တောင်ကြီးရဲ့ ထွက်ကုန်က ပဲပုပ်နဲ့ အဆိုတော်ပဲလို့ ဆိုလာတဲ့ တောင်ကြီးသား အဆိုတော် သအို

0
189

တောင်ကြီးရဲ့ ထွက်ကုန်က ပဲပုပ်နဲ့ အဆိုတော်ဆိုပြီး ဆိုရိုးစကားရှိတယ်လို့ ပြောလာသူကတော့ တောင်ကြီးသား တစ်ဦးဖြစ်တဲ့ အဆိုတော်သအိုပဲဖြစ်ပါတယ်။

”အဆိုတော်တွေပဲ လှိမ့်ထွက်နေတာ(ရယ်လျက်)၊ အေးတော့ တစ်ချိန်လုံးဂစ်တာတီးပြီး သီချင်းပဲ လှိမ့်ဆိုနေကြ တာလေ။ ဂီတကိုဝါသနာပါတဲ့သူ တော်တော်များပါတယ်” လို့ သအိုက ပြောပါတယ်။ အခုလက်ရှိအချိန်မှာတော့ ဂီတ ကို ဝါသနာပါကြတဲ့ တောင်ကြီးကလူငယ်တွေက စုစုစည်းစည်းနဲ့ Music ကြိုက်တဲ့လူတွေအချင်းချင်း ဝိုင်းဖွဲ့ပြီးတော့ တွေ့ဆုံနေကြတာတွေ မြင်တွေ့ရတယ်။ သီချင်းလေးတွေအကုန်လုံးစုလုပ်နေကြပြီး အဲဒီလိုမျိုးက သူတို့ခေတ်မှာတောင် မရှိခဲ့ကြောင်းပြောပြပါတယ်။

”သူတို့တွေအားလုံး အရည်အချင်းတွေလည်းရှိကြပါတယ်။ ပိုပြီးတော့ စည်းစည်းလုံးလုံး ရှိလာကြတယ်လို့လည်း မြင်တယ်။ ကျွန်တော်လည်း ကူညီပေးပါတယ်။ ကျွန်တော့်ဆီကို ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံပါပဲ။ ဘာလိုလဲပေါ့။ တေးရေးကို အပ်ချင်လား။တေးရေး ကိုအပ်ချင်တယ်ဆိုရင် ကျွန်တော်တို့မှာခင်တဲ့ တေးရေးဆရာတွေရှိတယ်။ ရှေ့က တေးရေး ဆရာကြီးတွေလည်းရှိတယ်။ ဆက်သွယ်ပေးပါတယ်။ ကျွန်တော်တို့ကလည်း တောင်ကြီး ကစီနီယာဖြစ်တဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေတော့ ကူညီပေးပါတယ်။ ကျွန်တော်သူတို့ကို ပြောချင်တာကတော့ ဘယ်တော့မှ စိတ် မလျှော့ပါနဲ့လို့။ တစ်ချိန်ကျရင် ကိုယ့်အချိန်ဆိုတာ ရောက် လာဦးမှာပါပဲ။ ဘယ်တော့မှ စိတ်မလျှော့ပါနဲ့လို့ပေါ့” လို့ တောင်ကြီးကလူငယ်တွေအတွက် သအိုက အားပေးစကားပြော ခဲ့ပါတယ်။ သူ့အနေနဲ့လည်း လက်ရှိအချိန်မှာတော့ ဟန်ထွန်း၊ ဂျီလတ်၊ ဝေလတို့နဲ့အတူ မူလလေးဖြာဆိုတဲ့ အတွဲခွေထွက် ရှိထားပြီး တစ်ကိုယ်တော်အခွေကိုလည်း ဒီနှစ်ထဲမှာထွက်ရှိနိုင် အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here