေကြေးပိုင်း စုဆောင်းခဲ့ပုံကို ချစ်စွမ်းသာကပြောပါတယ်။ သူက ပြဇာတ်ပိုင်းနဲ့ အော်ပရာတွေမှာဆိုရင်တော့ အိမ်ထောင်ရေးဇာတ်နဲ့ အချစ်ရေးဇာတ်တွေဆိုရင် သိပ်မကြိုက်ဘဲ၊ ဒရာမာဇာတ်ပဲကြိုက်တယ်လို့ပြောပါတယ်။

”မိသားစုအကြောင်းပေါ်အောင် ရေးထားတဲ့ပြဇာတ်မျိုးဆိုရင် ကျွန်တော်ပိုကြိုက်တယ်။ မိဘမေတ္တာနဲ့ ပတ်သက်တာတွေပဲ ကျွန်တော် ကတယ်။ ကျွန်တော်ကတဲ့ အော်ပရာတွေပြဇာတ်တွေကိုလည်း ကြိုက်ကြပါတယ်။ ပင်ပန်းလည်း ပင်ပန်းတယ်။ ကျွန်တော်အပင်ပန်းခံ ပြီးလည်းကတယ်။ ဒီနှစ်မှာကျတော့ ကျွန်တော်အားမရတာက ဆက်တင်တွေဘာတွေနဲ့ မကနိုင်ဘူး။ ဆက်တင်တွေနဲ့ ကနိုင်အောင် နောက် နှစ်မှာ ကျွန်တော်ကြိုးစားမယ်” လို့ တင်ဆက်မှုတွေနဲ့ ပတ်သက်လို့ ချစ်စွမ်းသာကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here